China
ဟန်ကျိန့်နှင့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူး Hissein Brahim Taha တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူး Hissein Brahim Taha တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇန်နဝါရီ ၂၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟန်ကျိန့်က တရုတ်နိုင်ငံနှင့် အစ္စလာမ်မစ်နိုင်ငံများ၏ ဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်ပြီး တရုတ်ယဉ်ကျေးမှုနှင့် အစ္စလာမ်မစ် ယဉ်ကျေးမှုသည်လည်း ကာလကြာရှည်စွာ အပြန်အလှန် လေ့လာဖလှယ်ခဲ့ကြကြောင်း၊ OIC သည် တရုတ်နိုင်ငံက အစ္စလာမ်မစ်နိုင်ငံများနှင့် ဆက်ဆံရေး ဖော်ဆောင်သည့် အရေးကြီး ပေါင်းကူးတံတားဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ၁၅ ကြိမ်မြောက် OIC အကြီးအကဲများ အစည်းအဝေး တက်ရောက်ရန် သမ္မတ ရှီကျင့်ဖိန်က ပထမဆုံးအကြိမ်အဖြစ် အထူးကိုယ်စားလှယ် စေလွှတ်ခဲ့ပြီး အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ရာ တရုတ်နိုင်ငံနှင့် OIC ဆက်ဆံရေးသည် အဆင့်သစ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော် OIC အထွေထွေအတွင်းရေးမှူးက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖော်ဆောင်မှုအား အလေးထားခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ အစ္စလာမ်မစ်နိုင်ငံများက ထိုင်ဝမ်၊ ရှင်းကျန်း စသည့် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် အရေးကိစ္စများတွင် ဆက်လက်ပြီး တရုတ်နိုင်ငံအား ခိုင်မြဲစွာ ထောက်ခံအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Hissein Brahim Taha က OIC အနေဖြင့် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် အစ္စလာမ်မစ်နိုင်ငံများ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်လာမှုကို များစွာ အလေးထား၍ ဦးဆောင်ခြင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် စံနမူနာပြလိုက်ကြောင်း၊ OIC အနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်စုံထောင့်စုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဖော်ဆောင်ပြီး ထိုင်ဝမ်၊ ရှင်းကျန်း အရေးကိစ္စများတွင် တရုတ်နိုင်ငံအား ဆက်လက်၍ ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
韩正会见伊斯兰合作组织秘书长塔哈
新华社北京1月26日电 1月26日,国家副主席韩正在北京会见伊斯兰合作组织秘书长塔哈。
韩正表示,中国同伊斯兰国家关系源远流长,中华文明同伊斯兰文明长期交流互鉴。伊合组织是中国发展同伊斯兰国家关系的重要桥梁。2024年,习近平主席首次委派特别代表出席伊合组织第15届首脑会议并向会议致贺电,引领中国同伊合组织关系发展进入新阶段。中方赞赏伊合组织和秘书长先生重视发展对华关系,希望伊斯兰国家继续在台湾、涉疆等涉及中国核心利益问题上坚定支持中方。
塔哈表示,伊合组织由衷感谢习近平主席高度重视和引领中国同伊斯兰国家友好关系深入发展,中国的发展为全球南方树立了榜样。伊合组织愿深化同中国全方位务实合作,将继续在台湾、涉疆问题上坚定支持中方。(完)
图说:1月26日,国家副主席韩正在北京会见伊斯兰合作组织秘书长塔哈。 新华社记者 刘卫兵 摄
