Connect with us

China

ဆင်ဟွာသတင်းဌာနနှင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် အားကစားအဖွဲ့ချုပ် (FISU) သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဆွစ်ဇာလန်နိုင်ငံ လူဆားနီးမြို့၌ ဆင်ဟွာသတင်းဌာနနှင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် အားကစားအဖွဲ့ချုပ် (FISU) တို့ သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ရာ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် FISU ဥက္ကဋ္ဌ Leonz Eder တို့ လက်မှတ်ရေးထိုးပြီးနောက် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လူဆားနီး၊ ဆွစ်ဇာလန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာနနှင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် အားကစားအဖွဲ့ချုပ် (FISU) တို့သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ လူဆားနီးမြို့၌ သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။
နှစ်ဖက်အနေဖြင့် သတင်းအချက်အလက်ထုတ်ကုန်လဲလှယ်ရေး၊ လူပုဂ္ဂိုလ်အပြန်အလှန်ဖလှယ်ရေး၊ သတင်းစုစည်းတည်းဖြတ်မှုနှင့် နည်းပညာဝန်ထမ်း လုပ်ငန်းဆိုင်ရာလေ့ကျင့်မှု ဆွေးနွေးရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တက္ကသိုလ်အားကစားကဏ္ဍ ဖြန့်ချိမှုကို အတူတကွ တွန်းအားပေးဖော်ဆောင်ရန် သဘောတူညီခဲ့သည်။
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဆင်ဟွာသတင်းဌာနသည် ကျောင်းဝန်းအားကစား၊ ကျောင်းသားအားကစားလှုပ်ရှားမှုအပေါ် သတင်းတင်ဆက်မှုအား များစွာအလေးထားကြောင်း၊ နှစ်ဖက်အနေဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို အခါအခွင့်အဖြစ်ထားရှိကာ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်၍ တရုတ်နိုင်ငံမှသည် တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ FISU ၏ လူသိများမှုနှင့် လွှမ်းခြုံမှုအား မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
FISU ဥက္ကဋ္ဌ Leonz Eder က ဆင်ဟွာသတင်းဌာနအနေဖြင့် ကမ္ဘာကြီးထံသို့ တက္ကသိုလ် အားကစားလှုပ်ရှားမှု အကြောင်းအရာများအား တင်ဆက်ဖော်ပြရန် ကာလကြာရှည်စွာ ကြိုးပမ်းမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် နှစ်ဖက်ပူးပေါင်းဖလှယ်မှုအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၏ အရေးကြီးမှတ်ကျောက်တိုင်ဖြစ်ပြီး FISU နှင့် ဆင်ဟွာသတင်းဌာန ဟူသည့် နိုင်ငံတကာလွှမ်းမိုးမှုရှိသော မီဒီယာအဖွဲ့အစည်း၏ မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ရောက်ရှိခြင်းကို အမှတ်သင်္ကေတပြုနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင် ဖုဟွာသည် နိုင်ငံတကာ မြင်းစီးအားကစားအဖွဲ့ချုပ် (FEI) ဥက္ကဋ္ဌ OIngmar De Vos နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလတွင် ဆင်ဟွာသတင်းဌာနနှင့် FEI တို့ လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအခြေခံပေါ်တွင် ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးနက်ရှိုင်းစေရန်၊ အဖွဲ့အစည်းနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ တက်ရောက်ရေးကို တွန်းအားပေးရန် သဘောတူညီခဲ့သည်။ (Xinhua)

——————
(Chinese Version)
新华社与国际大学生体育联合会签署合作谅解备忘录
新华社瑞士洛桑2月25日电(记者褚怡 丁英华)新华通讯社与国际大学生体育联合会(国际大体联)25日在瑞士洛桑签署新闻合作谅解备忘录。
双方同意在新闻信息产品交换、人员交流、采编和技术人员业务培训研讨等方面加强合作,共同推动大学体育运动传播。
新华社社长傅华说,新华社高度重视对学校体育、学生体育的报道。希望双方以签署备忘录为契机,进一步加强沟通协作,提升国际大体联在中国乃至全球范围内的知名度与影响力。
国际大体联主席雷诺·艾德对新华社长期致力于向世界讲述大学体育运动故事表示感谢。他说,此次备忘录的签署是双方深化交流合作的重要里程碑,标志着国际大体联与新华社这一具有国际影响力的媒体机构的伙伴关系迈上新台阶。
当日,傅华还会见了国际马联主席英格玛·德沃斯,双方同意在2025年4月新华社与国际马术联合会签署的合作备忘录基础上,进一步深化沟通协作,推动两机构的合作迈上新台阶。(完)
图说:2月25日,新华通讯社与国际大学生体育联合会(国际大体联)在瑞士洛桑签署新闻合作谅解备忘录。这是新华社社长傅华与国际大体联主席雷诺·艾德在签署备忘录后合影。 新华社记者 连漪 摄