China
တရုတ်နိုင်ငံ ဗဟိုအစိုးရ စီမံခန့်ခွဲသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) က R&D ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) သည် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ R&D ကဏ္ဍ၌ ငွေကြေးသုံးစွဲမှုမှာ ယမန်နှစ်က ယွမ် ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၅၁ ဘီလီယံခန့်) ရှိခဲ့ရာ နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စံသတ်မှတ်ချက်ဖြစ်သည့် ယွမ် ၁ ထရီလီယံပမာဏကို လေးနှစ်ဆက်တိုက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နိုင်ငံပိုင်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင်၏ အဆိုအရ သိရသည်။
R&D ကဏ္ဍတွင် ပြန်လည်ရင်းနှီးမြှုပ်နှံသည့် ဝင်ငွေအချိုးအစားဖြစ်သည့် R&D intensity ပမာဏသည် ယမန်နှစ်တွင် ၂.၈၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ငန်းများသည် R&D ဝန်ထမ်းဦးရေ ၁.၄၄ သန်းအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခဲ့ကာ နိုင်ငံအဆင့် R&D ပလက်ဖောင်း ၄၇၄ ခုကိုလည်း တည်ထောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းတို့သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များနှင့် သုတေသန အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်သည့် တီထွင်ဆန်းသစ်မှုများကို အထောက်အကူပေးရာတွင်လည်း ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ကော်မရှင်က ဆိုသည်။ (Xinhua)
………………..
(English Version)
China’s SOEs administered by central government expand R&D investment
BEIJING, Feb. 19 (Xinhua) — China’s state-owned enterprises (SOEs) directly administered by the central government stepped up investment in research and development (R&D) in 2025 as part of efforts to advance innovation-driven development, data from the country’s state-asset regulator showed.
Their R&D spending reached 1.1 trillion yuan (about 158.51 billion U.S. dollars) last year, marking the fourth consecutive year that annual investment exceeded the 1-trillion-yuan threshold, according to the State-owned Assets Supervision and Administration Commission of the State Council.
R&D intensity, the percentage of revenue that is reinvested in R&D, stood at 2.86 percent last year, the data showed.
These SOEs employed 1.44 million R&D personnel and had established 474 national-level R&D platforms. They have also played an increasingly important role in promoting collaborative innovation among enterprises, universities and research institutes, the commission said.
English Caption
This photo taken on July 28, 2025 shows a view of China Changan Automobile Group’s digital and intelligent factory for the new energy vehicle AVATR in southwest China’s Chongqing Municipality. (Xinhua/Chen Cheng)
