Connect with us

China

မကာအိုတွင် နွေဦးပွဲတော် လှည့်လည် ဖျော်ဖြေပွဲလှုပ်ရှားမှုများ ပြုလုပ်

တရုတ်နိုင်ငံ မကာအို စိန်ပေါလ်ဘုရားကျောင်းပျက်အဆောက်အအုံရှေ့တွင် ဖျော်ဖြေနေကြသော နဂါးအကအဖွဲ့အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်ပြက္ခဒိန် နှစ်ဆန်းတစ်ရက်နေ့တွင် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ခရီးသွားလုပ်ငန်းရုံးက စိန်ပေါလ်ဘုရားကျောင်းပျက်နှင့် စီနိုဒိုရင်ပြင်ရှေ့တွင် “ပျော်ရွှင်ဖွယ်နွေဦးပွဲတော်- ၂၀၂၆ ခုနှစ် နဂါးအကဖြင့် နှစ်သစ်ကူးနွေဦးပွဲတော် ကြိုဆိုခြင်း” လှည့်လည်ဖျော်ဖြေပွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ၂၃၈ မီတာ ရှည်လျားသော ရွှေနဂါးကြီးသည် မကာအို အဓိက ရှုခင်းသာခရီးသွားနေရာများသို့ လှည့်လည်ဖျော်ဖြေကြရာ ပွဲတော်အငွေ့အသက်များ ကြိုင်လှိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ရှင်းမာလမ်းတွင် ဖျော်ဖြေနေကြသော နဂါးအကအဖွဲ့အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
澳门举办春节社区巡演活动
新华社照片,澳门,2026年2月17日
农历大年初一,澳门特区旅游局在大三巴牌坊及议事亭前地举办“欢乐春节——2026年龙腾舞跃贺新春”社区巡演活动,并安排长238米的大金龙在澳门多个主要景区巡游,营造浓浓节日氛围。 1. 2月17日,舞龙队伍在澳门大三巴牌坊前地表演。新华社发(张金加摄)
2. 2月17日,舞龙队伍在澳门新马路表演。新华社发(张金加摄)