China
နွေဦး တောင်ပေါ် တောပန်းပွင့်လန်းချိန် သာယာသော ကျေးလက်ရှုမြင်ကွင်းက အတူတကွကြွယ်ဝမှုကို အားဖြည့်ပေး
ကျန့်တယ် (ကျဲ့ကျန်း)၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျန့်တယ်မြို့ ဆန်းတူးမြို့နယ်ရှိ တရုတ်မူ (Mu) သောင်းချီရှိသော တောရိုင်းချယ်ရီပန်းများသည် သူ့ထက်ငါအပြိုင် ပွင့်လန်းသည့်ရာသီချိန်သို့ ရောက်ရှိလာသည်။ “ထျန်းလုလမ်းတွင် ချယ်ရီပန်းများရှာဖွေခြင်း – တောတောင်များကြားတွင် နွေဦးနှင့်တွေ့ဆုံခြင်း” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ကျန့်တယ်မြို့ ဆန်းတူးမြို့နယ် နွေဦးကာလ တောပန်းပွင့်ချိန် ခရီးသွားရာသီ လှုပ်ရှားမှုကို ချန်ယွမ်ရွာ တောင်ပတ်ကားလမ်းရှိ ချယ်ရီပန်းများ အဓိကရှုစားရာဇုန်အတွင်း၌ စတင်ခဲ့သည်။
ပန်းရောင်၊ အဖြူရောင် တောရိုင်းချယ်ရီပန်းများ တောင်တန်းအပြည့် ဆက်တိုက်ပွင့်လန်းလာမှုသည် တောင်ပေါ်ရွာလေးကို နွေဦးအလှတရားများဖြင့် လှပသော ပန်းချီကားချပ်ပမာ တန်ဆာဆင်ပေးလိုက်ရာ ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်ရန် ဆွဲဆောင်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကာလအတွင်း ဆန်းတူးမြို့နယ်တွင် ဆက်စပ်အကြောင်းအရာ လှုပ်ရှားမှုများလည်း ကျင်းပသွားခဲ့ရာ သဘာဝပတ်ဝန်းကျင်ရှုစားမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ လက်တွေ့ခံစားမှု၊ ကုန်ထုတ်လုပ်ငန်းမိတ်ဆက်မှုနှင့် လူရည်ချွန်များဆွဲဆောင်မှု စသည်တို့ကို ပေါင်းစပ်၍ လူငယ်များ ကျေးလက်သို့လာရောက်ခြင်း၏ ရလဒ်အသစ်နှင့် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှု ပေါင်းစပ်ထားသည့် မြင်ကွင်းအသစ်ကို ဘက်စုံတင်ဆက်ဖော်ပြကာ ဒေသန္တရနေအိမ်တည်းခိုခန်း၊ စိုက်ပျိုးရေး အပန်းဖြေတည်းခိုခန်းတို့တွင်လည်း စားသုံးမှု တိုးမြှင့်ပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျန့်တယ်မြို့ ဆန်းတူးမြို့နယ် ချန်ယွမ်ရွာ ပါးမူချိုးဒေသတွင် တောရိုင်းချယ်ရီပန်းများ ရှုစားနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျန့်တယ်မြို့ ဆန်းတူးမြို့နယ်ရှိ တောင်တန်းများကြားတွင် ပွင့်လန်းနေသော တောရိုင်းချယ်ရီပန်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



———————
(Chinese Version)
美丽中国|万亩山花迎春来 山乡美景助共富
新华社照片,建德(浙江),2026年2月25日
近日,浙江省建德市三都镇数万亩野生樱花进入盛花期,以“天路寻樱·山野赴春”为主题的2026建德三都春季山花旅游季活动在前源村盘山公路核心赏樱区开启。漫山遍野的粉色、白色野樱花次第绽放,将山乡装点成春意盎然的美丽画卷,吸引众多游客前来打卡。活动期间,三都镇推出系列主题活动,融合自然观光、农事体验、产业推介和人才招引,全面呈现青年入乡新成效和农文旅融合新场景,带动当地民宿、农家乐消费升温。
图说1:2月25日拍摄的漫山遍野盛开的野樱花(无人机照片)。新华社记者 徐昱 摄
图说2:2月25日,游客在三都镇前源村八亩丘观赏野樱花。新华社记者 徐昱 摄
图说3:2月25日拍摄的山间盛开的野樱花。新华社记者 徐昱 摄
