Connect with us

China

ထိုင်ဝမ်အရေးတွင် ဂျပန်က “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” ကို အသုံးချ၍ ကြားဝင်မည်ဆိုပါက တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက် တိုက်ခိုက်မှုကို မုချမသွေရင်ဆိုင်ရမည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

“ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ချစ်ကြည်ရေးအဖွဲ့ငယ်” စတင်ခြင်း အစည်းအဝေးအား နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂျပန်က မည်သည့်အကြောင်းပြချက်ဖြင့်မဆို “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” ကို အသုံးချ၍ ထိုင်ဝမ်အရေးကို ကြားဝင်စွက်ဖက်မည်ဆိုပါက တရုတ်နိုင်ငံအပေါ် ကျူးကျော်မှုမြောက်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက် တိုက်ခိုက်မှုကို မုချမသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၈ တွင် ကျင်းပသည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ကုလသမဂ္ဂအခန်းကဏ္ဍမြှင့်တင်ရေး အထူးကော်မတီ ၂၀၂၆ ခုနှစ် ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ အလေးထားပြောကြားခဲ့သည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်းကို တားမြစ်သည့် နိုင်ငံတကာအခြေခံဥပဒေ အခြေခံမူကို အတည်ပြုချမှတ်ထားကြောင်း၊ ယင်းအခြေခံမူသည် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းခြင်း၊ တတိယ ကမ္ဘာစစ်ကြီးကို ရှောင်ရှားခြင်းအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သတိပြုထိုက်သည်မှာ မကြာမီကာလများတွင် ဂျပန်ခေါင်းဆောင်က သမိုင်းဒီရေစီးကြောင်းကို နောက်ပြန်ဆန့်ကျင်ကာ တရုတ်နိုင်ငံ ထိုင်ဝမ်နှင့် ဂျပန်၏ “သေရေးရှင်ရေး အကျပ်အတည်း အခြေအနေ” ကို ပြောင်ပြောင်တင်းတင်း ချိတ်ဆက်ပြောဆိုခဲ့ကြောင်း၊ ထို့အပြင် ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေးဖြင့် ရင်ဆိုင်ရန် စိတ်ကူးယဉ်ကာ “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” ဟူသော အကြောင်းပြချက်ဖြင့် ထိုင်ဝမ်အရေးတွင် လက်နက်အင်အားသုံး၍ ကြားဝင်ရန် ကြံစည်ခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် ဥပဒေအရ အခြေအမြစ်မရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော နယ်မြေပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်အရေးကို မည်သို့ ဖြေရှင်းရန်မှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ရာ အခြားနိုင်ငံတွင် စွက်ဖက်ပိုင်ခွင့်မရှိသလို လက်အင်အားသုံး၍ “မိမိကိုယ်ကို ကာကွယ်ခြင်း” ဟူသည်ကို ပို၍ လုပ်ဆောင်ပိုင်ခွင့် မရှိကြောင်း ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။
သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် မလွဲမသွေလိုက်နာရမည့် နိုင်ငံတကာ တာဝန်ဝတ္တရားကို ဖောက်ဖျက်ခြင်းဖြစ်သလို “ကိုင်ရိုကြေညာချက်”၊ “ပေါ့စ်ဒမ်ကြေညာချက်”၊ “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” တွင် သတ်မှတ်ထားသည့် စစ်ရှုံးနိုင်ငံ၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် သတ်မှတ်ထားသည့် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားခြင်း၊ ပြည်တွင်းရေး စွက်ဖက်မှုမပြုခြင်း ဟူသော အခြေခံမူကို ချိုးဖောက်ခြင်း ဖြစ်ရာ စစ်ပွဲအလွန် နိုင်ငံတကာ စည်းစနစ်အပေါ် ပြင်းထန်စွာ စိန်ခေါ်ခြင်း ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ အဓိပ္ပာယ်မဲ့၊ မှားယွင်းသည့် ပြောဆိုချက်များသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသောနိုင်ငံများအားလုံး၏ သတိထားမှုနှင့် ဆန့်ကျင်မှု ဖြစ်ပေါ်စေသင့်ပြီး ဂျပန်က မည်သည့်အကြောင်းပြချက်ဖြင့်မဆို “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” ကို အသုံးချ၍ ထိုင်ဝမ်အရေးကို ကြားဝင်စွက်ဖက်မည်ဆိုပါက တရုတ်နိုင်ငံအပေါ် ကျူးကျော်မှုမြောက်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ထိပ်တိုက် တိုက်ခိုက်မှုကို မုချမသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国代表:日本行使“集体自卫权”介入台湾问题 中方必将迎头痛击
新华社联合国2月18日电 中国常驻联合国代表傅聪18日在《联合国宪章》和加强联合国作用特别委员会2026年届会一般性辩论上发言时强调,日本无论以任何借口行使“集体自卫权”介入台湾问题,都将构成对中国的侵略,中方必将迎头痛击。
傅聪说,《联合国宪章》确立了禁止使用武力或武力威胁的国际法基本原则,该原则对捍卫战后国际秩序、避免第三次世界大战具有重要作用。值得警惕的是,近来日本领导人逆历史潮流而动,公然将中国台湾与日本“存亡危机事态”相关联,并臆想依据日美同盟关系作出应对,妄图借所谓“集体自卫权”武力介入台湾问题。
傅聪指出,有关谬论在法律上站不住脚,台湾是中国不可分割的领土,如何解决台湾问题是中国的内政,他国无权干涉,更无权使用武力进行所谓的“自卫”。有关谬论背弃日本作为战败国必须履行的国际义务,违反《开罗宣言》《波茨坦公告》《日本投降书》规定的战败国义务。有关谬论违反《联合国宪章》规定的尊重各国主权和领土完整、不干涉内政的基本原则,是对战后国际秩序的严重挑衅。有关谬论应当引起所有爱好和平国家的警惕和反对,日本无论以任何借口行使“集体自卫权”介入台湾问题,都将构成对中国的侵略,中方必将迎头痛击。(完)
1. 2025年12月9日,“全球治理之友小组”启动会议在纽约联合国总部召开,“全球治理之友小组”正式成立。 新华社记者 张凤国 摄