China
ကူမင်း တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်တွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုတို့ ပေါင်းစပ်ခြင်းဖြင့် ဈေးဟောင်းကို အားအင်သစ်များဖြင့် သစ်လွင်စေ
ကူမင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
နံနက်ခင်းချိန်ခါတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်တွင် လူများသွားလာမှုဖြင့် စည်ကားလျက်ရှိသည်။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ တစ်မူထူးခြားသော သွားရည်စာများ အမျိုး စုံစုံလင်လင်ရှိနေသလို နို့ခြောက်ပြားကင်၏ သင်းရနံ့၊ လက်ဖျော်ကော်ဖီ၏ မွှေ့ပျံ့သောသင်းရနံ့များက လမ်းတစ်လျှောက် ပျံ့လွင့်နေသည်။ ဆိုင်ရှင်များ၏ အော်ဟစ်ရောင်းချသံများနှင့် ခရီးသွားဧည့်သည်များ၏ မေးမြန်းသောစကားသံများက တေးသွားအလား ရောယှက်လျက်ရှိသည်။
တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်သည် ကူမင်းမြို့ အဓိကမြို့ပြဧရိယာအတွင်း၌ တည်ရှိပြီး ဧရိယာမှာ တရုတ်မူ (Mu) ၂၀ ခန့်ရှိသည်။
“ကျွန်မက ဒီနေရာမှာ နေတာ နှစ် ၂၀ ကျော်ရှိပြီ၊ ဒီမှာဟင်းဝယ်ရတာ အသားကျနေပြီ” ဟု အနီးတစ်ဝိုက်တွင် နေထိုင်သော လျိုရှန်းဖန်းက ဆိုသည်။ ဈေးထဲတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ဝယ်ယူနိုင်သည်သာမက ဖူအယ်လက်ဖက်ခြောက်၊ ရွှမ်းဝေးဝက်ပေါင်ခြောက် စသည့် ယူနန်ဒေသထွက်ကုန်များလည်း စုံစုံလင်လင် ရရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လမ်းတစ်လျှောက် လျှောက်လှမ်းသွားမည်ဆိုပါက ယူနန်၏ သစ်သီးဝလံ၊ လတ်လတ်ဆတ်ဆတ် ခူးဆွတ်လှီးဖြတ်ထားသောပန်းများ၊ ဒေသအထူးသွားရည်စာများကို အမျိုးအစားစုံလင်စွာ တွေ့မြင်နိုင်သည်။ ယူနန်ဒေသထူးခြားချက်ကို ပေါင်းစည်းအနှစ်ချုပ်ထားသော အဆိုပါ အထွေထွေဈေးကြီးသည် ခရီးသွားဧည့်သည်များစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
“ကြည့်လို့ကောင်းတယ်၊ စားလို့ကောင်းတယ်၊ လည်လို့ကောင်းတယ်” ဟူသော စကားသုံးခွန်းဖြင့် ကူမင်း၌ ခေတ္တခရီးသွားနေထိုင်လျက်ရှိသည့် ခရီးသွားဧည့်သည် ကျန်းရှောက်က ၎င်း၏ ဟင်းသီးဟင်းရွက်ဈေးသို့ လာရောက်သည့်ခရီးစဉ်ကို ကောက်ချက်ချလိုက်သည်။
