Connect with us

China

ကူမင်းဈေးဟောင်းက ယူနန်ဓလေ့အား ကိုယ်တွေ့ခံစားခြင်း

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့်ဈေးသစ်အတွင်း လည်ပတ်ဈေးဝယ်နေကြသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တာ့ကွမ်းကျွမ့်ဈေးသစ်သည် တရုတ်နိုင်ငံ ကူမင်းမြို့၏ အဓိကမြို့ပြဧရိယာတွင် တည်ရှိရာ အကျယ်အဝန်းအားဖြင့် မူ (Mu) ၂၀ ခန့် ရှိသည်။ ဤနေရာတွင် သမားရိုးကျ အရပ်ဈေး၏ လူမှုဘဝကဏ္ဍ လုပ်ဆောင်ချက်အား ထိန်းသိမ်းထားမှုကို အခြေခံထားပြီး ယဉ်ကျေးမှုခရီးသွားကဏ္ဍပေါင်းစပ်ခြင်းမှတစ်ဆင့် ယဉ်ကျေးမှုကိုယ်တွေ့ခံစားမှု၊ ရသာမွန်စားသုံးမှုနှင့် အပန်းဖြေဖျော်ဖြေပွဲများကို တစ်သားတည်း စုစည်းထားသည့် ကဏ္ဍစုံလင်သောနေရာအဖြစ် အသွင်ပြောင်းလာရာ ယူနန်ယဉ်ကျေးမှုဓလေ့ကို ပြသသည့် သက်ဝင်လှုပ်ရှားသော ပြတင်းပေါက် ဖြစ်လာခဲ့သည်။
ခရီးသွားဧည့်သည်များသည် ဒေသန္တရယူနန်အရသာစစ်ကို မြည်းစမ်းကြည့်ခြင်း၊ ဒေသထွက်ရသာမွန် အထူးအစားအစာများကို သိရှိနိုင်ခြင်းသာမက ယူနန်၏ မြို့ပြလူနေမှုအငွေ့အသက်များကိုပါ ထဲထဲဝင်ဝင် ခံစားသိရှိနိုင်ပေသည်။ လက်ရှိယင်းဈေးကြီးတွင် ရောင်းချသူစုစုပေါင်း ၆၀၀ ကျော် ရှိပြီး နေ့စဉ် ပျမ်းမျှ ခရီးသွားဧည့်သည် စီးဆင်းမှုပမာဏသည် အကြိမ်ရေအားဖြင့် ၅ သောင်းခန့် ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့်ဈေးသစ်တွင် ဈေးသည်တစ်ဦးက ဟင်းသီးဟင်းရွက်များ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့်ဈေးသစ်အတွင်း လည်ပတ်ဈေးဝယ်နေကြသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့်ဈေးသစ်တွင် ယူနန်ဒေသထွက်စားသောက်ကုန်များအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့်ဈေးသစ်တွင် ဈေးသည်တစ်ဦးက တုတ်ထိုးပုံစံ နှပ်ထားသောအသားများ ရောင်းချနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
去昆明老菜场体验云南风情
新华社照片,昆明,2026年1月27日
大观篆新农贸市场位于昆明主城区,占地面积约20亩。这里在保留传统农贸市场民生功能的基础上,通过文旅融合,转型为集文化体验、美食消费与休闲娱乐于一体的多元空间,并成为展示云南风物的活态窗口。游客不仅能品尝地道滇味、了解特色食材,还可深度感受云南浓郁的市井烟火气。目前市场共有600余家商户,日均客流量约5万人次。
1. 1月27日,人们在昆明大观篆新农贸市场内游览、购物。 新华社记者 陈欣波 摄
2. 1月27日,在昆明大观篆新农贸市场,摊主在整理蔬菜。新华社记者 陈欣波 摄
3. 1月27日,人们在昆明大观篆新农贸市场内游览、购物。新华社记者 陈欣波 摄
4. 这是1月27日在昆明大观篆新农贸市场内拍摄的云南特色食材。新华社记者 陈欣波 摄
5. 1月27日,一名摊主在昆明大观篆新农贸市场内售卖卤味。新华社记者 陈欣波 摄