China
နွေဦးပွဲတော်အားလပ်ရက်ပြီးနောက် ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသခွဲရှိ နှင်းလျှောစီးအပန်းဖြေစခန်းများ ရေပန်းစားစည်ကားလျက်ရှိ
အားလက်ထိုက် (ရှင်းကျန်း)၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နှစ်ကူး နွေဦးပွဲတော်အားလပ်ရက်ပြီးနောက် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသခွဲရှိ အဓိကနှင်းလျှောစီးအပန်းဖြေနေရာများ ၏ ရေပန်းစားမှုမှာ လျော့သွားခြင်းမရှိဘဲ ခရီးသွားဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။ ရှင်းကျန်း အားလက်ထိုက်ရှိ Jiangjunshan International Ski Resort က ပွဲတော်အားလပ်ရက်ပြီးနောက် ယင်းအပန်းဖြေစခန်းတွင် ပျမ်းမျှ တစ်နေ့လျှင် လာရောက်လည်ပတ်သော ခရီးသွားဧည့်သည် အကြိမ်ရေ ၁၂,၈၀၀ နှင့် နှင်းလျှောစီးသူ အကြိမ်ရေ ၈,၇၀၀ ရှိကြောင်း ယင်းအပန်းဖြေစခန်းက ပေးအပ်သော အချက်အလက်များတွင် ဖော်ပြထားသည်။
နှင်းလျှောစီးဝါသနာရှင်များသည် ဤနေရာတွင် လွတ်လပ်စွာ အပြည့်အဝ ကစားကြပြီး ရေခဲဆီးနှင်းက ပေးသော ပျော်ရွှင်စိတ်ဝင်စားဖွယ်ရာများကို ခံစားကြခြင်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသခွဲရှိ Jiangjunshan International Ski Resort ဧရိယာတွင် “နေဝင်ဆည်းဆာပါတီပွဲ” တက်ရောက်လာကြသော နှင်းလျှောစီးဝါသနာရှင်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)







………………………………
(Chinese Version)
春节假期后新疆阿勒泰滑雪场热度不减
新华社照片,阿勒泰(新疆),2026年2月26日
春节假期过后,新疆阿勒泰各大滑雪场热度未减、客流涌动。根据新疆阿勒泰将军山国际滑雪度假区提供的数据显示,节后该度假区日均进场游客达1.28万人次,日均滑雪8700人次。滑雪爱好者在此尽情驰骋,享受冰雪带来的乐趣。
图说1:2月25日,滑雪爱好者在新疆阿勒泰将军山国际滑雪度假区滑雪。 新华社记者 王菲 摄
图说2:2月25日,滑雪爱好者在新疆阿勒泰将军山国际滑雪度假区参加“夕阳派对”(无人机照片)。新华社发(努尔别克·努尔曼 摄)
