Connect with us

China

စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုက တစ်ဖက်သားအား လေးစားသော၊ သဘောတူညီချက်အား လိုက်နာစောင့်ထိန်းသော အခြေခံပေါ်တွင် တည်ဆောက်သင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆာနာအဲ တာကာအိချိ၏ တရုတ်နှင့်စပ်လျဉ်းသော ပြောဆိုချက်အား တုံ့ပြန်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မကြာသေးမီက တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုအတွက် တံခါးဖွင့်လှစ်မှု သဘောထား ကိုင်ဆောင်ထားသည်ဟု ပြောဆိုချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုသည် တစ်ဖက်သားအား လေးစားသော၊ သဘောတူညီချက်အား လိုက်နာစောင့်ထိန်းသော အခြေခံပေါ်တွင် တည်ဆောက်သင့်ကြောင်း၊ ဂျပန်အနေဖြင့် တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးဖြစ်ထွန်းသောဆက်ဆံရေးအား စိတ်ရင်းအမှန်ဖြင့် ဖော်ဆောင်လိုပါက လက်တွေ့လှုပ်ရှားမှုဖြင့် တွေ့ဆုံဆွေးနွေးလိုသော စိတ်ရင်းစေတနာအား ဖော်ပြရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဖေဖော်ဝါရီ ၉ ရက်တွင် ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုအတွက် တံခါးဖွင့်လှစ်မှု သဘောထား ကိုင်ဆောင်ထားပြီး နှစ်နိုင်ငံအနေဖြင့် သဘောထားအမြင်များ ဆက်လက်ဖလှယ်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့မှတ်ချက်ပြုလိုပါသနည်း၊ တရုတ်ဘက်က ဆာနာအဲ တာကာအိချိနှင့် တွေ့ဆုံဆွေးနွေးလိုပါသလောဟု မေးမြန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာလေးနက်သောရပ်တည်ချက်အား အကြိမ်များစွာ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုသည် တစ်ဖက်သားအား လေးစားသော၊ သဘောတူညီချက်အား လိုက်နာစောင့်ထိန်းသော အခြေခံပေါ်တွင် တည်ဆောက်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမည်ဟု နှုတ်ကဆိုသော်လည်း လက်တွေ့တွင် အတိုက်အခံလုပ်ရန် အလုပ်များနေမည်ဆိုပါက ထိုကဲ့သို့ “တွေ့ဆုံဆွေးနွေးမှု” ကို မည်သူကမျှ လက်ခံမည်မဟုတ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ဂျပန်ဘက်က စိတ်ရင်းအမှန်နဲ့ တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးကို ဖော်ဆောင်ချင်ရင် သိပ်လွယ်ကူသလို သိပ်ပြီးအတိအလင်းလည်းဖြစ်ပါတယ်။ အဲဒါကတော့ ဆာနာအဲ တာကာအိချိရဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မှားယွင်းသော ပြောဆိုချက်ကို ရုပ်သိမ်းခြင်း၊ တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း လေးခုနဲ့ ဂျပန်ဘက်ကလုပ်ဆောင်ထားတဲ့ နိုင်ငံရေးကတိပြုချက်ကို လိုက်နာခြင်း၊ လက်တွေ့လှုပ်ရှားမှုဖြင့် တွေ့ဆုံဆွေးနွေးလိုသော စိတ်ရင်းစေတနာအား ဖော်ပြခြင်း တို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部回应高市早苗涉华言论:真正的对话应建立在尊重对方、恪守共识基础上
新华社北京2月10日电(记者董雪、孙楠)就日本首相高市早苗日前称对与中方开展对话持开放态度,外交部发言人林剑10日表示,真正的对话应建立在尊重对方、恪守共识基础上,日方如果真心想发展中日战略互惠关系,就以实际行动展现对话诚意。
当日例行记者会上,有记者问:日本首相高市早苗9日称,她对与中方开展对话持开放态度,两国将继续交换意见。外交部对此有何评论?中方是否愿意与高市早苗对话?
林剑说,中方已多次阐明相关严正立场。真正的对话应建立在尊重对方、恪守共识的基础上。嘴里喊着对话、手上却忙着对抗,这样的“对话”没人会接受。
“日方如果真心想发展中日战略互惠关系,很简单,也很明确,就是撤回高市早苗涉台错误言论,恪守中日四个政治文件和日方作出的政治承诺,以实际行动展现对话诚意。”他说。(完)