China
ရုရှားဘက်က ဂျပန်စစ်ဝါဒပြစ်မှုများအား ဆက်လက်ထုတ်ဖော်ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်၊ ရုရှားဘက်၏ အမှန်တရားဖြစ်သောလုပ်ဆောင်ချက်အပေါ် များစွာ တန်ဖိုးထားချီးကျူးဟု ဆို
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် ရုရှားဘက်က ဂျပန်စစ်ဝါဒီများ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဆက်လက်ထုတ်ဖော်သွားမည်ဟု ပြောကြားချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇန်နဝါရီ ၈ ရက်တွင် တရုတ်နိုင်ငံအနေဖြင့် ရုရှားဘက်က သမိုင်းဖြစ်ရပ်မှန်အား ကာကွယ်ပေးသည့် မှန်ကန်သောလုပ်ဆောင်ချက်ကို များစွာ တန်ဖိုးထားချီးကျူးကြောင်း၊ ဂျပန်လက်ယာယိမ်းအင်အားစုများအနေဖြင့် တစ်ဇွတ်ထိုး ဆန့်ကျင်မှုများ လုပ်ဆောင်နေမည်ဆိုပါက အမှန်တရားအား ရပ်တည်သည့် နိုင်ငံနှင့် ပြည်သူအားလုံးအနေဖြင့် ဂျပန်၏ သမိုင်းပြစ်မှုအပေါ် ထပ်မံစာရင်းရှင်းမှု လုပ်ဆောင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က လတ်တလောရက်ပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ရုရှားဘက်အနေဖြင့် ဂျပန်စစ်ရာဇဝတ်မှု ကျူးလွန်သူများ၏ “နိုင်ငံရေးဂုဏ်သိက္ခာ ပြန်လည်ထူထောင်ခြင်း” အား ပယ်ဖျက်ရန် ဆုံးဖြတ်ချက်အတွက် ဝေဖန်ပြောကြားခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ရုရှားဘက်က ဂျပန်စစ်ဝါဒီများ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဆက်လက်ထုတ်ဖော်သွားမည်ဟု ဆိုခဲ့ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်မှုမျိုးသည် နောက်ကြောင်းလိုက် တရားစွဲဆိုရန် အချိန်ကန့်သတ်ချက်မရှိကြောင်း၊ ပြစ်မှုကျူးလွန်သူအားလုံးကို ပြစ်ဒဏ်ခတ်အရေးယူသည့် တရားစွဲဆိုမှုလုပ်ငန်းစဉ်သည် ယနေ့တိုင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ရန် ရည်ရွယ်သည်ဟု သတင်းဖော်ပြချက်များအရ သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
မော်နင်က “ကျွန်မတို့အနေနဲ့ ရုရှားဘက်က သမိုင်းဖြစ်ရပ်မှန်ကို ကာကွယ်ပေးတဲ့ အမှန်တရားဖြစ်သော လုပ်ဆောင်ချက်ကို များစွာ တန်ဖိုးထားချီးကျူးပါတယ်” ဟု ဆိုခဲ့သည်။
လွန်ခဲ့သည့်ရာစုနှစ် ခေတ်သစ်ကာလအတွင်း ဂျပန်စစ်ဝါဒီများသည် ပြည်ပသို့ကျူးကျော်တိုးချဲ့မှုများ အဆက်မပြတ် လုပ်ဆောင်လာရာ မရေမတွက်နိုင်သော ကြီးလေးသည့်ပြစ်ဒဏ်များ ကျူးလွန်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကြီးမားသောကပ်ဘေးများ သယ်ဆောင်လာကြောင်း၊ သို့သော် စစ်ပွဲအလွန်တွင် ဂျပန်စစ်ဝါဒများသည် အလုံးစုံ စာရင်းရှင်းခံရခြင်းမရှိကြောင်း၊ ဂျပန်လက်ယာယိမ်းအင်အားစုများသည် ကျူးကျော်မှုသမိုင်းအား အစွမ်းကုန် တန်ဆာဆင်ပြီး နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ “အမျိုးသမီး လိင်ကျွန်များစွာ” အတင်းအဓမ္မ စုဆောင်းခြင်း၊ အလုပ်သမားများ အတင်းအဓမ္မ စုဆောင်းခြင်း စသည့် သမိုင်းပြစ်မှုများကို လုံးဝငြင်းဆိုကာ သမိုင်းဖတ်စာအုပ်အကြောင်းအရာအား ပြင်ဆင်မှုကို တွန်းအားပေးခြင်းဖြင့် ကျူးကျော်မှုသမိုင်းအတွက် ပြောင်းပြန်လှန်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အကြီးအကဲများစွာက စစ်ဝါဒ၏ စိတ်ဓာတ်ပြယုဂ်ဖြစ်သော