China
ရှီကျင့်ဖိန်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi နှင့် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံသည် သမုဒ္ဒရာခြားဝေးကွာနေသော်လည်း နှစ်ဖက်၏ အတွေးအခေါ်အယူအဆ နီးစပ်မှုရှိသလို ချစ်ကြည်ရေးလည်း နက်ရှိုင်းလှကြောင်း ထောက်ပြပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၃၈ နှစ်က ယခုလိုအချိန်အခါတွင် တရုတ်-ဥရုဂွေး သံတမန်ဆက်ဆံရေးဖော်ဆောင်ခဲ့ကြောင်း၊ ၃၈ နှစ်တာကာလတစ်လျှောက် နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးလမ်းကြောင်းကို အစဉ်အမြဲ ခိုင်ခိုင်မာမာ လက်ကိုင်ထားခဲ့ကြကြောင်း၊ အခြေအနေသစ်တွင် နှစ်ဖက်အနေဖြင့် အစဉ်အလာကို ဆက်ခံကာ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေပြီး နှစ်နိုင်ငံချစ်ကြည်ရေး သစ်ပင်ကြီး ပိုမိုပွင့်လင်းဝေဆာလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဥရုဂွေး နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်၏ ပင်မအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုမှုများကို ဆက်လက် ခိုင်မာစွာ ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ အလွှာအသီးသီး၊ ဘက်စုံထောင့်စုံ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ရေးကို နီးနီးကပ်ကပ်ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများအား ဖလှယ်မှုကို အားဖြည့်ပြီး မဟာဗျူဟာအပြန်အလှန် ယုံကြည်မှု စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်အကြံပြုချက် အတည်ပြုခဲ့ရာ အနာဂတ် ငါးနှစ်တာကာလ တရုတ်နိုင်ငံ၏လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံရေးဆွဲလိုက်ခြင်းဖြစ်သလို ဥရုဂွေးနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးအတွက်လည်း ပိုမိုများပြားသော အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ လယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေး၊ သတင်းအချက်အလက် ဆက်သွယ်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရမည်ဖြစ်သလို အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ သန့်စင်စွမ်းအင် စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ဖော်ထုတ်ကာ စီးပွားရေးတိုးတက်မှု အသွင်ပြောင်းအဆင့်မြှင့်တင်ခြင်းကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံ ပြည်သူများသည် သဘာဝအလျောက် ရင်းနှီးကျွမ်းဝင်မှုရှိကြရာ နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု၊ ပညာရေး၊ အားကစား၊ မီဒီယာ၊ ဒေသန္တရ စသည့် ဖလှယ်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ လူပုဂ္ဂိုလ်သွားလာမှုအဆင်ပြေချောမွေ့စေရန်၊ ပြည်သူချင်း စိတ်ချင်းနီးစပ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယနေ့ကမ္ဘာကြီးသည် မကြုံစဖူး ရာစုနှစ်အပြောင်းအလဲကြီးများတွင် ရှိနေပြီး နိုင်ငံတကာအခြေအနေ ကမောက်ကမ ပြောင်းလဲရှုပ်ထွေးလျက်ရှိရာ တစ်ဖက်သတ်အနိုင်ကျင့်ဗိုလ်ကျမှုများ ပို၍ ပြင်းထန်လာကြောင်း၊ ဥရုဂွေးနိုင်ငံက “G77 နှင့် တရုတ်နိုင်ငံ” ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ တာဝန်အား လက်ခံလွှဲပြောင်းရယူခြင်းအပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ ဥရုဂွေးနိုင်ငံနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်နိုင်သော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို အတူတကွ တွန်းအားပေးရန်၊ လက်တွဲအတူရှေ့သို့ တက်လှမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတူကြိုးပမ်းရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ပို၍ကြီးမားသော