Connect with us

China

ဂျာမနီဝန်ကြီးချုပ် တရုတ်ခရီးစဉ် အောင်မြင်မှုရလဒ် ကြွယ်ဝ၍ အနှစ်သာရပြည့်ဝခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် တရုတ်-ဂျာမနီ စီးပွားရေးဆိုင်ရာ အကြံပေးကော်မတီ သီးသန့်ဆွေးနွေးပွဲ အတူတကွတက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်၏ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်သော တရားဝင်ခရီးစဉ်သည် အောင်မြင်မှုရလဒ်ကြွယ်ဝ၍ အနှစ်သာရပြည့်ဝခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယင်းခရီးစဉ်ကို အခွင့်အလမ်းအဖြစ် ထားရှိကာ ဂျာမနီနိုင်ငံနှင့်အတူ တရုတ်-ဂျာမနီ ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်သွားရန်၊ ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအား ဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးမြန်းမှုများကို ဖြေကြားရာတွင် မော်နင်က ယင်းခရီးစဉ်သည် ဖရီးဒရစ် မက်ဇ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခြင်း ဖြစ်သလို တရုတ်ပြက္ခဒိန် မြင်းနှစ်တွင် တရုတ်နိုင်ငံက လက်ခံကြိုဆိုသည့် ပထမဆုံး ပြည်ပနိုင်ငံ အကြီးအကဲလည်း ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ဝန်ကြီးချုပ် လီချန်ကလည်း ၎င်းနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပကာ နှစ်ဖက်စလုံးက “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျာမနီ ဖက်ဒရယ်နိုင်ငံ ပူးတွဲသတင်းကြေညာချက်” ထုတ်ပြန်ခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲများက လက်ရှိနိုင်ငံတကာအခြေအနေသည် ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီးနောက်ပိုင်း အနက်ရှိုင်းဆုံးသော ဆင့်ကဲပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း၊ တရုတ်-ဂျာမနီသည် ကမ္ဘာ့ ဒုတိယနှင့် တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့များ ဖြစ်ပြီး ကမ္ဘာ့သြဇာသက်ရောက်မှုရှိသော နိုင်ငံကြီးများ ဖြစ်ရာ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ကာ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်သင့်ကြောင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို ခိုင်မာစွာ ထောက်ခံအားပေးရန်၊ ကုလသမဂ္ဂ၏အနေအထားကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို လိုက်နာစောင့်ထိန်းရန်၊ တရုတ်-ဂျာမနီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပို၍များပြားသော အကျိုးစီးပွားကို ဆောင်ကြဉ်းပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းသာယာဝပြောရေးအတွက်လည်း အကျိုးဆောင်ပေးရန် လုပ်ဆောင်သင့်ကြောင်း ယူဆကြသည်ဟု မော်နင်က ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် တရုတ်-ဂျာမနီအစိုးရ ညှိနှိုင်းဆွေးနွေးမှုယန္တရား စသည့် ယန္တရားအသွင် တွေ့ဆုံဆွေးနွေးမှုအခန်းကဏ္ဍကို ဆက်လက် အပြည့်အဝ အသုံးပြုသွားရန် သဘောတူညီခဲ့ကြောင်း၊ ထို့အပြင် နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွား အသေးစိတ်အရေးကိစ္စများအပေါ် အပြန်အလှန် စိုးရိမ်မှုရှိသည်ကိုလည်း သိရှိကြရာ ရိုးသားပွင့်လင်းမှု၊ ချစ်ကြည်ရင်းနှီးမှု၊ တံခါးဖွင့်လှစ်မှု ဟူသော သဘောထားကို အခြေခံ၍ ဆွေးနွေးဖလှယ်ရန်၊ နားလည်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး ရေရှည်၊ ဟန်ချက်ညီ၍ ယုံကြည်စိတ်ချရပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို သေချာစေရန်အတွက် အပြန်အလှန်စိုးရိမ်မှုများကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဆီလျော်စွာ ဖြေရှင်းရေးကို အားထုတ်ကြိုးပမ်းရန် ဆန္ဒရှိသည်ဟု ဖော်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“လက်တွေ့ပူးပေါင်းဆောင်ရွက်မှုက တရုတ်-ဂျာမနီ ဆက်ဆံရေးရဲ့ အထင်ရှားဆုံး ဝိသေသလက္ခဏာပါ” ဟု မော်နင်က ပြောကြားခဲ့သည်။
