China
သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု ခွန်အားပြည့်ခိုင်မာသော ခြေလှမ်းများ- “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလ ပုံရိပ်များအား ပြန်လည်ကြည့်ရှုခြင်း
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိဖြစ်သော တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလတွင် တရုတ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများမှာ လမ်းသစ်ထွင်သည့်တိုးတက်မှု၊ အောင်မြင်ကျော်လွှားသည့် ပြုပြင်ပြောင်းလဲမှု၊ သမိုင်းတွင်သည့် အောင်မြင်မှုများ ရရှိခဲ့ရာ တရုတ်နိုင်ငံ၏ အောင်မြင်မှုအဖြေလွှာက တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။
“၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုကို ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှု အခင်းအကျင်းတစ်ခွင်လုံး၏ အချက်အချာနေရာတွင် ထားရှိပြီး သိပ္ပံနည်းပညာ၌ ကိုယ်ပိုင်ရပ်တည်မှု၊ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ပံ့ပိုးမှုအဖြစ် သတ်မှတ်ခဲ့သည်။ ၅ နှစ်တာကာလတွင် အရေးပါသော မူရင်းသိပ္ပံဆန်းသစ်တီထွင်မှု ရလဒ်များ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာခြင်း၊ သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်းများကို နက်ရှိုင်းစွာ ပေါင်းစည်းခြင်း၊ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား တက်ကြွစွာ ဖွံ့ဖြိုးကြီးထွားလာခြင်း စသည့် အသစ်ဆီသို့ ဦးတည်ကာ ရှေ့ဆက်လျှောက်ခြင်း၊ တက်ကြွမှုများ ထွက်ပေါ်လာခြင်းတို့နှင့်အတူ တရုတ်နိုင်ငံ၏ နည်းပညာဆန်းသစ်တီထွင်မှု သတင်းကောင်းများ မကြာခဏပေါ်ထွက်လာခဲ့သည်။ နိုင်ငံကြီး၏ အရေးပါသည့် စက်ကိရိယာများက ဆန်းသစ်တီထွင်မှု အစွမ်းသတ္တိကို ထင်ဟပ်စေပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွသော စွမ်းအားများ ဖြည့်တင်းပေးခဲ့သလို အဆင့်မြင့် သိပ္ပံနည်းပညာအပေါ် ကိုယ်ပိုင်ရပ်တည်မှု၊ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ပုံရိပ်အသစ်ကို လျင်မြန်စွာ ရေးဆွဲနိုင်စေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ ရှန်ကျိုး-၁၅ အာကာယာဉ်မှူးအဖွဲ့နှင့် ရှန်ကျိုး-၁၄ အာကာယာဉ်မှူးအဖွဲ့တို့၏ အာကာသ စုပေါင်းဓာတ်ပုံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းအာကာသပျံသန်းမှုထိန်းချုပ်ရေးစင်တာ၏ ဖန်သားပြင်ပေါ်မှ ရိုက်ကူးထားသော Chang’e-6 နမူနာစုဆောင်းသည့်မြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်တွင် ပြန်လည်ပြသစဉ် (ဆင်ဟွာ)










………………
(Chinese Version)
影像回眸“十四五”——科技创新 步伐铿锵!
新华社照片,北京,2026年2月25日
2021-2025,国民经济和社会发展第十四个五年规划期间,我国经济社会发展取得新的开创性进展、突破性变革、历史性成就,中国答卷举世瞩目。
“十四五”期间,我国坚持创新在现代化建设全局中的核心地位,把科技自立自强作为国家发展的战略支撑。五年来,重大原创成果加速涌现,科技与产业深度融合,新质生产力蓬勃生长……向新而行、活力迸发,中国科技创新捷报频传,大国重器彰显创新底气,为高质量发展注入澎湃动能,加快绘就高水平科技自立自强新图景。
图说1:2021年11月19日,在北京故宫午门拍摄的中国空间站过境照片(轨迹为多张照片堆栈)。 新华社记者 邢广利 摄
图说2:2022年11月30日在酒泉卫星发射中心拍摄的神舟十五号航天员乘组与神舟十四号航天员乘组太空合影的画面。新华社记者 郭中正 摄
图说3:2024年6月4日7时38分,嫦娥六号上升器携带月球样品自月球背面起飞,随后成功进入预定环月轨道。嫦娥六号完成世界首次月球背面采样和起飞。这是当日在北京航天飞行控制中心屏幕上拍摄的嫦娥六号取样回放画面。新华社记者 金立旺 摄