ယာဆူကူနီဂူဗိမာန်အား သွားရောက်၍ A အဆင့် စစ်ရာဇဝတ်သားများအား အထွတ်အထိပ်ထား ဂါရဝပြုခဲ့ကြောင်း၊ အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များသည် တင်းမာမှုကို ပုံကြီးချဲ့ခြင်း၊ ပြည်သူ့ဆန္ဒကို လှုံ့ဆော်ခြင်းတို့ဖြင့် အခွင့်ကောင်းယူကာ လက်နက်အင်အား၊ စစ်တပ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာကြောင်း၊ စစ်ဝါဒအဆိပ်အတောက်များသည် စစ်ပွဲအလွန်တွင် အသွင်ပြောင်း၍ တိတ်ဆိတ်စွာ တိုးတက်လာသည့်အပြင် အစီအစဉ်ရှိသော လှုပ်ရှားမှုအဖြစ် ရုပ်လုံးပေါ်လာသောကြောင့် အာရှတိုက်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုအား ခြိမ်းခြောက်နေသည့် အန္တရာယ်အသစ် ဖြစ်လာနေကြောင်း မော်နင်က ပြောကြားခဲ့သည်။
သမိုင်းကိုအမှတ်ရ၍ နက်ရှိုင်းစွာ ပြန်လည်ဆင်ခြင်ကာ လက်တွေ့လှုပ်ရှားမှုဖြင့် အမှားကို နောင်တရ ပြင်ဆင်မှသာ အနာဂတ်ကို ဖန်တီးဖွင့်လှစ်ပြီး ကြေကွဲဖွယ်စစ်ပွဲအန္တရာယ် ပြန်လည်မဖြစ်ပွားအောင် ရှောင်ကြဉ်နိုင်မည်ဖြစ်သည်ဟု မော်နင်က ထောက်ပြခဲ့သည်။
ယခုနှစ်သည် တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်သည့် နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ အရှေ့ဖျား နိုင်ငံတကာ စစ်ရေးတရားရုံးက ဂျပန်စစ်ရာဇဝတ်သားများအား စီရင်မှုတွင် ထိခိုက်နစ်နာသူနိုင်ငံမှ ပြည်သူများ၏ သွေးသံရဲရဲများ လက်တွင်အပြည့်ပေကျံနေသည့် ရာဇဝတ်သားတစ်သုတ်ကို ပြင်းထန်စွာ အရေးယူခဲ့ရာ နိုင်ငံတကာ တရားမျှတမှုကို ဖော်ဆောင်ခဲ့သည့်အပြင် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာကိုလည်း ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း၊ ယင်းသည် စစ်ဝါဒအား ပြန်လည်ဖော်ဆောင်သော၊ ကျူးကျော်တိုးချဲ့မှုကို ထပ်မံလုပ်ဆောင်သော မည်သည့်ကြိုးပမ်းမှုကိုမဆို အားကောင်းသောသတိပေးမှုလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်လက်ယာယိမ်းအင်အားစုများအနေဖြင့် တစ်ဇွတ်ထိုး ဆန့်ကျင်မှုများ လုပ်ဆောင်နေမယ်ဆိုပါက တရားမျှတမှန်ကန်မှုကို ရပ်တည်တဲ့ နိုင်ငံနဲ့ ပြည်သူအားလုံးက ဂျပန်ရဲ့ သမိုင်းပြစ်မှုအပေါ် ထပ်မံစာရင်းရှင်းမှု လုပ်ဆောင်ခွင့်ရှိပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部回应俄方继续揭露日本军国主义罪行:高度赞赏俄方正义之举
新华社北京1月8日电(记者曹嘉玥、董雪)就近日俄方表示2026年将继续揭露日本军国主义犯下的战争罪行,外交部发言人毛宁1月8日表示,中方高度赞赏俄方捍卫历史真相的正义之举。若日本右翼势力执意倒行逆施,一切主张正义的国家和人民都有权利对日本的历史罪责进行再清算。
当日例行记者会上,有记者问:据报道,近日俄罗斯外交部发言人扎哈罗娃
就俄方撤销对日本战犯平反决定作出评论,表示2026年俄方将继续揭露日本军国主义犯下的战争罪行,此类暴行没有追诉时效限制,旨在惩罚所有罪犯的诉讼程序至今仍在继续。请问中方对此有何评论?
“我们高度赞赏俄方捍卫历史真相的正义之举。”毛宁说,近代以来,日本军国主义持续对外侵略扩张,犯下罄竹难书的滔天罪行,给人类带来巨大浩劫。然而,战后日本军国主义没有被彻底清算。日本右翼势力极力美化侵略历史,矢口否认南京大屠杀、强征“慰安妇”、强征劳工等历史罪行,推动修改历史教科书,企图为侵略历史翻案。多名日本现职领导人曾参拜军国主义的精神象征靖国神社,对甲级战犯顶礼膜拜。一些政客渲染紧张、煽动民意,借机推动扩武强军。军国主义流毒在战后改头换面、潜滋暗长,甚至形成有计划的行动,正在成为威胁亚洲和世界和平稳定的新风险。
毛宁指出,只有铭记历史、深刻反省,以实际行动真正悔过改错,才能开创未来,避免战争惨祸重演。今年是东京审判开庭80周年。远东国际军事法庭对日本战犯的审判,严惩了一批双手沾满受害国人民鲜血的罪魁祸首,伸张了国际正义,维护了人类尊严,也是对任何复辟军国主义、再行侵略扩张不法企图的强力警示。
“若日本右翼势力执意倒行逆施,一切主张正义的国家和人民都有权利对日本的历史罪责进行再清算。”毛宁说。(完)
