China
၂၀၂၆ ခုနှစ်၏ ပထမဆုံး ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲ ခရီးစဉ်စတင်
ချုံချင့်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
“ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကား ၁၀၈ စီး တင်ဆောင်ထားသော ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲသည် ဇန်နဝါရီ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကျွေဘူတာမှ စတင်ထွက်ခွာသွားခဲ့ရာ ၄၈ နာရီအကြာတွင် ကွမ်ကျိုးမြို့ နန်ဆားဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းရပြီး ထို့နောက် ကုန်တင်သင်္ဘောပေါ်သို့ ရွှေ့ပြောင်းကာ အရှေ့အလယ်ပိုင်းဈေးကွက်သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်သည်။
ယခုအကြိမ်သီးသန့်ရထားတွဲသည် ၂၀၂၆ ခုနှစ်၏ ပထမဆုံး ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကွမ်ကျိုးနှင့် ချုံချင့်ဒေသနှစ်ခုက “စွမ်းအင်သစ်ကားများ ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးဆိုင်ရာ ရေကြောင်းစောင့်ကြည့်ရေး အပြန်အလှန် အသိအမှတ်ပြုမှု စမ်းသပ်ဖော်ဆောင်ရာနေရာ” တရားဝင်စတင်သည့်အချိန်မှစ၍ ပမာဏအများအပြားဖြင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သည့် ပထမဆုံးအသုတ်လည်းဖြစ်သည်။
ချုံချင့်မြို့သည် တရုတ်နိုင်ငံတစ်ဝန်း အဓိက မော်တော်ကားထုတ်လုပ်ရာ အခြေစိုက်စခန်းအနေဖြင့် ထိုမတိုင်မီ ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၊ ကွမ်ရှီးဒေသ ချင်းကျိုးမြို့တို့ကို ဖြတ်သန်းသွားသည့် အရှေ့ဘက်နှင့် တောင်ဘက်လမ်းကြောင်း ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားတွဲများဖြင့် တည်ငြိမ်စွာပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကျွေဘူတာမှ စတင်ထွက်ခွာသွားသော ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




——————–
(Chinese Version)
2026年首趟铁海联运“重庆造”新能源汽车专列启程
新华社照片,重庆,2026年1月7日
1月7日,一列满载108台“重庆造”新能源汽车的铁海联运专列,从重庆果园港鱼嘴站发出,预计在48小时后抵达广州南沙港,随后换装海轮运往中东市场。
此趟专列是2026年首趟铁海联运“重庆造”新能源汽车专列,也是自2025年12月底渝穗两地“新能源汽车铁海联运海事监管互认试点”正式启动以来进行的首批规模化运输业务。
重庆市作为全国重要的汽车产业基地,此前已稳定运行经浙江宁波、广西钦州的东向与南向铁海联运班列。
1、1月7日,铁海联运“重庆造”新能源汽车专列在重庆果园港鱼嘴站等待发车。 新华社记者 唐奕 摄
2、1月7日,铁海联运“重庆造”新能源汽车专列在重庆果园港鱼嘴站顺利发车(无人机照片)。新华社记者 唐奕 摄
