Connect with us

China

ရှီကျင့်ဖိန်နှင့် ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့ ဒုတိယနှင့် တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့များ ကိုယ်စီဖြစ်ကြရာ တရုတ်-ဂျာမနီ ဆက်ဆံရေးသည် နှစ်နိုင်ငံအကျိုးစီးပွားနှင့် သက်ဆိုင်ရုံသာမက ဥရောပနှင့် ကမ္ဘာကြီးအတွက်လည်း အရေးပါသည့် ဆက်စပ်သက်ရောက်မှုများ ရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတကာ အခြေအနေသည် ဒုတိယကမ္ဘာစစ် အဆုံးသတ်ပြီးနောက်ပိုင်း အနက်ရှိုင်းဆုံးသော ဆင့်ကဲပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း၊ ကမ္ဘာကြီး ပြောင်းလဲရှုပ်ထွေးမှု ပို၍များပြားလာသည်နှင့်အမျှ တရုတ်-ဂျာမနီ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ရန်၊ မဟာဗျူဟာအပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ စဉ်ဆက်မပြတ်ရရှိရေး တွန်းအားပေးရန် ပို၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ဂျာမနီ ဆက်ဆံရေး တိုးတက်မှု ထပ်မံမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရှီကျင့်ဖိန်က သဘောထား ၃ ချက် အဆိုပြုခဲ့သည်။

ပထမအနေဖြင့် အပြန်အလှန်ထောက်ခံအားပေးသော ယုံကြည်စိတ်ချရသည့် မိတ်ဖက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်-ဂျာမနီ နှစ်နိုင်ငံစလုံးသည် ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်တည်ကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြရာ အပြန်အလှန်လေးစား၍ အပြန်အလှန်ယုံကြည်မှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားလျက် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော အောင်မြင်မှုအကြောင်းအရာများကို ရေးသားခဲ့ကြခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဖော်ဆောင်ရန် စွမ်းရည်နှင့် ယုံကြည်ချက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဂျာမနီအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဆက်လက် မျှဝေသွားမည် ဖြစ်ကြောင်း၊ ဂျာမနီဘက်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန်၊ တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်၍ လက်တွေ့ကျသော မူဝါဒများ ကျင့်သုံးရန်၊ တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဂျာမနီ ဆက်ဆံရေး ရေရှည် တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းမှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် တံခါးဖွင့်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဆန်းသစ်တီထွင်မှုမိတ်ဖက်အဖြစ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ဂျာမနီအစိုးရက နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ် စသည့် ကဏ္ဍများတွင် အဆိုပြုခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအသစ်များသည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ” စမတ်အသွင်၊ အစိမ်းရောင်အသွင်၊ ပေါင်းစည်းမှုအသွင် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် အလွန် ကိုက်ညီကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံ လူရည်ချွန်၊ ဗဟုသုတ၊ နည်းပညာကဏ္ဍ နှစ်ဖက်အပြန်အလှန်စီးဆင်းမှုကို ထောက်ခံရန်၊ ဉာဏ်ရည်တု စသည့် ခေတ်ရှေ့ပြေးကဏ္ဍများ၌ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ဆက်ဆံရေးကို မှန်ကန်စွာ ကိုင်တွယ်ကာ အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးစီးပွားဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ရှာဖွေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် ချောမွေ့စွာ စီးဆင်းရန် အတူကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် အပြန်အလှန် သိရှိနားလည်၍ ရင်းနှီးကျွမ်းဝင်သော လူမှုယဉ်ကျေးမှုကဏ္ဍမိတ်ဖက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်-ဂျာမနီ နှစ်နိုင်ငံစလုံးသည် နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရများ ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးများ ဖြစ်ရာ နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု အပြန်အလှန်သင်ယူလေ့လာခြင်းကို အားဖြည့်ရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို နီးကပ်စေရန်၊ တရုတ်-ဂျာမနီ ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မာမြဲမြံစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရှိန်အဟုန်ဖြင့် ဆင့်ကဲပြောင်းလဲနေသည့် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးအနေဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ ကံကြမ္မာအကျိုးတူအဖြစ် ရပ်တည်သင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်-ဂျာမနီအနေဖြင့် ကုလသမဂ္ဂ၏ အချက်အချာကျသည့်အခန်းကဏ္ဍကို အခိုင်အမာထားရှိရန်၊ ကုလသမဂ္ဂ ဦးဆောင်သောအခန်းကဏ္ဍကို ပြန်လည်အားကောင်းစေရန် ဆောင်ရွက်သင့်ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ ကာကွယ်ထိန်းသိမ်းသူ၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၏ လက်တွေ့ဖော်ဆောင်သူ၊ လွတ်လပ်သောကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်သူ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၏ ရှေ့ဆောင်လမ်းပြုသူအဖြစ် ဦးဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပ၏ ကိုယ်ပိုင်ရပ်တည်၍ ကိုယ်တိုင်တိုးတက်အောင် ဆောင်ရွက်ခြင်းအပေါ် ထောက်ခံကြောင်း၊ ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ၊ ရည်ရွယ်ချက်တူ ရှေ့သို့လျှောက်လှမ်းရန်၊ မဟာဗျူဟာမိတ်ဖက်အနေအထားကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းစေခြင်းကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ တရုတ်-ဥရောပ ဆက်ဆံရေး ပို၍ကြီးမားစွာ တိုးတက်ရေးကို ဖော်ဆောင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ကြီးမားသောအကျိုးကို ဆောင်ကြဉ်းရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖရီးဒရစ် မက်ဇ်က တရုတ်ပြည်သူများ နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေချိန်၌ တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်ခြင်းအတွက် အလွန် ဝမ်းမြောက်ကြောင်း၊ တရုတ်ပြည်သူများက မြင်းနှစ်တွင် မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။
ဂျာမနီ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ချစ်ကြည်ရင်းနှီးသော ကူးလူးဖလှယ်မှုနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းလျက်ရှိရာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းခဲ့ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလေးထားရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးသော အစဉ်အလာကို ဆက်ခံရန်၊ အပြန်အလှန်လေးစားမှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ လက်ကိုင်ထားရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျာမနီစီးပွားရေးလုပ်ငန်းလောကက တရုတ်ဈေးကွက်ကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ နိုင်ငံတကာအခြေအနေ နက်ရှိုင်းစွာ ပြောင်းလဲလျက်ရှိရာ ဂျာမနီ-တရုတ် နှစ်နိုင်ငံ၏ ပခုံးထက်တွင် ကမ္ဘာ့စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းသည့် အရေးကြီးတာဝန်ကို ထမ်းရွက်ထားကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ လွတ်လပ်သောကုန်သွယ်ရေးကို ခိုင်မာစွာလက်ကိုင်ထားရန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်ရန် မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား ယုံကြည်စိတ်ချ၍ ရေရှည်တည်တံ့သော ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် နှစ်ဖက်အကျိုးစီးပွားနှင့်ကိုက်ညီသလို ကမ္ဘာ့တည်ငြိမ်ဝပြောရေးအတွက်လည်း အကျိုးရှိရာ ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ-တရုတ် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ထောက်ခံအားပေးကြောင်း ဖရီးဒရစ် မက်ဇ်က ပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံအကြီးအကဲများက ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်များကို ရှင်းလင်းပြောကြားရာတွင် အဓိကအချက်မှာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရေးနည်းလမ်းများကို ရှာဖွေရန်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ဘက်ပေါင်းစုံ တန်းတူညီမျှ ပါဝင်ကာ ငြိမ်းချမ်းရေးအခြေခံခိုင်မြဲစေရန် အာမခံရမည်ဖြစ်သလို ဘက်အသီးသီး၏ ကျိုးကြောင်းဆီလျော်သည့် စိုးရိမ်မှုများကို ဂရုပြုကာ ငြိမ်းချမ်းရေးသဘောဆန္ဒကို မြှင့်တင်ရန် အာမခံရမည်ဖြစ်ပြီး ဘုံလုံခြုံရေးကို ဖော်ဆောင်ကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးမူဘောင်တည်ဆောက်ရန် အာမခံရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ ပူးတွဲသတင်းကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ရှီကျင့်ဖိန်နှင့် ဖရီးဒရစ် မက်ဇ် အတူ လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
习近平会见德国总理默茨
新华社北京2月25日电(记者董雪)2月25日下午,国家主席习近平在北京钓鱼台国宾馆会见来华进行正式访问的德国总理默茨。
习近平指出,中国和德国分别是世界第二、第三大经济体,中德关系不仅关乎两国利益,也对欧洲和世界有重要辐射效应。当前国际形势正在经历第二次世界大战结束以来最深刻演变。世界越是变乱交织,中德两国越要加强战略沟通、增进战略互信,推动中德全方位战略伙伴关系不断得到新发展。
习近平对下一步中德关系发展提出三点意见。一是要做相互支持的可靠伙伴。中德两国都立足自身、快速发展,坚持互尊互信、开放合作,书写了互利共赢的成功故事。中国坚持和平发展道路,有能力和底气实现中国式现代化,将继续同包括德国在内的世界各国分享发展机遇。希望德方客观理性看待中国发展,奉行积极、务实的对华政策,同中方一道推动中德关系行稳致远。
二是要做开放互利的创新伙伴。德国政府在技术、创新、数字等领域提出新发展战略,同中国“十五五”时期智能化、绿色化、融合化发展方向高度契合。双方应加强发展战略对接,支持两国人才、知识、技术双向流动,促进人工智能等前沿领域对话合作。双方要正确把握竞争和合作的关系,寻求互利共赢的合作路径,共同维护产业链供应链稳定畅通。
三是要做相知相亲的人文伙伴。中德都是拥有深厚文化底蕴的大国,双方要加强文明互学互鉴,密切人文交流,巩固中德友好民意基础。
习近平强调,面对加速演进的世界百年变局,各国应该风雨同舟、命运与共。中德应坚持联合国的核心地位,重振联合国的主导作用,带头做多边主义的维护者、国际法治的践行者、自由贸易的捍卫者、团结协作的倡导者。中方支持欧洲自立自强,希望欧方同中方相向而行,坚持战略伙伴定位,坚持开放包容、合作共赢,实现中欧关系更大发展,为世界和平与发展作出更大贡献。
默茨表示,很高兴在中国人民欢庆春节的时候来华访问,祝中国人民马年吉祥。德中建交以来保持着友好交往和密切合作,为两国人民带来福祉。德方珍视对华关系,坚定奉行一个中国政策,愿同中方一道,延续友好传统,坚持相互尊重、开放合作,不断深化两国全方位战略伙伴关系。德国企业界高度重视中国市场,希望进一步深化对华合作,实现互利互惠、共同发展。国际局势正在发生深刻变化,德中肩负着共同应对全球挑战的重要责任。德方期待同中方加强协调,坚持自由贸易,反对保护主义。欧盟同中国发展可靠和持久的经贸合作关系符合双方利益,也有利于世界稳定繁荣,德方支持欧中加强对话与合作。
两国领导人就乌克兰危机交换意见。习近平阐述中方原则立场,指出关键是坚持通过对话谈判寻求解决方案。要确保各方平等参与,筑牢和平基础;确保照顾各方合理关切,增强和平意愿;确保实现共同安全,构建持久和平架构。
双方发表《中华人民共和国和德意志联邦共和国联合新闻声明》。
王毅参加会见。(完)
1,2. 2月25日下午,国家主席习近平在北京钓鱼台国宾馆会见来华进行正式访问的德国总理默茨。
新华社记者 李响 摄
3. 2月25日下午,国家主席习近平在北京钓鱼台国宾馆会见来华进行正式访问的德国总理默茨。这是会见后,习近平同默茨一起散步。新华社记者 申宏 摄