Connect with us

China

တရုတ်နိုင်ငံကို ဟန့်တားဝန်းရံပိတ်ဆို့သည့် ကြံစည်ကြိုးပမ်းမှုမှန်သမျှ အောင်မြင်မည်မဟုတ်ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကို ဟန့်တားဝန်းရံပိတ်ဆို့သည့် ကြံစည်ကြိုးပမ်းမှုမှန်သမျှ အောင်မြင်မည်မဟုတ်ကြောင်း၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကသာ တရုတ်-အမေရိကန်၏ မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက ဇန်နဝါရီ ၂၉ ရက်က ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် အမျိုးသားကာကွယ်ရေးမဟာဗျူဟာ အစီအရင်ခံစာကို ထုတ်ပြန်ခဲ့ရာ အာရှ-ပစိဖိတ်၌ “ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သည့် အင်အားဖြင့်” တရုတ်နိုင်ငံကို ဟန့်တားသွားရန်၊ တရုတ်စစ်တပ်နှင့် ကျယ်ကျယ်ပြန့်ပြန့်ဖလှယ်၍ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာတည်ငြိမ်မှုကို အာမခံရန်၊ “တင့်တယ်သည့် ငြိမ်းချမ်းရေး” ကို ရှာဖွေရန်၊ တစ်ချိန်တည်းတွင်ပင် ဒေသတွင်း စစ်အင်အားဟန်ချက်ညီမှုကို အာမခံရန် ပထမကျွန်းစုတန်း (First island chain) တွင် ဟန့်တားနိုင်သည့် ကာကွယ်ရေးစနစ်တစ်ခု တည်ဆောက်သွားရန် အဆိုပြုခဲ့သည်ဟု သတင်းများအရ သိရှိရကြောင်း၊ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကို တောင်တန်းက တားဆီးလို့မရပါဘူး” ၊ တရုတ်နိုင်ငံကို ဟန့်တားဝန်းရံပိတ်ဆို့သည့် ကြံစည်ကြိုးပမ်းမှုမှန်သမျှ အောင်မြင်မည်မဟုတ်ဘဲ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကသာ တရုတ်-အမေရိကန်၏ မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်း ဖြစ်ကြောင်း အဖြစ်မှန်များက သက်သေပြပြီးဖြစ်ကြောင်း ဟု ကျန်ပင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိသလို တစ်ချိန်တည်းတွင်ပင် မိမိ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအပေါ် အမေရိကန်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျကျသိမြင်ရန်၊ ပဋိပက္ခမဖြစ်ရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုရေးဟူသော နောက်ဆုံးစည်းမျဉ်းကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ “တရုတ်စစ်ရေးခြိမ်းခြောက်မှု” ဟုဆိုသော အရောင်ဆိုးချဲ့ကားပြောဆိုမှုများအား ရပ်တန့်ရန်၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများအား လှုံ့ဆော်ခြင်းကို ရပ်တန့်ရန်၊ တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် အရေးကိစ္စများ၌ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေခြင်းကို ရပ်တန့်ရန်၊ လက်တွေ့လှုပ်ရှားမှုဖြင့် နှစ်နိုင်ငံစစ်တပ်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်အောင် တွန်းအားပေးဆောင်ရန် မျှော်လင့်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
国防部:任何遏制围堵中国的企图都不可能得逞
新华社北京1月29日电(记者王春涛)国防部新闻发言人蒋斌29日表示,任何遏制围堵中国的企图都不可能得逞,相互尊重、和平共处、合作共赢才是中美正确相处之道。
在当日举行的国防部例行记者会上,有记者问,据报道,美国防部发布2026年国防战略报告,提出在亚太“以实力而非对抗”慑止中国,要与中国军队开展广泛交流,确保对华战略稳定,寻求“体面的和平”,同时在第一岛链构建拒止防御体系,确保地区军力平衡。请问对此有何评论?
“青山遮不住,毕竟东流去。”蒋斌表示,事实早已证明,任何遏制围堵中国的企图都不可能得逞,相互尊重、和平共处、合作共赢才是中美正确相处之道。中方愿同美方一道,推动中美关系稳定发展,同时坚定维护自身主权、安全、发展利益。
蒋斌说,希望美方树立客观理性对华认知,坚持不冲突不对抗的底线,停止渲染所谓“中国军事威胁”,停止煽动阵营对抗,停止在涉及中方核心利益的问题上说一套做一套,以实际行动推动两军关系健康稳定发展。(完)