Connect with us

China

ရှီကျင့်ဖိန်က ပေကျင်းမြို့တွင် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု လုပ်ငန်းများအား စစ်ဆေးကြည့်ရှု

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့ ရိကျွမ်းမြို့နယ်ရှိ နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ (IT) ဆန်းသစ် တီထွင်မှုဥယျာဉ်တွင် လာရောက် စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ ရိကျွမ်းမြို့နယ်ရှိ နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ (IT) ဆန်းသစ် တီထွင်မှုဥယျာဉ်သို့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ရောက်ရှိလာပြီး သတင်းအချက်အလက်နည်းပညာ အသုံးချကဏ္ဍ ဆန်းသစ်ဖန်တီးမှုနှင့် ပေကျင်းမြို့၏ နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုစင်တာ အရှိန်မြှင့်တည်ဆောက်ရေးအခြေအနေကို လာရောက်ကြည့်ရှုလေ့လာခဲ့သလို ကိုယ်စားပြုနိုင်သည့် သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုရလဒ်ပြပွဲကို စစ်ဆေးကြည့်ရှုကာ သိပ္ပံသုတေသနဝန်ထမ်းများနှင့် သိပ္ပံနည်းပညာလုပ်ငန်း တာဝန်ရှိပုဂ္ဂိုလ် ကိုယ်စားလှယ်များနှင့် ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့သည်။ (Xinhua)

——————-
(Chinese Version)
习近平在北京考察科技创新工作
新华社照片,北京,2026年2月9日
2月9日上午,中共中央总书记、国家主席、中央军委主席习近平来到位于北京亦庄的国家信创园,了解信息技术应用创新和北京加快建设国际科技创新中心情况,察看代表性科技创新成果展示,并同科研人员和科技企业负责人代表亲切交流。 新华社记者 燕雁 摄