China
တရုတ်-ဂျာမနီ နှစ်ဖက်ကုမ္ပဏီလုပ်ငန်းများအကြား စီးပွားရေးသဘောတူစာချုပ် ၁၀ ခု ကျော်ရှိဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ် ဦးဆောင်သော အဆင့်မြင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ်-ဂျာမနီ နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွားကဏ္ဍ၌ နက်ရှိုင်းသော ကူးလူးဖလှယ်မှုများ ပြုလုပ်ခဲ့ရာ တက်ကြွ၍ လက်တွေ့ကျသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်က ဖေဖော်ဝါရီ ၂၆ ရက်၌ ကျင်းပသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နှစ်ဖက်ကုမ္ပဏီလုပ်ငန်းများအကြား မော်တော်ကား၊ စက်ပစ္စည်း၊ စွမ်းအင်၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး စသည့် လုပ်ငန်းများနှင့်ဆက်စပ်သော စီးပွားရေးသဘောတူစာချုပ် ၁၀ ခုကျော် လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ် ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်တွန်းအားပေးမည်ဖြစ်သလို အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်ခြင်းကို တိုးချဲ့ကာ တရုတ်-ဂျာမနီ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သည့် အခွင့်အလမ်းများ ဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း ဟယ်ရုန်ချန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး ကုန်သွယ်စီးပွားမူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ တရုတ်-ဂျာမနီ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ တရုတ်-ဂျာမနီ စီးပွားရေး အကြံပေးကော်မတီ စသည့် ယန္တရားများနှင့် ပလက်ဖောင်းများကို ကောင်းမွန်စွာ အသုံးပြုကာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို တိုးချဲ့သွားမည်ဖြစ်ပြီး တရုတ်-ဂျာမနီ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်စေရန်၊ ရလဒ်သစ်များ စဉ်ဆက်မပြတ် ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
商务部:中德双方企业达成十余项商业协议
新华社北京2月26日电(记者王聿昊、谢希瑶)商务部新闻发言人何咏前在2月26日举行的商务部例行新闻发布会上表示,德国总理默茨率高规格经济代表团访华期间,中德双方在经贸领域开展了深入交流,取得了积极务实成果。双方企业达成了十余项商业协议,涉及汽车、机械、能源、物流、金融等行业。
何咏前表示,今年是“十五五”开局之年,中国持续推动高质量发展,扩大高水平对外开放,为中德经贸合作带来广阔机遇。商务部将与德方一道,共同落实好两国领导人达成的重要共识,加强经贸政策对话,用好中德经贸联委会、中德经济顾问委员会等机制和平台,拓宽合作领域,推动中德经贸合作健康稳定发展,不断取得新成果。(完)
1. 2025年9月9日,人们在德国慕尼黑国际车展户外展区的比亚迪展台参观。新华社记者 张帆 摄
