Connect with us

China

ဝမ်ဟုနင်နှင့် ရုရှားနိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် ရုရှားနိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ Leonid Slutsky ဦးဆောင်သော LDP ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ဖေဖော်ဝါရီ ၂ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရုရှားနိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ Leonid Slutsky ဦးဆောင်သော LDP ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင် တို့ ဦးဆောင်လမ်းညွှန်မှုအောက်တွင် ခေတ်သစ် တရုတ်-ရုရှား ဆက်ဆံရေးသည် မြင့်မားသောအဆင့်တွင် တည်ငြိမ်ကောင်းမွန်စွာ လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသည့် သဘောတူညီချက်များကို အတူတကွ ဖော်ဆောင်ရန်၊ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ်ခိုင်ခံ့ရန်၊ အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန်၊ ပါတီများအကြား ကူးလူးဆက်ဆံမှုများကို နီးကပ်စေရန်၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ ထို့အတွက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အနေဖြင့် တက်ကြွစွာ အကျိူးထမ်းပိုးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Slutsky က ရုရှားနိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့်အတူ ကူးလူးဆက်ဆံမှု မြှင့်တင်ရန်၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသော အရေးကြီးသည့် သဘောတူညီချက်များကို အတူတကွ ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ LDP အနေဖြင့် တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ ရုရှား-တရုတ် အစိုးရ၊ ဥပဒေပြု အဖွဲ့အစည်းများအကြား ဆက်ဆံရေး နက်ရှိုင်းစေခြင်းကို ထောက်ခံကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ BRICS စသည့် နိုင်ငံစုံယန္တရားများအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ရုရှား-တရုတ် အစဉ်အလာချစ်ကြည်ရေးကို ခိုင်ခံ့စေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စိန်ယွဲ့ယွဲ့၊ ဝမ်တုန်းဖုန်းတို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
王沪宁会见俄罗斯自由民主党代表团
新华社北京2月2日电 中共中央政治局常委、全国政协主席王沪宁2日在京会见俄罗斯自由民主党主席斯卢茨基率领的俄自民党代表团。
王沪宁表示,在习近平主席和普京总统把舵领航下,新时代中俄关系保持高水平稳健运行。中方愿同俄方共同落实两国元首达成的重要共识,持续巩固战略互信,深化睦邻友好,增进务实合作,密切党际交往,推动构建人类命运共同体。中国全国政协愿为此作出积极贡献。
斯卢茨基表示,俄自民党愿同中国共产党加强交往,共同落实好两国元首重要共识。坚定奉行一个中国原则,支持俄中政府、立法机构深化关系,加强在上海合作组织、金砖国家等多边机制中的协调配合,巩固俄中传统友好,维护全球南方国家共同利益。
沈跃跃、王东峰等参加会见。(完)
图说:2月2日,中共中央政治局常委、全国政协主席王沪宁在北京会见俄罗斯自由民主党主席斯卢茨基率领的俄自民党代表团。 新华社记者 王晔 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.