ယခုအကြိမ်တွင် ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့်အတူ ဂျာမနီ လုပ်ငန်းနယ်ပယ်အသီးသီးမှ ထိပ်သီးလုပ်ငန်း တာဝန်ရှိသူ ၃၀ ဦး တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလာခြင်းမှာ ဂျာမနီဘက်က တရုတ်-ဂျာမနီ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးအပေါ် ထားရှိသည့် မျှော်လင့်ချက်နှင့် ယုံကြည်ချက်ကို အပြည့်အဝ ပြသခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်နှင့် ဂျာမနီဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်သွားမည်ဖြစ်သလို အဆင့်မြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံ ဝန်ကြီးချုပ်များက အစိမ်းရောင်အသွင်ကူးပြောင်းရေး၊ အကောက်ခွန်၊ အားကစား၊ မီဒီယာ စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခြင်းကို အတူတကွ မျက်မြင်သက်သေပြုခဲ့ကြကြောင်း၊ ထို့အပြင် တရုတ်-ဂျာမနီ စီးပွားရေးအကြံပေးကော်မတီ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ရာ တရုတ်-ဂျာမနီ လုပ်ငန်းရှင် ၆၀ ကျော်ပါဝင်ခဲ့ကြောင်း၊ ဂျာမနီလုပ်ငန်းရှင်များက တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှု အနာဂတ်အလားအလာကို အကောင်းမြင်ရာ တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများကို တစ်ဆင့်တိုးထပ်မံတိုးချဲ့သွားလိုပြီး တရုတ်ပုံစံခေတ်မီအသွင်ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်းများကို အတူမျှဝေခံစားသွားလိုသည်ဟု အသီးသီးဖော်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်ရဲ့ ယခုခရီးစဉ်က အောင်မြင်မှုရလဒ်ကြွယ်ဝပြီး အနှစ်သာရပြည့်ဝခြင်းက တရုတ်-ဂျာမနီ နှစ်ဖက်လုံးမှာ တည်ငြိမ်ပြီးအပြုသဘောဆောင်တဲ့ နှစ်ဖက်ဆက်ဆံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေရန် အားထားဆောင်ရွက်လိုခြင်းအပြင် ရိုးသားပွင့်လင်းမှု၊ တံခါးဖွင့်လှစ်မှု၊ အပြန်အလှန်လေးစားမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုတွေကို ဆီလျော်စွာ ဖြေရှင်းလိုခြင်းကို ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း ယခုခရီးစဉ်အား အခွင့်အလမ်းအဖြစ်ထားရှိပြီး ဂျာမနီနိုင်ငံနဲ့အတူ တရုတ်-ဂျာမနီ ဆက်ဆံရေးကဏ္ဍသစ်ကို ဖွင့်လှစ်သွားရန်၊ ပြောင်းလဲရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနဲ့ အပြုသဘောစွမ်းအင်တွေ ဖြည့်တင်းရန် ဆန္ဒရှိပါတယ်” မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:德国总理默茨访华成果丰硕、富有意义
新华社北京2月26日电(记者万倩仪、邵艺博)外交部发言人毛宁2月26日表示,德国总理默茨25日至26日对中国进行的正式访问成果丰硕、富有意义。中方愿以此访为契机,同德方一道开启中德关系新篇章,为变乱交织的世界注入稳定性与正能量。
毛宁在例行记者会上回答有关提问时说,这是默茨总理就任后首次访华,也是农历马年中方接待的首位外国领导人。习近平主席会见了默茨总理,李强总理同他举行会谈,双方发表《中华人民共和国和德意志联邦共和国联合新闻声明》。
毛宁表示,两国领导人都认为,当前国际形势正在经历第二次世界大战结束以来最深刻演变,中德是世界第二大、第三大经济体和具有全球影响的大国,应加强战略沟通、增进战略互信,坚持开放合作,坚定支持多边主义和自由贸易,坚决维护联合国地位,恪守联合国宪章宗旨和原则,不断深化中德全方位战略伙伴关系,为两国人民带来更多福祉,也为世界和平繁荣作出贡献。双方同意延续并充分发挥中德政府磋商机制等机制性对话作用。双方也认识到,彼此对一些具体经贸问题抱有关切,都表示愿本着坦诚友好开放态度进行交流、增进了解,致力于通过对话妥善解决彼此关切,确保两国经贸关系长期、平衡、可信赖、可持续发展。
“务实合作是中德关系的最突出特征。”毛宁说,此次30位德国各行业龙头企业负责人随同默茨总理访华,充分展现了德方对进一步深化中德务实合作的期待和信心。双方将加强“十五五”规划同德国发展战略对接,实现更高水平的互利共赢。访问期间,两国总理共同见证签署绿色转型、海关、体育、媒体等领域合作文件,还出席了中德经济顾问委员会座谈会,60多位中德企业家参加。德国企业纷纷表示看好中国经济发展前景,愿进一步扩大对华投资,共享中国式现代化发展机遇。
“默茨总理此访成果丰硕、富有意义,再次表明中德双方都致力于维护稳定和建设性的双边关系,进一步深化互利合作,并通过坦诚开放、相互尊重的对话妥处分歧。中方愿以此访为契机,同德方一道开启中德关系新篇章,为变乱交织的世界注入稳定性与正能量。”毛宁说。(完)