China
ရှီကျင့်ဖိန်က Thongloun Sisoulith လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၈ ရက်တွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် Thongloun Sisoulith ထပ်မံရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီသည် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၁ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံ ကျင်းပပြီးကတည်းက လာအိုပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား တက်ကြွစွာစူးစမ်းရှာဖွေခဲ့ကြောင်း၊ အခက်အခဲများကို ခိုင်မာစွာ ကျော်ဖြတ်၍ ရှေ့သို့မဆုတ်မနစ်ချီတက်ခဲ့ရာ ပါတီတည်ဆောက်မှု တွန်းအားပေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာမှု၊ ပြည်ပဆက်ဆံရေး တိုးချဲ့မှု စသည့်ကဏ္ဍများတွင် အရေးကြီးအောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံအား အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ရာ လာအိုပြည်သူ့တော်လှန်ရေးပါတီနှင့် လာအိုနိုင်ငံ ဆိုရှယ်လစ်ဝါဒလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ဆက်လက်လှမ်းချီမည့် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ ခိုင်မြဲသောဦးဆောင်မှုအောက်တွင် လာအိုပြည်သူ့တော်လှန်ရေးပါတီနှင့် ပြည်သူများအနေဖြင့် တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းရန်၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံက အဆိုပြုထားသော စီမံကိန်းရည်မှန်းချက်တာဝန်အသီးသီးအား အောင်မြင်စွာ ဖော်ဆောင်ရန်၊ လာအိုဆိုရှယ်လစ်ဝါဒလုပ်ငန်း အခင်းအကျင်းအသစ်အား အဆက်မပြတ် ဖန်တီးဖွင့်လှစ်ရန်၊ ၂၀၅၅ ခုနှစ် ပါတီထူထောင်ခြင်း နှစ်တစ်ရာပြည့် ကြိုးပမ်းမှုရည်မှန်းချက်ဆီသို့ ရဲဝံ့ပြတ်သားစွာ ချီတက်ရန် ဆုမွန်ကောင်းတောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-လာအိုနှစ်နိုင်ငံသည် ရေခံမြေခံတူညီသည့် ဆိုရှယ်လစ်ဝါဒ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် တရုတ်-လာအိုဆက်ဆံရေးသည် သမိုင်းကာလ၏ အကောင်းဆုံးအချိန်သို့ ဝင်ရောက်ခဲ့ကြောင်း၊ မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသည့် တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အဆက်မပြတ် နက်ရှိုင်းခိုင်မြဲလာခဲ့ပြီး ပြည့်ဝသောရလဒ်များစွာ ရရှိခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အိမ်နီးချင်းနိုင်ငံများ အခင်းအကျင်းနှင့် ကမ္ဘာ့ပြောင်းလဲမှုအခြေအနေ နက်ရှိုင်းစွာ ဆက်နွှယ်လှုပ်ရှားနေသည့် အခြေအနေသစ်အောက်တွင် မိမိအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ တရုတ်-လာအိုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ မဟာဗျူဟာဦးဆောင်မှုအား မြှင့်တင်ခြင်း၊ တရုတ်-လာအို အစဉ်အလာချစ်ကြည်ရေးအား ပြန့်ပွားစေခြင်း၊ ပါတီစီမံခန့်ခွဲမှုနှင့် နိုင်ငံစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှုအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ ကဏ္ဍစုံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ခြင်း၊ တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အဆင့်မြင့်သော၊ အရည်အသွေးမြင့်မားသော၊ အဆင့်အတန်းမြင့်မားသော ရည်မှန်းချက်ဆီသို့ ဆက်လက်ချီတက်မှုအား တွန်းအားပေးခြင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုခြင်း၊ ကိုယ်စီ၏ ဆိုရှယ်လစ်ဝါဒလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်ပေးခြင်း၊ ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ကြဉ်းခြင်းတို့ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
习近平致电祝贺通伦当选老挝人民革命党中央总书记
新华社北京1月8日电 1月8日,中共中央总书记习近平致电通伦,祝贺他再次当选老挝人民革命党中央总书记。
习近平在贺电中说,老挝党十一大以来,老挝党中央团结带领老挝人民积极探索符合本国国情的社会主义发展道路,攻坚克难、砥砺前行,在推进党的建设、发展经济、改善民生、拓展对外交往等方面取得了一系列重要成就。老挝党十二大胜利召开,对于老挝党和老挝社会主义事业发展具有承前启后、继往开来的重要意义。祝愿在以总书记同志为首的老挝党中央坚强领导下,老挝党和人民团结一心、接续奋斗,胜利完成老挝党十二大提出的各项目标任务,不断开创老挝社会主义事业新局面,朝着2055年建党百年奋斗目标勇毅前进。
中老是山同脉、水同源的社会主义友好邻邦。近年来,在双方共同努力下,中老关系进入历史最好时期,具有战略意义的中老命运共同体建设不断走深走实,取得一系列丰硕成果。在周边格局和世界变局深度联动的新形势下,我愿同总书记同志一道,加强对中老关系发展的战略引领,弘扬中老传统友谊,深化治党治国经验交流,拓展各领域务实合作,推动中老命运共同体建设朝着高标准、高质量、高水平目标持续迈进,更好造福两国人民,更好服务各自社会主义事业发展,为促进地区乃至世界和平稳定与发展繁荣作出新贡献。(完)
图说:9月4日上午,中共中央总书记、国家主席习近平在北京人民大会堂会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动并进行工作访问的老挝人民革命党中央总书记、国家主席通伦。新华社记者 黄敬文 摄
