China
ဟိုင်နန်ပြည်နယ် ချန်းကျန်းတွင် စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုကို ပေါင်းစပ်ခြင်းဖြင့် ခရီးသွားများက နွေဦးအငွေ့အသက်ကို ခံစား
ချန်းကျန်း (ဟိုင်နန်)၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချန်းကျန်း လီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကျွိယွမ်ပန်းမန်ပြပွဲဥယျာဉ်အတွင်း၌ ကယ်ဆန်းပန်း၊ ဂန္ဓမာပန်း၊ စက္ကူပန်း စသည့် ပန်းမန်များ သူ့ထက်ငါအပြိုင် ပွင့်လန်းလျက်ရှိရာ ခရီးသွားဧည့်သည်များစွာ ပန်းပင်လယ်သို့ လာရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကာ ကဗျာဆန်လှသော ပန်းစိုက်ခင်းအတွင်း နွေဦးအငွေ့အသက်ကို ခံစားရန် ဆွဲဆောင်ခဲ့သည်။
ပန်းမန်လုပ်ငန်းသည် ဟိုင်နန်ပြည်နယ် ချန်းကျန်းခရိုင်၏ ထူးခြားချက်ရှိသော လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ ပန်းမန်လုပ်ငန်း ပမာဏအများအပြား တိုးတက်လာစေရန် အင်တိုက်အားတိုက် ပံ့ပိုးပေးခဲ့ပြီး ထူးခြားချက်ရှိသော ပန်းမန်များ စိုက်ပျိုးရေးနှင့် ဒေသတွင်းခရီးသွားလာမှုအား ထဲထဲဝင်ဝင်ပေါင်းစည်းလိုက်သည်။ ထိုသို့အားဖြင့် ခေတ်သစ် ကျေးလက်ခရီးသွားလာမှုကို ဖော်ဆောင်ပေးသည့်အရာတစ်ခု စူးစမ်းတည်ဆောက်ပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဟူသော သာယာလှပသည့် ပန်းချီကားချပ်ကို ရေးခြယ်လိုက်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချန်းကျန်းခရိုင်ရှိ ကျွိယွမ်ပန်းမန်ပြပွဲဥယျာဉ်ရှိ စက္ကူပန်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




—————–
(Chinese Version)
海南昌江:农旅融合 邂逅春天
新华社照片,昌江(海南),2026年2月21日
近日,在位于海南省昌江黎族自治县的聚源花卉博览园内,格桑花、硫华菊、三角梅等花卉竞相绽放,吸引了大批游客徜徉花海、打卡拍照,在诗意田园中邂逅烂漫春天。
花卉产业是海南昌江特色产业之一。近年来,当地大力扶持花卉产业规模化发展,将特色花卉种植与全域旅游深度融合,探索打造新时代乡村旅游新载体,绘就乡村振兴美丽画卷。
图说1:2月20日,游客在位于海南昌江的聚源花卉博览园格桑花海打卡拍照。 新华社记者 蒲晓旭 摄
图说2:2月20日在位于海南昌江的聚源花卉博览园拍摄的三角梅。新华社记者 蒲晓旭 摄
