China
ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး ရထားလမ်း အချက်ပြလုပ်ငန်းဇုန်သို့ သွားရောက်ခြင်း
လားဆ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
ပင်လယ်ရေမျက်နှာပြင် ၄၈၈၆ မီတာရှိ ကျားကြားဇန့်ပု အချက်ပြလုပ်ငန်းဇုန်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ အန်းတောခရိုင် ကန်နီမြို့နယ်၌ တည်ရှိပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး ရထားလမ်း အချက်ပြလုပ်ငန်းဇုန်ဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး လေပြင်းထန်စွာတိုက်ခတ်ပြီး အရိုးခိုက်အောင်ပင် အေးခဲကာ ဆောင်းရာသီတွင် အပူချိန်သည် မကြာခဏ အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ်အောက် ကျဆင်းသွားလေ့ရှိသည်။
အဆိုပါလုပ်ငန်းဇုန်ကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးသည့်အချိန်မှစ၍ ထန်ကူလားတောင်ပိုင်း၊ ကျားကြားဇန့်ပု၊ ရွဲချာမာ ဟူသည့် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော ဘူတာသုံးခု၏ အချက်ပြစက်ပစ္စည်း ပုံမှန်ထိန်းသိမ်းရေးနှင့် ချို့ယွင်းမှု ကိုင်တွယ်စီမံရေးတို့ကို တာဝန်ယူရသည်။
ဟန့်လူမျိုး၊ ဇန့်လူမျိုး၊ မွန်ဂိုလီးယားလူမျိုး စသည့် တိုင်းရင်းသားလူမျိုးစုများမှ လူငယ်ဝန်ထမ်း ၁၀ ဦးသည် ထိုနေရာတွင် အခြေချ၍ တာဝန်များကို ခိုင်မာစွာ ထမ်းဆောင်လျက်ရှိသည်။ ၎င်းတို့၏ ပျမ်းမျှအသက်သည် ၃၂ နှစ်ပင်မပြည့်ဘဲ အသက်အကြီးဆုံးမှာ ၃၇ နှစ်ရှိပြီး အငယ်ဆုံးမှာ ၂၆ နှစ်သာရှိသည်။ အဆိုပါလူငယ်များသည် ဆိုးရွားသော သဘာဝပတ်ဝန်းကျင်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသော်လည်း အစဉ်အမြဲအကောင်းမြင်သော၊ တိုးတက်လိုသော အနေအထားဖြင့် လုပ်ငန်းဌာနတွင် စောင့်ထိန်းကာ များစွာတာဝန်ယူမှုနှင့် တာဝန်သိမှုဖြင့် မကြာမီကျရောက်တော့မည့် နွေဦးပွဲတော် ခရီးသွားလာမှုအတွက် လုံခြုံရေးကာကွယ်ရေးမျဉ်းအား ခိုင်မြဲစွာတည်ဆောက်ပေးလျက် ရထားလမ်းအဆင်ပြေချောမွေ့စွာ ပြေးဆွဲမှုကို စောင့်ရှောက်ပေးကာ မိသားစုပေါင်းထောင်သောင်းချီ၏ ပြန်လည်ဆုံစည်းမှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ကာကွယ်ဆောင်ရွက်ပေးလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ အန်းတောခရိုင် ကန်နီမြို့နယ်ရှိ ကျားကြားဇန့်ပု အချက်ပြမလုပ်ငန်းဇုန်တွင် ဝန်ထမ်း ကယ်လဲ့က ရထားလမ်း ဝါယာကြိုးသေတ္တာဖြင့် ကြိုးချိတ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ အန်းတောခရိုင် ကန်နီမြို့နယ်ရှိ ကျားကြားဇန့်ပုအချက်ပြ လုပ်ငန်းဇုန် စခန်းအတွင်း၌ ဝန်ထမ်းများက စုစည်းစောင့်ကြည့်တိုင်းတာမှုအား စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
探访世界海拔最高的铁路信号工区
新华社照片,拉萨,2026年1月25日
海拔4886米的扎加藏布信号工区,坐落于西藏那曲市安多县岗尼乡,是世界上海拔最高的铁路信号工区。这里常年朔风凛冽、酷寒彻骨,冬季气温常跌至零下30℃以下。
自2018年组建以来,工区负责唐古拉南、扎加藏布、雪查玛三座高海拔车站的信号设备日常维护和故障处理。来自汉族、藏族、蒙古族等民族的10名青年职工在此扎根坚守,他们平均年龄不足32岁,最大37岁、最小仅26岁。这群年轻人直面极端恶劣的自然环境,始终以乐观向上的姿态坚守岗位,以高度的责任与担当,为即将到来的春运筑牢安全防线,守护铁路畅通,护航万家团圆与平安。
1、1月23日,扎加藏布信号工区各作业小组前往作业地点。 新华社记者 旦增尼玛曲珠 摄
2、1月23日,扎加藏布信号工区信号工成格乐在整治轨道电路箱盒引接线。新华社记者 旦增尼玛曲珠 摄
3、1月24日,扎加藏布信号工区信号工在扎加藏布站调阅集中监测。新华社记者 旦增尼玛曲珠 摄
