Connect with us

China

ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းကို ဆန့်ကျင်သလို ပြည်တွင်းရေးစွက်ဖက်မှုကိုလည်း ဆန့်ကျင်ကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတူတကွကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားကို အမေရိကန်က ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် အကြီးစားစစ်ရေးတိုက်ခိုက်မှုများပြုလုပ်ပြီး ဗင်နီဇွဲလား သမ္မတ မာဒူရိုတို့ ဇနီးမောင်နှံကို အတင်းအဓမ္မထိန်းချုပ်ကာ အမေရိကန်သို့ ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်း၏ အထူးစိုးရိမ်ပူပန်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချမှု ရက်ပေါင်းဆက်တိုက် ဖြစ်ပွားခဲ့သည်။ သက်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်ပြည်တွင်းပြည်ပ သတင်းထောက်များက မေးမြန်းကြသည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇန်နဝါရီ ၆ ရက် ပုံမှန်သတင်းစာပွဲတွင် ဆက်လက်ဖြေကြားခဲ့သည်။

နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို နိုင်ငံကြီးများက အထူးသဖြင့် ဦးဆောင်ကာ လေးစားလိုက်နာသင့်

သတင်းထောက်တစ်ဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် နိုင်ငံအများစုက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချပြီး ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ထောက်ခံအားပေးခဲ့ကြကြောင်း၊ တရုတ်အစိုးရအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာ လုံခြုံရေး ကာကွယ်ထိန်းသိမ်းရေးကို မည်သို့ဆောင်ရွက်ရန် စီစဉ်ထားပါသနည်း၊ ထို့အပြင် ကျူးဘား၊ ကိုလံဘီယာ၊ မက္ကဆီကို စသည့် ဒေသတွင်းနိုင်ငံများသည်လည်း ဖိအားပေးခြင်း သို့မဟုတ် ပါဝင်စွက်ဖက်ခြင်း ခံရနိုင်သည်ကို စဉ်းစားမိရာ အမေရိကန်၏ “နိုင်ငံတကာရဲတပ်ဖွဲ့” အဖြစ် လုပ်ဆောင်နေခြင်းကို မည်သည့်အစီအမံများဖြင့် ထိရောက်စွာတားဆီးနိုင်မည်ဟု တရုတ်နိုင်ငံအနေဖြင့် ယူဆပါသနည်းဟု မေးမြန်းခဲ့သည်။

ဗင်နီဇွဲလားကို အမေရိကန် စစ်ရေးတိုက်ခိုက်မှု စတင်လိုက်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇန်နဝါရီ ၅ ရက်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံကိုယ်စားလှယ်က ပါဝင်ဆွေးနွေးရာတွင် စစ်ရေးနည်းလမ်းသည် ပြဿနာဖြေရှင်းသည့် ထွက်ပေါက်မဟုတ်သလို လက်နက်အင်အားကို အလွဲသုံးခြင်းသည် ပို၍ကြီးမားသော အန္တရာယ်အကျပ်အတည်းကိုသာ ဖြစ်စေနိုင်ကြောင်း၊ ဗင်နီဇွဲလားအစိုးရနှင့် ပြည်သူများက အချုပ်အခြာအာဏာလုံခြုံရေးနှင့် တရားဝင်အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံသလို လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ အနေအထားကို ဒေသတွင်းနိုင်ငံများက ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ ဒေသတွင်းနိုင်ငံ၊ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံအသီးသီးအနေဖြင့် အခြားနိုင်ငံပြည်သူများ ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လေးစားသင့်သလို နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်ရာ နိုင်ငံကြီးများက အထူးသဖြင့် ဦးဆောင်ဦးရွက်ပြုသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်သဖြင့် ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။ မည်သည့်နိုင်ငံကမျှ နိုင်ငံတကာရဲတပ်ဖွဲ့အဖြစ် လုပ်ဆောင်၍မရသလို မည်သည့်နိုင်ငံကမျှ နိုင်ငံတကာတရားသူကြီးအဖြစ် မိမိကိုယ်ကို သမုတ်၍ မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိပြီး စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို အဆိုပြုလက်ကိုင်ထားရာ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန်၊ နိုင်ငံအသီးသီး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးစိုးရိမ်ပူပန်မှုများကို အလေးထားရန်၊ နိုင်ငံများအကြား ကွဲလွဲမှုနှင့် အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းကို လက်ကိုင်ထား ဖြေရှင်းရန် အဆိုပြုကြောင်း၊ ယင်းမှာ ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုကို ကိုင်တွယ်စီမံရာတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် ဘုံလုံခြုံရေးကို ဖော်ဆောင်သော တရုတ်နည်းလမ်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ နိုင်ငံအသီးသီးနဲ့အတူ နိုင်ငံတကာဥပဒေရဲ့ ဩဇာအရှိန်အဝါကို အတူတကွ ကာကွယ်သွားဖို့၊ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းကို ဆန့်ကျင်ပြီး ပြည်တွင်းရေး စွက်ဖက်မှုကို ဆန့်ကျင်ကာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာနှင့် တရားဝင်အကျိုးစီးပွားကို ထင်သလိုနင်းချေခြင်းအား အခိုင်အမာ ကန့်ကွက်

