Connect with us

China

ငလျင်အလွန် တစ်နှစ်အကြာတွင် တိန့်ရစ်ခရိုင် ဆန်းကာကျေးရွာလေးသို့ ပြန်လည်သွားရောက်ခြင်း

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိန့်ရစ်ခရိုင် ချန်စော်ကျေးရွာစု ဆန်းကာကျေးရွာရှိ ကျေးရွာသမိုင်းပြတိုက်ရှေ့ ရင်ပြင်တွင် ကလေးငယ်တစ်ဦးက ညီမလေးအား ကုန်းပိုးဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရစ်ခါကျယ် (ရှီးဇန့်)၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ချိုမိုလန်းမားတောင်ခြေတွင် ပြင်းအား ၆.၈ အဆင့်ရှိသော ငလျင်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်၊ လားကျစ်၊ ဆာ့ကျား၊ ဆာ့ကာ၊ တိန့်ကျယ် စသည့် ခရိုင်များကို ရိုက်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အရပ်ရှစ်မျက်နှာ အဖက်ဖက်မှ ကူညီကယ်ဆယ်ရေးအင်အားများက နေ့ညမဆိုင်း ရောက်ရှိလာပြီး ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသောကုန်းပြင်မြင့်တွင် ကူညီကယ်ဆယ်ရေး “မဟာတံတိုင်းကြီး” တစ်ခု တည်ဆောက်ခဲ့သည်။

ငလျင်လှုပ်ခတ်ပြီး တတိယမြောက်နေ့တွင် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အလုံးစုံအစီအစဉ် ရေးဆွဲရေးလုပ်ငန်းကို စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လဆန်းတွင် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးများ စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လဆန်းတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအသီးသီးကို ဘက်စုံစတင်ခဲ့သည်။ အောက်တိုဘာ ၃၁ ရက်တွင် ပြန်လည်တည်ဆောက်မှုနှင့် ပြုပြင်မွမ်းမံမှုဖြင့် ခိုင်ခံ့အောင်ပြုလုပ်ထားသော လူနေအိမ်များ တည်ဆောက်ပြီးစီးခဲ့ရာ ဘေးဒဏ်သင့်ပြည်သူများအား လွှဲပြောင်းပေးခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၀၀၀ ကျော်ရှိသည့် ကုန်းပြင်မြင့်ပေါ်တွင် တိန့်ရစ် ငလျင်အလွန် ပြန်လည်တည်ဆောက်မှုများသည် တည်ဆောက်မှုနှုန်းလျင်မြန်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး ကောင်းမွန်ခြင်း၊ ပြည်သူလူထု၏ ကျေနပ်နှစ်သိမ့်မှု မြင့်မားခြင်း ဟူသော ကုန်းပြင်မြင့်၏ အံ့ဖွယ်ကို ဖန်တီးခဲ့ရာ ထူးချွန်ပြောင်မြောက်သည့် အဖြေလွှာပေးအပ်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ် နှစ်ဆန်းတွင် ထိုစဉ်က ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် ကျေးရွာများအနက် တစ်ခုဖြစ်သည့် တိန့်ရစ်ခရိုင် ချန်စော်ကျေးရွာစု ဆန်းကာကျေးရွာသို့ သတင်းထောက် ထပ်မံရောက်ရှိခဲ့သည်။ ယင်းနေရာတွင် နေအိမ်သစ်များ စီစီရီရီ၊ ခိုင်ခိုင်ခံ့ခံ့ဖြစ်နေပြီး တွဲဖက်အဆောက်အဦများသည်လည်း ကောင်းမွန်ပြည့်စုံကာ လွယ်ကူအဆင်ပြေလျက်ရှိသလို လူနေမှုဘဝ တည်ငြိမ်အေးဆေး၍ သက်သောင့်သက်သာရှိပြီး နေရာအနှံ့တွင် အပြုံးပန်းဆင်နေသူများကို တွေ့မြင်ရပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိန့်ရစ်ခရိုင် ချန်စော်ကျေးရွာစု ဆန်းကာကျေးရွာရှိ ဘောလုံးကွင်းတွင် ဘောလုံးကန်နေကြသည်ကို ကြည့်ရှုနေကြသော လူငယ်များအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိန့်ရစ်ခရိုင် ချန်စော်ကျေးရွာစု ဆန်းကာကျေးရွာရှိ ဘတ်စကတ်ဘောကွင်းတွင် ဘတ်စကတ်ဘောဆော့ကစားနေကြသော လူငယ်များအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
地震一年后,重访定日县森嘎村
新华社照片,日喀则(西藏),2026年1月7日
2025年1月7日清晨,珠峰脚下,一场6.8级地震波及西藏定日、拉孜、萨迦、萨嘎、定结等多个县。 地震发生后,来自四面八方的救援力量星夜兼程,在雪域高原筑起一道救援“长城”。 震后第三天,灾后恢复重建总体方案编制工作启动;2025年3月初,灾后重建启动;2025年6月初,各项重建工作全面开工;10月31日,重建和维修加固的民房建成并交付给受灾群众……在海拔4000米以上的高原上,定日地震重建创造了建设速度快、工程质量佳、群众满意度高的高原奇迹,交出一份出色答卷。 2026年初,记者再次来到当时受灾最为严重的村庄之一——定日县长所乡森嘎村进行探访。在这里,新房整齐坚固,配套设施完善便利,生活稳定舒心,处处可见人们的笑容。
1.1月5日,在定日县长所乡森嘎村村史馆前的广场上,小朋友背着妹妹玩耍。 新华社记者 姜帆 摄
2. 1月5日,在森嘎村的足球场上,少年在观看伙伴们踢球。新华社记者 姜帆 摄
3. 1月5日,少年在定日县长所乡森嘎村的篮球场打球。新华社记者 姜帆 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.