Connect with us

China

ရှီကျင့်ဖိန်က ဩစတြေးလျနိုင်ငံ အမျိုးသားနေ့အတွက် ဩစတြေးလျနိုင်ငံ ဘုရင်ခံချုပ် Samantha Mostyn ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၆ ရက်တွင် ဩစတြေးလျနိုင်ငံ ဘုရင်ခံချုပ် Samantha Mostyn ထံသို့ ဩစတြေးလျနိုင်ငံ အမျိုးသားနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်တစ်နှစ်အတွင်း တရုတ်-ဩစတြေးလျ ဆက်ဆံရေးသည် နှစ်ဖက်အတူတကွ ကြိုးပမ်းမှုအောက်တွင် စဉ်ဆက်မပြတ် ကောင်းမွန်စွာ တိုးတက်လာခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဩစတြေးလျ ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ ဩစတြေးလျဘက်နှင့်အတူ ပိုမိုရင့်ကျက်တည်ငြိမ်သော၊ ပိုမိုရလဒ်ကြွယ်ဝသော တရုတ်-ဩစတြေးလျ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ထောက်ပြခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平就澳大利亚国庆向澳总督莫斯廷致贺电
新华社北京1月26日电 1月26日,国家主席习近平向澳大利亚总督莫斯廷致电,祝贺澳大利亚国庆。
习近平指出,过去一年,在双方共同努力下,中澳关系持续向好发展,给两国人民带来实实在在的利益。中方高度重视中澳关系发展,愿同澳方一道努力,构建更加成熟稳定、更加富有成果的中澳全面战略伙伴关系。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.