သတင်းထောက်တစ်ဦးက Delcy Rodríguez ဦးဆောင်သည့် ဗင်နီဇွဲလာအစိုးရကို အသိအမှတ်ပြုပါသလော၊ အကယ်၍ ရုရှားက အိမ်နီးချင်းနိုင်ငံအကြီးအကဲအပေါ် အလားတူ လှုပ်ရှားမှု လုပ်ဆောင်မည်ဆိုလျှင် အမေရိကန်နှင့် မဟာမိတ်များက မုချမသွေ ပိတ်ဆို့အရေးယူမည် ဖြစ်သည်ဟု သုံးသပ်သူအချို့က ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လုံခြုရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) အား စတင်အဆိုပြုသူအနေဖြင့် အမေရိကန်အပေါ် ပိတ်ဆို့အရေးယူရန် တိုက်တွန်းမည်လောဟု မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံသည် ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာ လွတ်လပ်ရေးကို လေးစားသလို ဗင်နီဇွဲလားအစိုးရက မိမိနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ စီစဉ်မှုကို လေးစားကြောင်း မော်နင်က ပြောကြားခဲ့သည်။

“အမေရိကန်က လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အထူးစိုးရိမ်ပူပန်မှုများကို မျက်ကွယ်ပြုပြီး ဗင်နီဇွဲလား အချုပ်အခြာအာဏာနဲ့ တရားဝင်အကျိုးစီးပွားကို ထင်သလို နင်းချေနေရာ ထို့အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းခြင်းဆိုတဲ့ ထိပ်တန်းတာဝန်ကို လုံခြုံရေးကောင်စီက ထမ်းဆောင်ခြင်းအပေါ် မိမိတို့အနေနဲ့ ထောက်ခံပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မည်သည့်နိုင်ငံကမျှ မိမိနိုင်ငံ၏စည်းမျဉ်းစည်းကမ်းကို နိုင်ငံတကာဥပဒေအထက်တွင် တင်စီးထား၍ မရ

