Connect with us

China

ကမ္ဘာ့ ပထမဆုံး ဟိုက်ဘရစ် မောင်းသူမဲ့ ကုန်တင်လေယာဉ် ပထမအကြိမ်ပျံသန်းမှု အောင်မြင်

သက်တံရောင်စဉ် YH-1000S လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-China Academy of Aerospace Aerodynamics/Handout via Xinhua)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) အမှတ် ၁၁ အကယ်ဒမီက သုတေသနပြုထုတ်လုပ်သော ကမ္ဘာ့ပထမဆုံး ဟိုက်ဘရစ် မောင်းသူမဲ့ ကုန်တင်လေယာဉ် သက်တံရောင်စဉ် YH-1000S သည် ယခုရက်ပိုင်းတွင် ချုံချင့်မြို့ လျန်ဖိန်ခရိုင်၌ ပထမဆုံးအကြိမ် ပျံသန်းမှုအောင်မြင်ခဲ့ကြောင်း ယင်းအကယ်ဒမီထံမှ ဖေဖော်ဝါရီ ၃ ရက်က သိရသည်။

၎င်းသည် ၂၀၂၅ ခုနှစ် မေလက သက်တံရောင်စဉ် YH-1000 မောင်းသူမဲ့ ကုန်တင်လေယာဉ် ပထမအကြိမ်ပျံသန်းမှု အောင်မြင်ပြီးနောက် ကမ္ဘာ့ဈေးကွက် ဝယ်ယူသူများ၏ လိုအပ်ချက်ကို မျက်နှာမူကာ လျင်မြန်စွာ ထပ်မံအဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် လေယာဉ်ပုံစံသစ်နောက်တစ်မျိုး ဖြစ်သည်။ ပထမအကြိမ်ပျံသန်းမှုတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်လုပ်ငန်းအုပ်စုနှင့် ပူးတွဲသုတေသနပြုထုတ်လုပ်ထားသော အင်အားကြီး ဟိုက်ဘရစ်ပါဝါနှင့် တွဲဖက်တပ်ဆင်ထားခြင်း ဖြစ်ရာ လေယာဉ် အတက်အဆင်းပျံသန်းသည့်အကွာအဝေးကို လျှော့ချပေးသလို ဝန်တင်ဆောင်မှုနှင့် ပျံသန်းနိုင်မှုအကွာအဝေးကို မြှင့်တင်ထားရာ ဝေဟင်ပျံသန်းမှုစွမ်းရည် စမ်းသပ်ချက်များကို အပြည့်အဝ အောင်မြင်ခဲ့သည်။

သက်တံရောင်စဉ် YH-1000S သည် တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) အမှတ် ၁၁ အကယ်ဒမီမှ လေယာဉ်ပျံသန်းမှုစံချိန်စံညွှန်းများနှင့်အညီ ဒီဇိုင်းရေးဆွဲ သုတေသနပြုထုတ်လုပ်ထားသည့် အကြီးစား မောင်းသူမဲ့ ကုန်တင်လေယာဉ်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်လျှော့ချခြင်း၊ လူ၏စွမ်းဆောင်မှုဖြင့် ရာသီဥတုပြုပြင်ပြောင်းလဲခြင်း၊ ပင်လယ်သမုဒ္ဒရာစောင့်ကြည့်ခြင်း၊ ပင်လယ်ရေကြောင်းကြီးကြပ်စီမံခြင်း စသည့်ကဏ္ဍများ၌ အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
全球首款混合动力无人运输机首飞成功
记者2月3日从中国航天科技集团十一院获悉,由其研制的全球首款混合动力无人运输机彩虹YH-1000S近日在重庆梁平首飞成功。
这是继2025年5月彩虹YH-1000无人运输机首飞成功后,又一款面向全球市场客户需求快速迭代的新机型,首飞挂载与新能源汽车企业联合研发的大功率混合动力总成,缩短了起降距离、提升了载重和航程,圆满完成空中飞行性能验证。
彩虹YH-1000S是中国航天科技集团十一院面向适航标准设计研制的大型无人运输机,可在国际物流运输投送、应急救援减灾、人工影响天气、海洋监测、海事监管等领域发挥作用。(记者宋晨)
1. 图为彩虹YH-1000S。(中国航天科技集团十一院供图)
This photo shows the YH-1000S. (China Academy of Aerospace Aerodynamics/Handout via Xinhua)