Connect with us

China

အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်၏ စည်းကြပ်ခွန် တရားစွဲဆိုမှု ဆုံးဖြတ်ချက် ထုတ်ပြန်မှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မိမိတို့အနေဖြင့် အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်၏ စည်းကြပ်ခွန် တရားစွဲဆိုမှု ဆုံးဖြတ်ချက် ထုတ်ပြန်မှုအား သတိပြုမိပြီး သက်ဆိုင်ရာအကြောင်းအရာနှင့် သက်ရောက်မှုအပေါ် ဘက်စုံသုံးသပ်အကဲဖြတ်မှု လုပ်ဆောင်လျက်ရှိကြောင်း၊ အမေရိကန်ဘက်က ကုန်သွယ်ရေးမိတ်ဖက်များအပေါ် အခွန်ထပ်တိုးကောက်ခံမှုအား ထိန်းသိမ်းထားရန်အတွက် ကုန်သွယ်ရေး စုံစမ်းစစ်ဆေးမှု စသည့် အစားထိုးအစီအမံတို့အား အသုံးပြုရန် ပြင်ဆင်နေသည်ကိုလည်း မိမိတို့ သတိပြုမိကြောင်း၊ တရုတ်ဘက်အနေဖြင့် ယင်းအပေါ် အနီးကပ်စောင့်ကြည့်၍ တရုတ်ဘက်အကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်က စည်းကြပ်ခွန် တရားစွဲဆိုမှု၏ ဆုံးဖြတ်ချက်ရလဒ်အား ထုတ်ပြန်ခဲ့ရာ အမေရိကန်အစိုးရက “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” အရ သက်ဆိုင်ရာ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ထပ်တိုးကောက်ခံသည့် အလားတူစည်းကြပ်ခွန်၊ ဖန်တာနိုင်းလ် စည်းကြပ်ခွန် စသည့် သက်ဆိုင်ရာ စည်းကြပ်ခွန်များသည် တရားဥပဒေချိုးဖောက်ရာကျသည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်သတ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံသည့် အစီအမံအမျိုးမျိုးကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူဟူ၍မရှိဘဲ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် ထွက်ပေါက်မရှိဟု အကြိမ်များစွာ အလေးထားပြောကြားခဲ့ကြောင်း၊ အမေရိကန်၏ အလားတူစည်းကြပ်ခွန်၊ ဖန်တာနိုင်းလ် စည်းကြပ်ခွန် စသည့် တစ်ဖက်သတ်အစီအမံများသည် နိုင်ငံတကာ ကုန်သွယ်စီးပွားရေး စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သလို အမေရိကန်ပြည်တွင်းဥပဒေကိုလည်း ချိုးဖောက်ရာကျသောကြောင့် ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက်သည် ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းပြီး တိုက်ခိုက်လျှင် နှစ်ဖက်အထိနာမည်ကို ဖြစ်ရပ်မှန်က အကြိမ်များစွာ သက်သေထူပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဘက်က ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ထပ်တိုးကောက်ခံသည့် သက်ဆိုင်ရာ တစ်ဖက်သတ်စည်းကြပ်ခွန် အစီအမံများအား ဖယ်ရှားပေးရန် တိုက်တွန်းကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

—————-
(Chinese Version)
商务部回应美国最高法院公布关税诉讼案裁决结果:正对相关内容和影响进行全面评估
新华社北京2月23日电 商务部新闻发言人23日表示,我们注意到美国最高法院公布关税诉讼案裁决结果,正在对相关内容和影响进行全面评估。我们也注意到,美方正在准备采取贸易调查等替代措施,以期维持对贸易伙伴加征的关税,中方将对此保持密切关注并坚定维护中方利益。
有记者问:美东时间2月20日,美国最高法院公布关税诉讼案裁决结果,判定美国政府依据《国际紧急经济权力法》对相关贸易伙伴加征的对等关税、芬太尼关税等相关关税违法。请问商务部对此有何评价?商务部新闻发言人对此作出上述回应。
发言人说,中方一贯反对各种形式的单边加征关税措施,反复强调贸易战没有赢家,保护主义没有出路。美方对等关税、芬太尼关税等单边措施既违反国际经贸规则,也违反美国内法,不符合各方利益。事实反复证明,中美双方合则两利,斗则俱伤。中方敦促美方取消对贸易伙伴加征的有关单边关税措施。(完)