သတင်းထောက်တစ်ဦးက ယခုသီတင်းပတ် ဇန်နဝါရီ ၅ ရက်တွင် မာဒူရိုက အမေရိကန်၏ “မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒ” စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး မိမိတွင်အပြစ်မရှိဟု ပြောကြားခဲ့ကြောင်း၊ “ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော် ပြစ်မှုကျူးလွန်မှု မရှိဘူး။ ကျွန်တော်ဟာ မှန်ကန်ပြီး သမာသမတ်ကျသူဖြစ်တယ်။ ကျွန်တော်က ဗင်နီဇွဲလားသမ္မတ ဖြစ်နေဆဲပဲ” ဟု မာဒူရိုက ဘာသာပြန်မှတစ်ဆင့် ပြောကြားခဲ့သလို ၎င်းအနေဖြင့် “နေအိမ်အတွင်း ပြန်ပေးဆွဲခံရခြင်း” ဖြစ်သည်ဟုလည်း ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဘက်က ဗင်နီဇွဲလားသမ္မတ မာဒူရို၏ နိုင်ငံ့အကြီးအကဲ ဟူသော အနေအထားကို လျစ်လျူရှုကာ ပြည်တွင်းတရားရုံးတွင် ပြောင်ပြောင်တင်းတင်း စွဲချက်တင်၍ “ရုံးတင်စစ်ဆေးသည်” ဟု ဆိုကာ လုပ်ဆောင်နေခြင်းသည် ဗင်နီဇွဲလား၏ နိုင်ငံအချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်သလို နိုင်ငံတကာဆက်ဆံရေး၏ တည်ငြိမ်မှုကို ဆိုးရွားစွာ ဖျက်ဆီးလိုက်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ဘယ်နိုင်ငံကမှ ကိုယ့်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နိုင်ငံတကာဥပဒေအထက်မှာ တင်စီးလို့မရပါဘူး” ဟု မော်နင်က ထပ်မံအလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဘက်က သမ္မတ မာဒူရိုနှင့် ဇနီးကို ချက်ချင်းလွှတ်ပေးရန်နှင့် ၎င်းတို့၏ လူပုဂ္ဂိုလ်လုံခြုံရေးကို အာမခံရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
外交部发言人:反对丛林法则,反对干涉内政,共同维护世界和平稳定
新华社北京1月6日电(记者董雪、曹嘉玥)美方3日凌晨对委内瑞拉发动大规模军事打击,强行控制委总统马杜罗夫妇并将他们带到美国,连日来引发国际社会严重关切和广泛谴责。外交部发言人毛宁6日在例行记者会上继续就相关问题回答中外记者提问。
大国尤应带头遵守国际法及《联合国宪章》宗旨和原则
有记者问:在联合国安理会紧急会议上,绝大多数国家表示谴责美方军事行动,支持委内瑞拉主权。中国政府计划如何同其他会员国及国际社会一道维护委内瑞拉主权安全?另外,考虑到古巴、哥伦比亚、墨西哥等地区国家亦可能遭到施压或干预,中方认为哪些措施能有效防止美国充当“国际警察”?
毛宁表示,联合国安理会5日就美国对委内瑞拉发动军事打击召开紧急会议。中方代表发言强调,军事手段不是解决问题的出路,滥用武力只会导致更大的危机。中方坚定支持委内瑞拉政府和人民维护主权安全和正当权益,坚定支持地区国家维护拉美和加勒比和平区地位,愿同地区国家和国际社会一道,共同维护拉美和加勒比地区的和平与稳定。
她表示,中方一贯主张,各国都应尊重他国人民自主选择的发展道路,遵守国际法及《联合国宪章》宗旨和原则,大国尤应带头。没有哪个国家可以充当国际警察,没有哪个国家可以自诩为国际法官。中方倡导共同、综合、合作、可持续的安全观,尊重各国主权、领土完整,重视各国合理安全关切,坚持通过对话协商以和平方式解决国家间的分歧和争端。这是应对全球安全挑战,实现普遍和共同安全的中国方案。
“我们愿同各国共同捍卫国际法权威,反对丛林法则,反对干涉内政,共同维护世界和平稳定。”毛宁说。
坚决反对肆意践踏委内瑞拉主权安全和合法权益
有记者问:中方是否承认罗德里格斯领导的委内瑞拉政府?分析人士称,如果俄罗斯对邻国领导人采取相同行动,美国及盟友必会施加制裁。中国作为安理会常任理事国、“一带一路”倡议和全球安全倡议发起者,会否呼吁对美实施制裁?
毛宁表示,中方尊重委内瑞拉主权独立,尊重委内瑞拉政府按照本国宪法和法律作出的安排。   “
美国作为安理会常任理事国,无视国际社会严重关切,肆意践踏委内瑞拉主权安全和合法权益,中方对此坚决反对。我们支持安理会履行维护国际和平与安全的首要责任。”她说。
任何国家都不能将本国规则凌驾于国际法之上
有记者问:本周一,马杜罗否认美方的“毒品恐怖主义”指控,表示自己无罪。马杜罗通过译员表示:“我是无辜的。我没有犯罪。我是正直的人。我仍是委内瑞拉总统。”马杜罗还表示自己“在家中被绑架”。外交部对此有何评论?
毛宁说,美方无视委内瑞拉总统马杜罗的国家元首身份,公然在国内法院起诉并进行所谓“审判”,严重侵犯委内瑞拉的国家主权,严重破坏国际关系的稳定。
“任何国家都不能将本国规则凌驾于国际法之上。”毛宁重申,中方呼吁美方立即释放马杜罗总统和夫人,并确保他们的人身安全。(完)