China
ပေကျင်းမှ မီလန်သို့ – အိုလံပစ်က တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားနည်းများကို အားဖြည့်ပေး
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲကို ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ၏ ရေခဲဟော်ကီအားကစားအဖွဲ့ တက်သစ်စကြယ်ပွင့် အသက် ၁၅ နှစ်အရွယ် ချန်ခဲ့ယွီသည် ဆန်းကျန့်မြို့ရှိ ၎င်း၏တီဗီဖန်သားပြင်ပေါ်ကို မျက်လုံးမခွာတမ်းကြည့်ရှုကာ အီတလီနိုင်ငံ၌ ကျင်းပသည့် ဟော်ကီပြိုင်ပွဲများ၏ ပွဲစဉ်တိုင်းကို လိုက်လံကြည့်ရှုခဲ့သည်။
လွန်ခဲ့သောခြောက်နှစ်အကြာက တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲကို လက်ခံကျင်းရန် ပြင်ဆင်သည့်အနေဖြင့် မိုးလုံလေလုံစကိတ်ကွင်းများနှင့် စကိတ်စီးတောင်စောင်းများမှာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အနက် မိုးလုံလေလုံစကိတ်ကွင်းတစ်ခုကို ဝူဟန့်မြို့ရှိ ချန်၏နေအိမ်အနီးတွင်ပင် ဖွင့်လှစ်ခဲ့ရာ အဆိုပါ စကိတ်စီးအားကစားလေ့ကျင့်ရန် ၎င်းအား ဆွဲဆောင်ခဲ့သည်။ “အဲဒါတွေကို တွေ့လိုက်ရတဲ့အချိန် ရေခဲပြင်စကိတ်ကို ကျွန်မနှစ်သက်သွားခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ကလေးဘဝအရွယ်၌ လေ့ကျင့်ခဲ့ပြီး နှစ်များစွာအကြာ ယမန်နှစ်က ချန်သည် ဆန်းကျန့်မြို့ရှိ ကျွမ်းကျင်ကလပ်တွင် ပါဝင်ရန် တောင်ပိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မူ ချန်သည် U18 အမျိုးသမီး ကမ္ဘာ့ချန်ပီယံရှစ် အပိုင်း ၁၊ အုပ်စု-ဘီ၌ ငါးပွဲအနိုင်ရရှိကာ တရုတ်နိုင်ငံအတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့ကြောင်း သိရသည်။
“ပေကျင်း ၂၀၂၂ က ကျွန်မ ဘယ်တော့မှမထင်မှတ်ထားတဲ့ အိပ်မက်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်မရဲ့အိပ်မက်ကတော့ ဆောင်းရာသီအိုလံပစ်အားကစားမှာ တရုတ်နိုင်ငံအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ပါပဲ” ဟု ချန်က ဆိုသည်။
၎င်း၏ အားကစားခရီးက ပေကျင်း ၂၀၂၂ အားကစားပွဲမှစ၍ တရုတ်နိုင်ငံရှိ ဆောင်းရာသီအားကစားနည်းများ အလေးအနက်ပြုပြင်ပြောင်းလဲမှုကို ရောင်ပြန်ဟပ်လျက်ရှိသည်။
ကမ္ဘာ့နေရာအနှံ့အပြားရှိ ပိုမိုခိုင်မာသော တွန်းအား
နှင်းလျှောစီး big air အိုလံပစ်ချန်ပီယံဆုကို ကာကွယ်လျက်ရှိသော စူးရီမင်က အရည်အချင်းစစ်ဆေးရာတွင် စတုတ္ထနေရာရရှိရန် ရှင်းလင်းသောပြေးလမ်းကြောင်းနှစ်နေရာကို လျှောဆင်းပြီးနောက် ဖေဖော်ဝါရီ ၆ ရက် ဖိုင်နယ်ပွဲတွင် ၎င်း၏ နေရာကို သေချာစေခဲ့သည်။
“ဒီမှာအဆင့်တွေက အရင်လေးနှစ်ကထက် ပိုပြီးမြင့်တယ်။ နှင်းလျှောစီးအားကစား မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့ရတာက အထင်ကြီးစရာပါပဲ။ ဒီမျိုးဆက်ထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု စူးက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260207/668144b0c7694fef8d7744862f87c458/c.html

အီတလီနိုင်ငံ Livigno မြို့တွင် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ်ဆောင်းရာသီအားကစားပွဲ ၊ အမျိုးသားနှင်းလျှောစီးအားကစား big air အရည်အချင်းစစ်ဆေးမှုအတွင်း အောင်ပွဲခံနေသော စူးရီမင် ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ Laax မြို့တွင် အလွတ်နှင်းလျှောစီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီးနောက် ဆုယူစင်မြင့်ထက်တွင် အောင်ပွဲခံနေသော ကူအိုက်လျင် (အလယ်) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




……….
(English Version)
From Beijing to Milan, Olympics fuel China’s winter sports
BEIJING, Feb. 7 (Xinhua) — As the Milan-Cortina 2026 Winter Olympics opened Friday night, 15-year-old Chen Keyu, a rising star on China’s national ice hockey team, sat glued to her screen in Shenzhen, tracking every shift of the hockey competitions in Italy.
Six years ago, as China prepared to host the 2022 Winter Olympics, indoor rinks and ski slopes began spreading nationwide. One rink that opened near Chen’s home in Wuhan drew her to the niche sport. “I fell in love with ice hockey the moment I saw it,” she said.
After years of childhood training, Chen moved south last year to join a professional club in Shenzhen. Earlier this year, she led China to five straight victories to claim gold at the U18 Women’s World Championship Division 1, Group B.
“Beijing 2022 gave me a dream I never thought I’d have,” Chen said. “Now my dream is to compete for China at the Winter Olympics.”
Her journey reflects the profound transformation of winter sports in China since Beijing 2022.
A STRONGER FORCE IN GLOBAL ARENA
Defending Olympic snowboard big air champion Su Yiming secured his place in Friday’s final after landing two clean runs to finish fourth overall in the qualification.
“The level here is much higher than it was four years ago,” Su said afterward. “It’s impressive to see how fast snowboarding is developing. I’m proud to be part of this generation.”
https://english.news.cn/20260207/668144b0c7694fef8d7744862f87c458/c.html
Photo 1: The delegation of the People’s Republic of China parades into the Predazzo Ski Jumping Stadium during the opening ceremony of the Milan-Cortina 2026 Olympic Winter Games in Predazzo, Italy, Feb. 6, 2026. (Xinhua/Li Ming)
Photo 2: Su Yiming of China celebrates during the snowboard men’s big air qualification of the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 5, 2026. (Xinhua/Hu Chao)
Photo 3: Gu Ailing (C) of China celebrates on the podium after winning the final of Freeski Slopestyle World Cup at Laax, Switzerland, Jan. 17, 2026. (Xinhua)