အကျိုးကိုဆောင်ကြဉ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်-ဥရုဂွေး ဆက်ဆံရေးကို အစဉ်အမြဲ အလေးထားရာ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအပေါ် ကာကွယ်ထိန်းသိမ်းမှုကို ထောက်ခံကြောင်း၊ ဥရုဂွေးနိုင်ငံက လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) နှင့် တောင်အမေရိကဘုံဈေးကွက် (Mercosur) ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတာဝန်ကို လွှဲပြောင်းရယူခြင်းအား တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း၊ ဥရုဂွေးနိုင်ငံနှင့်တကွ ဒေသတွင်းနိုင်ငံများနှင့်အတူ တရုတ်-လက်တင်အမေရိက အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို ပိုမိုနက်ရှိုင်းမှုနှင့် လက်တွေ့ကျမှုရှိအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Yamandu Orsi က တရုတ်နိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် ကြီးမားသည့်အောင်မြင်မှုများရရှိခဲ့သည့်အပေါ် လေးစားမိကြောင်း၊ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်က ကမ္ဘာအတွက် ပိုမိုကြီးမားသော အခွင့်အလမ်းများ ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယနေ့သည် ဥရုဂွေး-တရုတ် သံတမန်ဆက်ဆံရေးဖော်ဆောင်ခြင်း ၃၈ နှစ်မြောက်အခါသမယဖြစ်ရာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် သမိုင်း၏အကောင်းဆုံးကာလတွင် ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံ၏ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ပြီး ဥရုဂွေးနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ကျိုးမဖက်သည့် ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ ဥရုဂွေးနိုင်ငံ၏အမျိုးသားမူဝါဒဖြစ်နေပြီး ပါတီအသီးသီးနှင့် လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ တစ်ပြေးညီ ထောက်ခံအားပေးမှုကို ရရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရုဂွေးနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို ခိုင်မာစွာ ထောက်ခံအားပေးသလို “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကိုလည်း ထောက်ခံအားပေးကြောင်း၊ ဥရုဂွေးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရန် မျှော်လင့်သလို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပို၍မြင့်မားသောအဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ သိပ္ပံနည်းပညာ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အစိမ်းရောင်စီပွားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ပညာရေး၊ အားကစား၊ ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍ လူမှုယဉ်ကျေးမှုဖလှယ်ခြင်းများကို မြှင့်တင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပို၍အားကောင်းသော မောင်းနှင်မှုများကို ဖြည့်တင်းကာ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသော အကျိုးကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း Yamandu Orsi က ပြောကြားခဲ့သည်။
ဥရုဂွေးနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အယူအဆကို အထူးတန်ဖိုးထားကြောင်း၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် နိုင်ငံတကာ၊ ဒေသတွင်းအခြေအနေများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွက်ချက်နှင့် အခြေခံမူများကို လေးစားပြီး နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအား အခိုင်အမာလက်ကိုင်ထားကာ နိုင်ငံတကာကုန်သွယ်ရေးယန္တရားအား ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ လက်တင်အမေရိကန်-တရုတ် ဆက်ဆံရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲများက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဆိုင်ရာစာရွက်စာတမ်း ၁၀ စောင်ကျော် လက်မှတ်ရေးထိုးခြင်းအား သက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် Yamandu Orsi အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။
