Connect with us

China

မီလန် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လန်လန် ပါဝင်ဖျော်ဖြေမည်

၂၀၀၈ ခုနှစ် ပေကျင်းမြို့၌ ကျင်းပသော အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ လန်လန်နှင့် မိန်းကလေး လီမုကျီတို့ အတူတကွ တီးခတ်နေသည်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

မီလန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ် စန္ဒယားပညာရှင် လန်လန်သည် ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် မီလန် – ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ကမ္ဘာတစ်ဝန်းမှ ပရိသတ်များအတွက် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း မီလန် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

“လန်လန်ဟာ စန္ဒယားပညာရှင်တစ်ဦးပဲ မဟုတ်ပါဘူး။ သူဟာ မတူညီသော ယဉ်ကျေးမှု၊ မျိုးဆက်နှင့် ကမ္ဘာကြီးကို ချိတ်ဆက်ပေးတဲ့ ပေါင်းကူးတံတားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်မူထူးကဲတဲ့ စွမ်းရည်နဲ့ လူအများကို ဆွဲဆောင်နိုင်တဲ့ စင်မြင့်ပေါ်ကဆွဲဆောင်မှုအားတွေကြောင့် သူဟာ ဂန္ထဝင်ဂီတကို တစ်ကမ္ဘာလုံး နာမည်အကျော်ကြားဆုံး စင်မြင့်ထက်ထိ သယ်ဆောင်သွားခဲ့ကာ ၎င်းဂီတမှာ ရှင်သန်တက်ကြွမှု၊ ထိတွေ့နိုင်မှုနဲ့ ယနေ့ခေတ် အငွေ့အသက်များနဲ့ ပြည့်နှက်ကြိုင်လှိုင်စေခဲ့ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ သူ့ရဲ့စန္ဒယားသံက တစ်ကမ္ဘာလုံး တင်ဆက်ပြောကြားမှုများအတွက် ထုတ်ဖော်ပြောကြားပေးမှာဖြစ်ပြီး သံယောဇဉ်ခံစားချက်၊ ကြုံဆုံမှုနှင့် အံ့အားသင့်မှုတို့ကို ကမ္ဘာတစ်ဝန်း မျက်စိရှေ့မှောက်မှာ စုစည်းပေးသွားမှာဖြစ်ပါတယ်” ဟု မီလန် အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီကဆိုသည်။

လန်လန်အတွက် အိုလံပစ်အားကစားပြိုင်ပွဲ စင်မြင့်၌ ဖျော်ဖြေတင်ဆက်ရခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်လည်း ၎င်းက စန္ဒယားတီးခတ်သူ လူငယ်နှင့် အတူဖျော်ဖြေတင်ဆက်ခဲ့ဖူးသည်။
အီတလီနိုင်ငံ မီလန်မြို့ San Siro အားကစားကွင်း၌ ကျင်းပသွားမည့် ယခုအကြိမ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသည် “သဟဇာတဖြစ်မှု” ဟူသော ခေါင်းစဉ်ဖြင့် လူသားဆန်မှု၏ တန်ဖိုးကို အဓိကထား တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
郎朗将亮相米兰冬奥会开幕式
新华社米兰1月23日电 米兰冬奥组委消息,中国钢琴家郎朗将于2月6日在2026年米兰-科尔蒂纳冬奥会开幕式上为世界观众献上演出。
米兰冬奥组委表示:“郎朗不仅仅是一位钢琴家:他是连接不同文化、世代与世界的桥梁。凭借其非凡的才华和引人瞩目的舞台魅力,他将古典音乐带到了全球最负盛名的舞台上,使其充满活力、触手可及且极具当代气息。在奥运会开幕式上,他的琴声将为全球叙事发声,让情感、相遇与惊叹汇聚于世界眼前。”
对郎朗而言,在奥运舞台上演出并非首次。2008年北京奥运会开幕式上,他曾与钢琴少年同台演奏。
在米兰圣西罗体育场举行的本届冬奥会开幕式以“和谐”为主题,将注重展现人性的美好价值。(完)
图说:这是郎朗与小女孩李木子在2008年北京奥运会开幕式上演奏。新华社记者王建华摄