Connect with us

China

ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi ၏ တရုတ်နိုင်ငံခရီးစဉ် သက်ဆိုင်ရာစီစဉ်ထားရှိမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား

ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုမြို့ရှိ လွတ်လပ်ရေးရင်ပြင်တွင် အများပြည်သူအား မိန့်ခွန်းပြောကြားလျက်ရှိသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi အား ၂၀၂၅ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဥရုဂွေး အရှေ့တိုင်း သမ္မတနိုင်ငံ သမ္မတ Yamandu Orsi သည် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဥ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာအခြေအနေအား မိတ်ဆက်ပြောကြားခဲ့သည်။

ကောကျားခွန်းက ယင်းသည် သမ္မတ Yamandu Orsi က တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Yamandu Orsi တို့ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး တရုတ်-ဥရုဂွေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်မှု တွန်းအားပေးရေးနှင့် အတူတကွ ဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် သဘောထားအမြင်ချင်း ဖလှယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ အကြီးအကဲတွေရဲ့ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်မှာ ယခုအကြိမ်ခရီးစဉ်က တရုတ်-ဥရုဂွေး ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစွာတိုးတက်ရေးကို တွန်းအားပေးရန်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်သွားရန် မျှော်လင့်နေသလို ယုံကြည်နေပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部介绍乌拉圭总统奥尔西访华有关安排
新华社北京1月26日电(记者邵艺博、朱超)应国家主席习近平邀请,乌拉圭东岸共和国总统奥尔西将于2月1日至7日对中国进行国事访问。外交部发言人郭嘉昆26日在例行记者会上介绍了有关情况。
郭嘉昆说,这是奥尔西总统首次对中国进行国事访问。访问期间,习近平主席将同奥尔西总统举行会谈,就深化中乌全面战略伙伴关系,推进高质量共建“一带一路”,以及共同关心的国际和地区问题深入交换意见。
郭嘉昆说:“期待并相信在两国元首战略引领下,此访将为推动中乌全面战略伙伴关系进一步深入发展发挥积极作用。”(完)
图说:2025年3月1日,乌拉圭新总统奥尔西在蒙得维的亚的独立广场向公众发表演讲。新华社记者 张铎 摄