Connect with us

China

ရေခဲဆီးနှင်းကမ္ဘာတွင် အပင်အရောင်ဆေးဆိုးထားသော ရောင်စုံရေခဲများ ပေါ်ထွက်လာ

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ၂၇ ကြိမ်မြောက် ရေခဲဆီးနှင်းကမ္ဘာဥယျာဉ်တွင် အပင်အရောင်ဆေးဆိုးထားသော ရေခဲရုပ်တု ထုလုပ်နေသည့် ရေခဲပန်းပုဆရာများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ၂၇ ကြိမ်မြောက် ရေခဲဆီးနှင်းကမ္ဘာဥယျာဉ်၌ ရေခဲပန်းပုဆရာများက ဇန်နဝါရီ ၂၈ ရက်တွင် အပင်အရောင်ဆိုးထားသော ရောင်စုံရေခဲများဖြင့် ပန်းပုထွင်းဖန်တီးမှု လုပ်ဆောင်ခဲ့ရာ ရေခဲပန်းပုထွင်းအနုပညာအတွက် ဆန်းသစ်သော အမြင်အာရုံခံစားချက်များ သယ်ဆောင်လာပေးခဲ့သည်။

အပင်အရောင်ဆိုးထားသော ရောင်စုံရေခဲများကို ဟားအယ်ပင်း ရေခဲဆီးနှင်းကမ္ဘာ၊ အရှေ့မြောက်ပိုင်း သစ်တောတက္ကသိုလ်နှင့် ဟားအယ်ပင်း ဆရာအတတ်သင်တက္ကသိုလ်တို့မှ ပူးတွဲသုတေသန ဖော်ဆောင်ထားခြင်းဖြစ်သည်။ အဆိုပါရေခဲအတွက် သစ်သားမှုန့်၊ သစ်ရွက်၊ ပန်းမန်မြက်ပင် စသည်တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြုကာ ၎င်းတို့အနက်မှ အပင်အရောင်ဓာတ်များခွဲထုတ်ကာ အထူးနည်းပညာဖြင့် စီမံပြီးနောက် အေးခဲအချောကိုင်ရရှိထားကာ နောက်ဆုံးတွင် အရောင်အသွေးစုံလင်သော ရေခဲတုံးများအဖြစ် ပုံပေါ်လာခြင်းဖြစ်သည်။

အပင်အရောင်ဆိုးထားသော ရောင်စုံရေခဲများ၏ အရောင်အသွေးသည် နွေးထွေးနူးညံ့ပြီး ကောင်းမွန်စွာ အရောင်ကို ထိန်းထားနိုင်သဖြင့် ရှုခင်းအဖြစ် ရှုစားနိုင်ရန် ရလဒ်လည်း တည်ငြိမ်ကြာရှည်ပေသည်။ လာမည့်နှစ် နွေဦးရာသီတွင် ရေခဲဆီးနှင်းများ စတင်အရည်ပျော်ချိန်တွင် ရောင်စုံရေခဲများကလည်း သဘာဝအတိုင်း အရည်ပျော်သွားမည်ဖြစ်ပြီး “ဝန်ထုပ်ဝန်ပိုးကင်းစင်စွာ” ဖြင့် သဘာဝဂေဟစနစ်အတွင်း ပေါင်းစည်းသွားမည်ဖြစ်ပေသည်။ (Xinhua)

—————–
(Chinese Version)
植物彩色冰现身冰雪大世界
新华社照片,哈尔滨,2026年1月28日
1月28日,第二十七届哈尔滨冰雪大世界的冰雕师使用植物彩色冰进行雕刻创作,为冰雕艺术带来崭新的视觉体验。
植物彩色冰由哈尔滨冰雪大世界、东北林业大学和哈尔滨师范大学联合研发,以木粉、树叶、花草等为原料,从中分离出植物色素,经特殊工艺处理后再经冷冻加工制备而成,最终形成色彩斑斓的冰块。 植物彩色冰色泽温暖柔和,具有良好的保色性,观赏效果持久稳定。待来年春季冰雪消融后,彩色冰将自然降解,实现“零负担”融入自然生态系统。
1、1月28日,冰雕师在第二十七届哈尔滨冰雪大世界园区雕刻植物彩色冰雕。 新华社记者 王松 摄
2、1月28日,冰雕师在第二十七届哈尔滨冰雪大世界园区展示植物彩色冰雕。新华社记者 王松 摄