ဈေးအတွင်း၌ မြို့သူ၊ မြို့သားများနှင့် ခရီးသွားဧည့်သည်များက ယူနန်ဒေသအသီးသီး၏ ရသာမွန် စားသောက်ဖွယ်ရာများကို မြည်းစမ်းနိုင်သည်သာမက တောသဘာဝအထူးစားသုံးဖွယ်များကိုလည်း သိရှိလာနိုင်ကာ ယူနန်ထူးခြားချက်ရှိသော မြို့ပြလူနေမှုဘဝ အငွေ့အသက်ကို ကိုယ်တိုင်ခံစားနိုင်ပေသည်။
ဈေးဆိုင်ရှင် ရှောင်းထျန်းဟွာက ဈေးအတွင်း၌ တော၌အလေ့ကျပေါက်သည့်ဟင်းသီးဟင်းရွက်များ ရောင်းချသည့် ဆိုင်ခန်းတစ်ခန်း ဖွင့်လှစ်ထားသည်။ Typha latifolia ၊ ကျင်းချွဲ့ဟွား စသည့် ရာသီတောပန်း၊ တောဟင်းရွက်များကို ဆိုင်ခန်းရှေ့တွင် အိတ်များဖြင့် စီစီရီရီထည့်ထားသည်။ ၎င်း၏အမျိုးသားသည် ပုံမှန်အားဖြင့် ယူနန်ပြည်နယ် ဖူအယ်၊ ရှစ်ဆောင်ပဏ္ဏား စသည့်ဒေသများ၌ စားသောက်ကုန် ဝယ်ယူပြီး ၎င်းကမူ ဆိုင်ခန်းစောင့်ကာ ယူနန်၏ တောဓလေ့အရသာများကို စားသုံးသူများအတွက် သယ်ဆောင်ပေးလျက်ရှိသည်။
“ကျင်းချွဲ့ဟွား ကြက်ဥကြော်၊ Typha latifolia ဟင်းရည်ပြုတ်တွေက ယူနန်သားတွေ စားတဲ့နည်းပဲ” ဟု ရှောင်းထျန်းဟွာက အလေးချိန်ချိန်ရင်း ခရီးသွားဧည့်သည်များကို မိတ်ဆက်ပြောကြားခဲ့သည်။ ဆိုင်ခန်းတွင် ရပ်ကွက်ထဲမှ ဝယ်နေကျဖောက်သည်များ လာရောက်ဝယ်ယူသည်သာမက ခရီးသွားဧည့်သည်အချို့ကလည်း စားသုံးနည်းမေးမြန်းပြီး တောဟင်းရွက်အချို့ဝယ်ကာ မြည်းစမ်းလေ့ရှိကြောင်း ရှောင်းထျန်းဟွာက ဆိုသည်။
တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ် စီမံခန့်ခွဲသည့်ဘက်မှ စစ်တမ်းကောက်ယူချက်အရ လက်ရှိတွင်ဈေးအတွင်း နေ့စဉ်ပျမ်းမျှလာရောက်သည့်ဧည့်သည်ပမာဏသည် အကြိမ်ရေ ၅၀,၀၀၀ တွင် ပုံမှန်ရှိနေပြီး ပွဲတော်အားလပ်ရက် အထွတ်အထိပ်ကာလတွင် အကြိမ်ရေ ၁၀၀,၀၀၀ အထိရှိနိုင်ကာ ယင်းအနက် အများစုမှာ အခြားဒေသမှ ခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရသည်။
ခရီးသွားလာရန် ရေပန်းစားလာမှု တိုးတက်လာခြင်း၏ နောက်ကွယ်တွင် ဟင်းသီးဟင်းရွက်ဈေး၏ တိကျစွာ အသွင်ပြောင်း အဆင့်မြှင့်တင်မှုကြောင့်ဖြစ်သည်။
“ကျွန်တော်တို့က သမားရိုးကျဈေးနေရာကို အဆင့်မြှင့်တင်လိုက်ပြီး မြို့သူ၊ မြို့သားနဲ့ ခရီးသွားဧည့်သည်တွေရဲ့ စားသုံးမှုလိုအပ်ချက်အသစ်နဲ့ လိုက်လျောညီထွေမှုရှိအောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်၏ အမှတ်တံဆိပ်လည်ပတ်မှု တာဝန်ခံ လုကွမ်းဖူက ဆိုသည်။ ထိုဈေးသည် အကြိမ်များစွာ ပြင်ဆင်မှုလုပ်ဆောင်ခဲ့ရာ ဟင်းသီးဟင်းရွက်ဈေးဟူသည့် လူနေမှုဘဝ အခြေခံလက္ခဏာကို ထိန်းသိမ်းထားသည့်အပြင် ယူနန်ဓလေ့များကို