Connect with us

China

ဖုဟွာနှင့်တောင်ဘက်ခြမ်းစင်တာ အမှုဆောင်ဒါရိုက်တာ Carlos Correa တွေ့ဆုံဆွေးနွေး

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ တောင်ဘက်ခြမ်းစင်တာ (South Centre) အမှုဆောင်ဒါရိုက်တာ Carlos Correa နှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနှင့် တောင်ဘက်ခြမ်းစင်တာသည် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးဖော်ဆောင်သည့် ခရီးစဉ်တွင် “တစ်ခရီးတည်း လျှောက်လှမ်းသူများ” ဖြစ်ကြကြောင်း၊ အဖွဲ့အစည်းနှစ်ခုသည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းအသံများအား အတူတကွဖြန့်ချိကာ ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုအား မှတ်တမ်းတင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းအင်အားများကို စုစည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအား တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Carlos Correa က ဖုဟွာ လာရောက်မှုအား လှိုက်လှဲစွာကြိုဆိုခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် စုစည်းမှုနှင့် ထုတ်ပြန်မှုစနစ်ဖြင့် ကြွယ်ဝ၍ အမျိုးစုံလင်သော သတင်းအချက်အလက်ထုတ်ကုန်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် သတင်းအချက်အလက်ထုတ်ကုန်ဖလှယ်ရေး၊ လူပုဂ္ဂိုလ်လေ့ကျင့်ရေး၊ အပြန်အလှန်ခရီးစဉ်သွားရောက်၍ ဖလှယ်မှု စသည့်ကဏ္ဍများ၌ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ပြီး အကောင်အထည်ဖော်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
傅华会见南方中心执行主任科雷亚
新华社日内瓦2月24日电(记者褚怡 焦倩)新华社社长傅华24日在瑞士日内瓦会见南方中心执行主任卡洛斯·科雷亚,双方签署新闻合作谅解备忘录。
傅华表示,新华社与南方中心在推动南方发展的征程上是坚定的“同路人”。希望两机构未来加强合作,共同传播南方声音、记录南方发展、汇聚南方力量,推动全球南方合作共赢、发展振兴。
科雷亚热烈欢迎傅华到访。他说,新华社依托全球新闻信息采集与发布体系,持续推出丰富多样的新闻信息产品。期待双方进一步加强在新闻信息产品交换、人员培训、互访交流等方面的务实合作,形成更多可落地的合作成果。(完)