Connect with us

China

ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်းနှင့် စံနှုန်းနှစ်မျိုးထားခြင်းအား နိုင်ငံအသီးသီး ဆန့်ကျင်ရန် တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆိုမာလီယာအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး ခေါ်ယူကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်းနှင့် စံနှုန်းနှစ်မျိုးထားခြင်းအား နိုင်ငံအသီးသီးအနေဖြင့် ဆန့်ကျင်ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးရုံး (UNOCT) ၌ ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပသည့် “ဗဟိုအာရှ ကနဦးကာလ ကြိုတင်သတိပေးရေး ကွန်ရက်” စီမံကိန်း အစီရင်ခံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

လက်ရှိ ဗဟိုအာရှဒေသသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားသော်လည်း အကြမ်းဖက်ဝါဒခြိမ်းခြောက်မှု ပြင်ပသို့ ယိုလျှံခြင်း၏ သက်ရောက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရဆဲဖြစ်ကြောင်း၊ ယခုကာလများတွင် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေခြင်းသည် အထူးသတိထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဗဟိုအာရှနိုင်ငံများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး သန္နိဋ္ဌာန်ကို တန်ဖိုးထားရာ ဗဟိုအာရှနိုင်ငံများအတွက် သက်ဆိုင်ရာ ထောက်ခံအားပေးမှုနှင့် အကူအညီများ အစဉ်သဖြင့် ပံ့ပိုးခဲ့ကြောင်း၊ ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးရုံး (UNOCT)၊ ဗဟိုအာရှ ဒေသတွင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ သံတမန်ရေးစင်တာ (UNRCCA) နှင့် တရုတ်-ဗဟိုအာရှ ယန္တရား၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် ဒေသတွင်းယန္တရားများအတူ ပူးပေါင်းဖလှယ်မှုများ မြှင့်တင်ကာ အကြမ်းဖက်တိုက်ဖျက်ရေး ပေါင်းစည်းအင်အားဖြစ်တည်အောင် တစ်ဆင့်တိုး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာအခြေအနေသည် ကမောက်ကမ ဖြစ်မှုများ ဆိုးရွားလျက်ရှိရာ လူမှုစီးပွားကဏ္ဍ တိုးတက်မှုများမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလို အကြမ်းဖက်ခြိမ်းခြောက်မှုသည်လည်း ကမ္ဘာတစ်ဝန်းတွင် ပြန်လည်ကျယ်ပြန့်လာရာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သတိပေးခေါင်းလောင်းထိုးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံအသီးသီးအနေဖြင့် အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိပြီး စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို အခိုင်အမာလက်ကိုင်ထားကာ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်၍ ရွေးချယ်မှုဖြင့် အကြမ်းဖက်တိုက်ဖျက်ခြင်းနှင့် စံနှုန်းနှစ်မျိုး ထားရှိခြင်းအပေါ် ဆန့်ကျင်သင့်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပဋိပက္ခဒေသ၏ အခြေအနေ ပြေလျော့ရေးကို တွန်းအားပေးဆောင်ရွက်ကာ အကြမ်းဖက်များ၏ လှုပ်ရှားရာနေရာအလားအလာများကို လျှော့ချရန် လုပ်ဆောင်သင့်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဖဂန်နစ္စတန်နှင့် ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ အာဖဂန်နစ္စတန်ကို အကြမ်းဖက်အဖွဲ့အစည်းများ၏ ခိုလှုံရာနေရာအဖြစ် ထပ်မံ သက်ဆင်းခြင်းကို ကာကွယ်ရန်၊ ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားများ ပြန်လည်စီးဝင်လာမှုကို အတူတကွ ကြိုတင်ကာကွယ်ရန်နှင့် ကိုင်တွယ်စီမံရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် နိုင်ငံအသီးသီးအနေဖြင့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အရှိန်မြှင့် ဖော်ဆောင်ရန်၊ အကြမ်းဖက်ဝါဒ ပေါက်ဖွားမှုအား အမြစ်ပြတ်ရှင်းလင်းရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ကြိုးပမ်းကာ အကြမ်းဖက်ဝါဒ အသွင်မှန်သမျှကို ခိုင်ခိုင်မာမာ တိုက်ဖျက်သွားလိုကြောင်း၊ ဗဟိုအာရှနှင့် ကမ္ဘာ၏ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် တက်ကြွစွာ အကျိုးဆောင်သွားလိုကြောင်း စွန်းလေက ထပ်မံအလေးထားပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中方敦促各国反对选择性反恐和双重标准
新华社联合国1月30日电 中国常驻联合国副代表孙磊30日在联合国反恐怖主义办公室(反恐办公室)“中亚早期预警网络” 项目通报会开幕式上发言,敦促各国反对选择性反恐和双重标准。
他说,当前,中亚地区总体保持稳定,但仍然深受恐怖主义威胁外溢影响,近来,叙利亚、阿富汗、巴基斯坦恐怖袭击时有发生,值得高度警惕。中方赞赏中亚国家坚决打击恐怖主义,一直为中亚国家提供相应支持和帮助。中方希望反恐办公室、中亚预防外交中心同中国—中亚机制、上海合作组织等地区机制加强交流与合作,进一步形成打击恐怖主义的合力。
他说,当前国际形势动荡加剧,经济社会发展面临挑战,恐怖威胁在全球回潮蔓延,对国际和平与安全敲响警钟。各国应坚持共同、综合、合作、可持续的安全观,进一步加强国际反恐合作,反对选择性反恐和双重标准。国际社会应推动冲突地区局势降温,压缩恐怖分子活动空间。国际社会要同阿富汗加强接触与合作,防止阿富汗再次沦为恐怖组织避风港,共同预防和应对外国恐怖作战分子回流。同时,各国必须加快落实联合国2030年可持续发展议程,消除恐怖主义滋生根源。
他重申,中方愿同各方共同努力,坚决打击一切形式的恐怖主义,为维护中亚和世界和平稳定和发展繁荣作出积极贡献。(完)
1. 12月29日,在位于纽约的联合国总部,联合国安理会召开索马里问题紧急公开会。新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.