တစ်စုတစ်စည်းတည်း ပြသသည့် ရှုခင်းသာအဖြစ်လည်း ဖန်တီးထားသောကြောင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုပေါင်းစပ်ခြင်းသည် စားသုံးမှုအား လှုံ့ဆော်သည့် စွမ်းအားသစ် ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ဈေး၏ဒုတိယအဆင့်စီမံကိန်း လုပ်ဆောင်ပြီးခဲ့ရာ အခြေခံအဆောက်အဦများကို ဘက်စုံအဆင့်မြှင့်တင်လိုက်သည့် တစ်ချိန်တည်းတွင် ဈေးထဲ၌ “အမျိုးအစားအရ ဇုန်ခွဲခြင်း + နေရာအရ ပူးတွဲလုပ်ဆောင်ခြင်း” အခြေခံမူဖြင့် ခင်းကျင်းနေရာချထားမှုကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပြီး အသားငါးဟင်းသီးဟင်းရွက် ရောင်းဝယ်မှု၊ ဒေသထွက်ထုတ်ကုန် စသည့်ဇုန်အလိုက် အမျိုးအစား ခွဲလိုက်သောကြောင့် လုပ်ငန်းလည်ပတ်မှုနေရာကို ပိုမိုစည်းစနစ်ကျသွားစေသလို လုပ်ငန်းလုပ်ဆောင်မှု အခြေအနေလည်း ပိုမိုကြွယ်ဝလာခဲ့သည်။
ပန်းမုန့်ဆိုင်တစ်ဆိုင်၌ ဆိုင်ရှင် ဖုချန်သည် ဒေသထွက် နှင်းဆီပန်း၊ စံပယ်ပန်း စသည်တို့ဖြင့် ထူးခြားချက်ရှိသော ပန်းမုန့်များပြုလုပ်ထားသည်။ “အခု တစ်နေ့ကို အခုရေ လေးရာ ငါးရာ ရောင်းရတယ်။ ခရီးသွား တော်တော်များများကလည်း မြည်းစမ်းပြီးရင် မုန့်ဘူးနည်းနည်းဝယ်သွားကြတယ်။ အွန်လိုင်းအမှာစာကလည်း အဆက်မပြတ်ပဲ” ဟု ဖုချန်က ဆိုသည်။ ဈေးအားအဆင့်မြှင့်တင်ပြီးနောက် ဈေးဝယ်မှုပတ်ဝန်းကျင် ပိုမိုသပ်ရပ်လာပြီး ဝယ်ယူသွားလာမှု ပိုမိုများလာကာ လုပ်ငန်းလုပ်ဆောင်မှုလည်း ပိုမိုကောင်းမွန်လာသည်ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေး၌ အခြေစိုက်ရောင်းချသူ ဆိုင်ရှင် ၆၀၀ ကျော် ရှိနေပြီဖြစ်ပြီး စားသောက်ခြင်း၊ ဈေးဝယ်ခြင်း၊ ယဉ်ကျေးမှု စသည့် အမျိုးစုံလင်သော လုပ်ငန်းအခြေအနေများကို ပေါင်းစပ်ထားရာ စိုက်ပျိုးရေးဆက်စပ်ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်နေရာမှ ယဉ်ကျေးမှုခံစားချက်၊ အပန်းဖြေဖျော်ဖြေခြင်းတို့အား တစ်သားတည်းပေါင်းစည်းထားသည့် အထွေထွေစားသုံးမှုနေရာအဖြစ် ပြောင်းလဲလာပြီဖြစ်သည်။
“ယဉ်ကျေးမှု ခရီးသွားလာရေးခံစားချက်အား တစ်ဆင့်တိုးမြှင့်တင်ရန်အတွက် ဈေးမှာ လုပ်ငန်းအခြေအနေကို အဆက်မပြတ် အဆင့်မြှင့်တင်ပြီး ထူးခြားချက်ရှိတဲ့ လည်ပတ်နည်းကိုလည်း ဖန်တီးလိုက်ပါတယ်” ဟု လုကွမ်းဖူက ဆိုသည်။
