China
စီချွမ်းပြည်နယ် တယ်ယန်မြို့က လက်လုပ်ဂျုံခေါက်ဆွဲခြောက်လုပ်ငန်းဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလမ်း ဖော်ဆောင်
တယ်ယန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် တယ်ယန်မြို့ ကျုံးကျန်းခရိုင် ကြွယ်ဟွေ့ကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများသည် ရာသီဥတုသာယာသည့် နေသာခိုက်တွင် လက်လုပ်ဂျုံခေါက်ဆွဲခြောက်များကို နေ့စဉ်ရက်ဆက် အပြိုင်အဆိုင်ပြုလုပ်နေကြသည်။
အိမ်တိုင်း၏ အိမ်ရှေ့နှင့် အိမ်နောက်ဖေးတွင် ခေါက်ဆွဲမျှင်များကို ချိတ်ကာ နေလှန်းနေကြသည်မှာ ငွေချည်မျှင်များ တွဲလောင်းချထားသည့်ပမာ ဖြစ်ပေသည်။ ယင်း ဒြပ်မဲ့ယဉ်ကျေးမှုလက်ရာသည် ပြည်သူများ၏ နေ့စဉ်ဘဝတွင် သက်ဝင်ထင်ရှားစွာ လက်ဆင့်ကမ်း ဆက်ခံလျက်ရှိသည်။
အဆိုပါကျေးရွာလေးသည် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် ကျုံးကျန်း လက်လုပ်ဂျုံခေါက်ဆွဲခြောက် လက်မှုပညာကို အဓိကထား၍ ခေါက်ဆွဲယဉ်ကျေးမှုပြတိုက်၊ အထူးခေါက်ဆွဲရသာမွန်စားဖွယ်ရာလမ်း၊ ရိုးရာဓလေ့အတွေ့အကြုံများခံစားခြင်း စသည့် အမျိုးစားစုံလင်သော ခရီးသွားလုပ်ငန်းကဏ္ဍများကို ဖန်တီးပြီး “ဒြပ်မဲ့ယဉ်ကျေးမှု + ကုန်ထုတ်လုပ်မှု + ယဉ်ကျေးမှုခရီးသွားလာခြင်း” ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်သော ကျေးလက်ဖွံ့ဖြိုးရေးလမ်းသစ်ကို လျှောက်လှမ်းနိုင်ခဲ့သည်။
လက်ရှိတွင် ကြွယ်ဟွေ့ကျေးရွာမှ ထုတ်လုပ်သော လက်လုပ်ဂျုံခေါက်ဆွဲခြောက် ထုတ်ကုန်များသည် တရုတ်နိုင်ငံ ပြည်တွင်းရှိ ပြည်နယ်ပေါင်း ၂၉ ပြည်နယ်သို့ ရောင်းချလျက်ရှိသလို မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၀ ကျော်အထိပင် ရောင်းချလျက်ရှိရာ ကျေးရွာ တစ်ရွာလုံးရှိ ရွာသူ၊ ရွာသား ၃၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။ (Xinhua)




——————–
(Chinese Version)
四川德阳:挂面拉出乡村振兴路
新华社照片,德阳(四川),2026年2月23日
连日来,四川省德阳市中江县觉慧村村民抢抓晴好天气制作手工挂面,家家户户房前屋后晾晒的挂面如银丝垂落,非遗技艺在烟火气中活态传承。 该村以入选省级非物质文化遗产名录的中江手工挂面工艺为核心,打造面条文化馆、特色面食街、民俗体验等多元旅游业态,走出一条“非遗+产业+文旅”融合发展的乡村振兴新路。截至目前,觉慧村生产的手工挂面产品销往国内29个省份,远销马来西亚、新加坡等10余个国家和地区,带动全村超300名村民就业。
1. 2月22日,在四川省德阳市中江县觉慧村,村民在晾晒手工面条。新华社发(罗大富 摄)
