China
၁၆၁ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု အောင်မြင်စွာ ပြီးစီး
ကူမင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
၁၆၁ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် တရုတ်ဘက် အမှတ် ၅၃၁၀၁၊ အမှတ် ၅၃၁၀၅၊ အမှတ် ၅၃၁၀၆ ရေယာဉ်များသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲဘက်ဆိုင်ရာသင်္ဘောဆိပ်သို့ ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် အဆင်ပြေချောမွေ့စွာ ကမ်းကပ်ခဲ့ရာ အဆိုပါလှုပ်ရှားမှု အောင်မြင်စွာ ပြီးစီးသည့် အမှတ်သင်္ကေတဖြစ်သည်။
ယခုအကြိမ်လှုပ်ရှားမှုသည် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏားတွင်လည်းကောင်း လာအိုနိုင်ငံ ပန်ရှန်ကော်၊ မုန်မော် တွင်လည်းကောင်း၊ မြန်မာနိုင်ငံ ဝမ်ပုံတွင်လည်းကောင်း တစ်ပြိုင်နက်တည်း စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများက စုစုပေါင်း တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၂၀ ဦး၊ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၆ စင်း စေလွှတ်ကာ လမ်းကြောင်းအပြည့် ပူးတွဲကင်းလှည့်ခြင်းနှင့် အဓိက အကဲဆတ်သည့် ရေပြင်များတွင် အပိုင်းလိုက် ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့ရာ လှုပ်ရှားမှုကာလသည် လေးည ငါးရက်ကြာ ဖြစ်ပြီး စုစုပေါင်း ရေကြောင်းခရီး ၇၀၀ ကျော် ကီလိုမီတာ ရှိသည်။
လှုပ်ရှားမှုကာလအတွင်း တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်အဖွဲ့သည် မဲခေါင်မြစ် အဓိကရေပြင်တွင် ကုန်းရေနှစ်သွယ် ပူးတွဲစစ်ဆေးဖမ်းဆီးခြင်းလှုပ်ရှားမှုများ လုပ်ဆောင်ကာ မြစ်ဝှမ်းအတွင်း ဥပဒေချိုးဖောက်သည့်ပြစ်မှုအမျိုးမျိုးအား ဆက်တိုက်တင်းတင်းကျပ်ကျပ် တိုက်ဖျက်ခဲ့ရာ စုစုပေါင်း စစ်ဆေးသည့် ရေယာဉ် ၁၂ စင်း၊ လူပုဂ္ဂိုလ် ၇၁ ဦး၊ ကုန်စည်တန်ချိန် ၁,၀၀၀ ကျော် ရှိသည်။ ထို့အတူ တစ်ချိန်တည်းတွင်ပင် မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ လိမ်လည်မှုတိုက်ဖျက်ရေး စသည့် အသိပညာပေးအစီအစဉ်များ လုပ်ဆောင်ကာ မြစ်ကမ်းတစ်လျှောက် ပြည်သူလူထုနှင့် သွားလာသူများ၏ မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ လိမ်လည်မှုတိုက်ဖျက်ရေးအသိပညာကို တစ်ဆင့်တိုးမြှင့်ပေးခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု နှစ်ပတ်လည် အနှစ်ချုပ်သုံးသပ်ပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ၏ သက်ဆိုင် တရားဥပဒေစိုးမိုးရေးဌာနများက ၂၀၂၅ ခုနှစ် တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို အတူတကွ ပြန်လည်အောက်မေ့၍ အနှစ်ချုပ်သုံးသပ်မှုများပြုလုပ်ကာ ၂၀၂၆ ခုနှစ် လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
第161次中老缅泰湄公河联合巡逻执法行动圆满结束
新华社昆明1月30日电(记者王研、胡了然)1月30日上午,参加第161次中老缅泰湄公河联合巡逻执法行动的中方53101艇、53105艇、53106艇顺利靠泊云南省西双版纳傣族自治州景哈警务码头,标志着行动圆满结束。
此次行动于1月26日在中国西双版纳、老挝班相果、孟莫和缅甸万崩同时启动,中老缅泰四国有关执法部门共派出执法队员120人,执法艇6艘,开展全线联合巡逻执法和重点敏感水域分段巡航,行动历时5天4夜,总航程700余公里。
行动期间,联合巡逻执法编队在湄公河重点水域开展水陆联合查缉行动,持续严打流域内各类违法犯罪,共检查船只12艘、人员71人、货物1000余吨;同步开展禁毒、反诈等宣传活动,进一步提升沿岸群众和往来人员的禁毒、防诈意识。此外,2025年度中老缅泰湄公河联合巡逻执法总结会在泰国清迈成功召开,中老缅泰四方有关执法部门共同回顾总结2025年执法合作成果,就2026年四国执法合作交流计划进行磋商并达成共识。(完)
1. 联合巡逻执法行动圆满结束,中方执法艇顺利返回,正在有序靠泊西双版纳景哈警务码头。(云南省公安厅水上巡逻总队供图)
