China
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်၏ တရုတ်နိုင်ငံခရီးစဉ် အစီအစဉ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်သည် ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဖေဖော်ဝါရီ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယခုအကြိမ်ခရီးစဉ်နှင့် စပ်လျဉ်း၍ အစီအစဉ်များအား မိတ်ဆက်ပြောကြားခဲ့သည်။
မော်နင်က ယခုအကြိမ်ခရီးစဉ်သည် ဖရီးဒရစ်မက်ဇ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် ၎င်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ်လီချန်ကလည်း ၎င်းနှင့်ဆွေးနွေးကာ နှစ်ဖက်ဆက်ဆံရေးနှင့် အတူတကွ ဂရုပြုကြသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နဲ့ ဂျာမနီက ပူးပေါင်းဆောင်ရွက်ပြီး ဘုံအကျိုးစီးပွားဖော်ဆောင်တဲ့ ဘက်စုံထောင့်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပါတယ်။ နှစ်နိုင်ငံအဆင့်မြင့်အလွှာ သွားလာဆက်ဆံမှု ရင်းနှီးသလို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်ခဲ့ပါတယ်။ တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံပြည်သူတွေအတွက် လက်တွေ့ကျကျ အကျိုးစီးပွား သယ်ဆောင်လာပေးပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့အနေနဲ့ တရုတ်-ဂျာမနီဆက်ဆံရေး ကောင်းမွန်စွာတိုးတက်မှုက နှစ်ဖက်အကျိုးစီးပွား၊ တစ်ကမ္ဘာလုံး မျှော်လင့်ချက်နဲ့ ကိုက်ညီပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနှင့်အတူ ယခုအကြိမ်ခရီးစဉ်ကို အခါအခွင့်အဖြစ်ထားရှိကာ နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုမြှင့်တင်ခြင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင်ဖော်ဆောင်ခြင်း၊ အပြန်အလှန်လေးစားသော၊ တန်းတူညီမျှဆက်ဆံသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော အခြေခံမူကို အရင်းခံကာ တရုတ်-ဂျာမနီဆက်ဆံရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုရရှိရန် တွန်းအားပေးပြီး ကမ္ဘာကြီး ငြိမ်းချမ်းမှုနှင့် စည်ပင်ဝပြောမှုအတွက် ပိုမိုများပြားစွာ အကျိုးထမ်းဆောင်ပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部介绍德国总理默茨访华有关安排
新华社北京2月24日电(记者万倩仪、朱超)德国总理默茨将于2月25日至26日对中国进行正式访问。外交部发言人毛宁24日在例行记者会上介绍此访有关安排。
毛宁表示,此访是默茨就任以来首次访华。访问期间,习近平主席将同他会见,李强总理将同他会谈,就双边关系和共同关心的问题交换意见。
“中德是合作共赢的全方位战略伙伴,两国高层交往密切,务实合作持续深化。中德合作互惠互利,为两国人民带来实实在在的利益。作为世界第二大和第三大经济体,中德关系良好发展符合双方利益和世界的期待。”毛宁说。
她表示,中方愿同德方以此访为契机,增进理解互信,深化务实合作,秉持相互尊重、平等相待、互利共赢的原则,推动中德关系取得更大发展,共同为世界和平与繁荣作出更大贡献。(完)
图说:2月13日,在德国慕尼黑,德国总理默茨在第62届慕尼黑安全会议(慕安会)开幕式上致辞。新华社记者 李颖 摄