Yamandu Orsi ရောက်ရှိချိန်တွင် ကြိုဆိုရေးတပ်ဖွဲ့ဝင်များက တန်းစီ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များက စင်မြင့်ထက်သို့ တက်ရောက်သည့်အခါတွင် စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကြပြီး ထျန်းအန်းမန်ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။ Yamandu Orsi သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့အလိုက်ချီတက်ပွဲအား ကြည့်ရှုခဲ့ကြသည်။
ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမတွင် Sadyr Yamandu Orsi အတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့ကြသည်။
အဆိုပါအစီအစဉ်များသို့ ဝမ်ရိ တက်ရောက်ခဲ့သည်။
ခရီးစဉ်ကာလအတွင်း နှစ်ဖက်အနေဖြင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဥရုဂွေး အရှေ့တိုင်း သမ္မတနိုင်ငံတို့၏ တရုတ်-ဥရုဂွေး ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှုနက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်” အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမ၌ Yamandu Orsi အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမ၌ Yamandu Orsi အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)
———————
(Chinese Version)
习近平同乌拉圭总统奥尔西举行会谈
新华社北京2月3日电(记者董雪)2月3日上午,国家主席习近平在北京人民大会堂同来华进行国事访问的乌拉圭总统奥尔西举行会谈。
习近平指出,中国和乌拉圭虽然远隔重洋,但双方理念相近、友谊深厚。38年前的今天,中乌实现建交。38年来,无论国际形势如何变化,两国始终坚持相互尊重、互利合作的相处之道。新形势下,双方要继承传统,深化全面战略伙伴关系,让两国友谊之树愈加枝繁叶茂。
习近平强调,中乌两国要继续坚定支持彼此核心利益和重大关切,密切各层级、全方位友好交往,加强治国理政经验交流,不断深化战略互信。中共二十届四中全会通过“十五五”规划建议,为未来5年中国经济社会发展擘画蓝图,也为包括乌拉圭在内的各国提供更多机遇。双方要加强发展战略对接,深化经贸、金融、农牧业、基础设施建设、信息通信等合作,挖掘绿色发展、数字经济、人工智能、清洁能源等新兴领域合作潜力,推动经济增长转型升级。中国和乌拉圭人民有着天然亲近感,双方要持续深化文化、教育、体育、媒体、地方等交流,便利人员往来,促进民心相通。
习近平指出,当今世界正处于百年未有之大变局,国际形势变乱交织,单边霸凌愈演愈烈,中方支持乌拉圭接任“77国集团和中国”轮值主席国,愿与乌方加强全球南方团结协作,共同推进平等有序的世界多极化、普惠包容的经济全球化,携手并进、共谋发展,为构建人类命运共同体作出更大贡献。中方始终重视中拉关系,支持拉美和加勒比国家维护自身主权、安全、发展利益,支持乌拉圭接任拉美和加勒比国家共同体以及南方共同市场轮值主席国,愿同乌方和地区国家推动共建中拉命运共同体走深走实。
奥尔西表示,中国在习近平主席领导下取得伟大成就,令人钦佩,期待“十五五”规划为世界带来更大机遇。今天正值乌中建交38周年,两国全面战略伙伴关系处于历史最好时期。中国是乌拉圭的重要合作伙伴,为乌经济社会发展提供无私帮助。发展对华关系已成为乌拉圭国策,得到各党派和社会各界一致支持。乌方坚定支持一个中国原则,支持“一国两制”方针。乌方期待同中方深化全面战略伙伴关系,将双边合作提升到更高水平。双方要加强发展战略对接,在贸易、投资、科技、减贫、绿色经济、数字经济等领域深化合作,促进教育、体育、旅游等领域人文交流,为两国关系注入更强劲动力,为两国人民带来更多福祉。乌方高度赞赏习近平主席提出的人类命运共同体理念,面对充满挑战的国际地区形势,愿同中方携手合作,尊重联合国宪章宗旨和原则,坚持多边主义,维护国际贸易体制,推动拉中关系不断发展,维护全球南方共同利益。
会谈后,两国元首共同见证签署投资促进、贸易等领域10余份合作文件。 会谈前,习近平在人民大会堂北大厅为奥尔西举行欢迎仪式。
奥尔西抵达时,礼兵列队致敬。两国元首登上检阅台,军乐团奏中乌两国国歌,天安门广场鸣放礼炮21响。奥尔西在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平在人民大会堂金色大厅为奥尔西举行欢迎宴会。
王毅参加上述活动。
访问期间,双方发表《中华人民共和国和乌拉圭东岸共和国关于深化中乌全面战略伙伴关系的联合声明》。(完)
1, 4. 2月3日上午,国家主席习近平在北京人民大会堂同来华进行国事访问的乌拉圭总统奥尔西举行会谈。 新华社记者 黄敬文 摄
2, 3. 2月3日上午,国家主席习近平在北京人民大会堂同来华进行国事访问的乌拉圭总统奥尔西举行会谈。这是会谈前,习近平在人民大会堂北大厅为奥尔西举行欢迎仪式。 新华社记者 丁海涛 摄