၎င်းဈေးနှင့် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်က သုတေသနသင်ကြားရေး ဝန်ဆောင်မှုစခန်း ပူးပေါင်းထူထောင်ပြီး ဈေးအား လက်တွေ့မြင်ကွင်းစာသင်ခန်းအဖြစ် ပြောင်းလဲဖန်တီးလိုက်ကြောင်း၊ ရပ်ရွာလမ်းမရုံးခန်းနှင့် ပူးပေါင်း၍ Citywalk လမ်းကြောင်းများ မိတ်ဆက်ခဲ့သဖြင့် ဟင်းသီးဟင်းရွက်ဈေးနှင့် မြို့ပြယဉ်ကျေးမှု ခရီးသွားလာရေး အထင်ကရနေရာများ ပူးတွဲလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့အားဖြင့် ခရီးသွားဧည့်သည်များက စားသောက်လည်ပတ်ရင်း ကူမင်းမြို့၏ လူမှုယဉ်ကျေးမှုဓလေ့များကို ခံစားရစေကြောင်း ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်တွင် အွန်လိုင်းပေါ် ရေပန်းစားသော စားသောက်ဖွယ်အား တန်းစီ၍ ဝယ်ယူနေသော ခရီးသွားဧည့်သည်များကို တွေ့မြင်ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
人文经济激活消费新动能|昆明大观篆新农贸市场:文旅融合焕新老市集
新华社昆明1月26日电 题:昆明大观篆新农贸市场:文旅融合焕新老市集 新华社记者熊轩昂
清晨,云南省昆明市大观篆新农贸市场内人流熙攘。新鲜蔬果、风味小吃琳琅满目,烤乳扇的奶香、手冲咖啡的醇香漫过街巷,摊主的吆喝声、游客的问询声交织成曲。
大观篆新农贸市场位于昆明主城区,占地面积约20亩。“我在这里住了20多年,习惯在这里买菜。”家住附近的刘先芬说,市场里不仅能买到当季的蔬菜水果,普洱茶、宣威火腿等云南特产也一应俱全。
沿街巷步行,云南的水果、鲜切花、特色风味小吃等纷呈。这个浓缩了云南本土特色的综合性市集,也吸引了很多游客。“好看、好吃、好玩!”在昆明旅居的游客张笑用六个字总结她的菜市场之旅。
在市场内,市民游客不仅能品尝到云南各地美食,还能认识山野间的特色食材,沉浸式感受云南特色的市井烟火。
商户肖天华在市场里经营了一家野菜摊位,刚上市的草芽、金雀花等时令野花、野菜在摊位前码放成袋。她的丈夫常年在普洱、西双版纳等地采购食材,自己则守着摊位,把云南的山野风味带给食客。
“金雀花炒鸡蛋、草芽煮汤,都是云南人的吃法。”肖天华一边称重,一边向游客介绍。肖天华说,摊位不仅有老街坊光顾,还有不少游客来询问食用方法,买一些野菜尝鲜。
据大观篆新农贸市场管理方统计,目前市场日均客流量稳定在5万人次,节假日峰值可达10万人次,其中近半数为外地游客。
旅游热度持续上升的背后,是农贸市场的精准转型升级。“我们将传统市井空间升级,适配市民游客的新消费需求。”大观篆新农贸市场品牌运营负责人陆光福介绍,市场历经多次改造,既守住农贸市场的民生底色,又打造集中展示云南风物的景区,让文旅融合成为激活消费的新动能。
2025年8月,市场二期项目完工,基础设施全面提升的同时,市场按照“品类分区+场景联动”原则优化空间布局,分类设置生鲜交易、本地特产等区域,让经营空间更规范、业态更丰富。
在一家鲜花饼店里,店主付强将本地的玫瑰花、茉莉花等制作成各具特色的鲜花饼。“现在一天能卖四五百个,很多游客尝过就带几盒走,线上订单也源源不断。”付强说,市场完成升级后,购物环境更整洁,客流越来越大,生意也更红火了。
目前,大观篆新农贸市场已有600余家商户入驻,融合了餐饮、购物、文化等多元业态,从售卖农副产品的场所,转变为集文化体验、休闲娱乐于一体的综合消费空间。
“为进一步丰富文旅体验,市场还持续升级业态、打造特色玩法。”陆光福介绍,市场与云南农业大学合作设立研学服务站,将市集打造成实景课堂;联合街道办事处推出Citywalk路线,把农贸市场与城市文旅地标联动,让游客在逛吃之余,感受昆明的人文风情。(完)
1、大观篆新农贸市场内一景。新华社记者熊轩昂 摄
2、游客在昆明市大观篆新农贸市场排队购买“网红小吃”。新华社记者江文耀 摄
