China
တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မြဲစွာကျင့်သုံးကြောင်း နိုင်ငံများစွာက ထပ်လောင်းပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
နိုင်ငံများစွာမှ အစိုးရနှင့် နိုင်ငံရေးအဓိကပုဂ္ဂိုလ်များက လတ်တလောရက်ပိုင်းတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ပြီး “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်နှင့် တရုတ်နိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်သည့် လုပ်ရပ် မည်သည့်အသွင်ပုံစံဖြင့်ကို မဆို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံအစိုးရက နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုအားလုံးကို အခိုင်အမာ ထောက်ခံအားပေးကြောင်း သီးခြားစီထုတ်ဖော်ပြောကြားခဲ့သည်။
ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က တရုတ်လုပ်ငန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် “Danubue စင်္ကြံ” အမြန်လမ်းစီမံကိန်းအား ကြည့်ရှုစစ်ဆေးချိန်၌ ဆားဘီးယားနိုင်ငံက နိုင်ငံရေးအင်အား အလုံးစုံဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ “ထိုင်ဝမ်က တရုတ်နယ်မြေပိုင်နက်ရဲ့ ခွဲထုတ်မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဖြစ်သလို ဆားဘီးယားနိုင်ငံရဲ့ မူဝါဒလည်း ဆက်လက်ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အစဉ်တစ်စိုက် အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ ရေရှည်အတည်ပြုထားသည့် ရပ်တည်ချက်သည် မည်သည့်အခါကမျှ ပြောင်းလဲသွားခြင်းမရှိဘဲ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးအခြေခံဖြစ်တည်လာကြောင်းပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးကိစ္စတွင် အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ ရပ်တည်ချက်သည် အတိအလင်းဖြစ်ပြီး အခြေခံမူရှိကြောင်း၊ ယင်းမှာ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားသင့်ကြောင်း၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူအပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်စိတ်ဓာတ်အား ခိုင်မာစွာ လက်ကိုင်ထားသင့်ကြောင်း ၎င်းကအလေးထား ပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Yermek Kosherbayev က ကာဇက်စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ချွန်းလျင်အား တွေ့ဆုံရာ၌ ကာဇက်စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ခိုင်မြဲစွာ ထောက်ခံအားပေးခြင်း၊ ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ခြင်းအား ထပ်လောင်းပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်နိုင်ငံဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအစိုးရက နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုများကို ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin က ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တာဂျစ်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား အခိုင်အမာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံအစိုးရက နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိန်းသိမ်းခြင်း၊ နိုင်ငံတော်ပေါင်းစည်းရေးအား ဖော်ဆောင်ခြင်းအတွက် ကြိုးပမ်းမှုအားလုံးကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဆီနီဂေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Cheikh Niang က ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာ မမှိတ်မသုန်ကျင့်သုံးကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို စာလွှာဖြင့်ဖြေကြားရာ၌ ရုရှားနိုင်ငံအနေဖြင့် ထိုင်ဝမ်အရေးကိစ္စတွင် အခြေခံမူရပ်တည်ချက်သည် အများကသိပြီးသားဖြစ်သလို အစဉ်အမြဲ ပြောင်းလဲမှုမရှိသည့်အပြင် အဆင့်မြင့်အကြီးအကဲအလွှာ၏ အကြိမ်များစွာ အတည်ပြုခြင်းကို ရပြီးဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ရုရှားအနေဖြင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုပြီး “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ် မည်သည့်ပုံစံကိုမဆို ကန့်ကွက်ကြောင်း၊ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်စောင့်ထိန်းသည့် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအားလုံးကို ပိုင်ဆိုင်ထားသည်ဟု ရုရှားဘက်က ယူဆကြောင်း၊ “အချို့သောနိုင်ငံများက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ကိုင်ထားတယ်လို့ ဆိုပေမယ့် လက်တွေ့အခြေအနေကို ထိန်းသိမ်းထားကြဖို့ ရပ်တည်ကြပါတယ်။ ဒါတွေက လက်တွေ့မှာတော့ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ပေါင်းစည်းရေးအခြေခံမူကို အသိအမှတ်မပြုကြောင်း ဆိုလိုနေပါတယ်” ၊ လက်ရှိတွင် ထိုင်ဝမ်အရေးကိစ္စသည် အချို့သောနိုင်ငံများက တရုတ်နိုင်ငံကို တားဆီးသည့် စစ်ရေးမဟာဗျူဟာကိရိယာ ဖြစ်လာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက်ထုတ်ပြန်၍ တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ထောက်ခံအားပေးသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ထောက်ခံအားပေးသည့် ရပ်တည်ချက်သည် မမှိတ်မသုန်ခိုင်မြဲပြီး ရှင်းလင်းတိကျကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကာဂျစ်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်၍ ကာဂျစ်စတန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ကျင့်သုံးစောင့်ထိန်းကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ထိုင်ဝမ်အရေးကိစ္စ၌ အစဉ်တစ်စိုက်ဖြစ်သော ရပ်တည်ချက်အား ထပ်လောင်းပြောကြားခဲ့ရာ ယင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်အား အစဉ်တစ်စိုက် ခိုင်မြဲစွာထောက်ခံအားပေးကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာကျင့်သုံးကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုကြောင်း၊ ခွဲထွက်လိုသောကြံစည်မှုနှင့် တရုတ်နိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်လိုသော လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း ဆိုခဲ့သည်။
ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ကာ ဘီလာရုစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအစိုးရက နိုင်ငံပေါင်းစည်းရေး ဖော်ဆောင်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
အီဂျစ် ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Ahmed Bahaa El-Din Shaaban က “တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်သည် တရုတ်နိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွင် တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်ဖြစ်သည်” ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ အမှတ် ၂၇၅၈ ဆုံးဖြတ်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်း ထောက်ပြခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအား ပြိုကွဲစေရန် လုပ်ဆောင်သည့် မည်သည့်ကြိုးပမ်းမှုမဆို တရားမဝင်သည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းလည်း ခံရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ အာရပ်နိုင်ငံများနှင့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းသည့် တရားဝင်လျော်ကန်သောရပ်တည်ချက်ကို အတိအလင်း ထောက်ခံအားပေးကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ် မည်သည့်ပုံစံကိုမဆို အခိုင်အမာဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ဘူလ်ဂေးရီးယားနိုင်ငံလွှတ်တော် ဘူလ်ဂေးရီးယား-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Maya Dimitrova က ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လိုက်နာစောင့်ထိန်းကြောင်း ပြောကြားခဲ့သည်။ ဘူလ်ဂေးရီးယားနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစောဆုံး အသိအမှတ်ပြုသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အစဉ်တစိုက် လိုက်နာစောင့်ထိန်းကြောင်း၊ ယင်းသည် နှစ်နိုင်ငံက ၁၉၄၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်လာကတည်းက နိုင်ငံရေးအခြေခံဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံ အရေးကြီးကိုယ်စားလှယ်အဖွဲ့က ဘူလ်ဂေးရီးယားသို့ ခရီးစဉ်လာရောက်စဉ်အတွင်း ဘူလ်ဂေးရီးယား နိုင်ငံရေးပါတီအသီးသီးမှ အကြီးအကဲများက ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လိုက်နာစောင့်ထိန်းသော ခိုင်မြဲသည့် ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ (Xinhua)
——————–
(Chinese Version)
综合消息|多国重申坚定奉行一个中国原则
新华社北京1月1日电 综合新华社驻外记者报道:多国政府、政要近日纷纷发声,重申恪守一个中国原则,反对任何形式的“台独”分裂行径及干涉中国内政的行为,坚定支持中国政府为维护国家主权和领土完整所作的一切努力。
塞尔维亚总统武契奇在视察中企承建的“多瑙走廊”快速路项目时说,塞尔维亚以全部政治力量支持一个中国原则。他表示:“台湾是中国领土不可分割的一部分。这是我们的立场,也将继续是塞尔维亚的政策。”
印尼外长苏吉约诺在接受新华社记者采访时表示,印尼政府始终坚持一个中国政策,承认中华人民共和国政府是代表全中国的唯一合法政府。这一长期确立的立场从未改变,并构成印尼和中国关系的重要基础。在台湾问题上,印尼政府立场明确且有原则,即该问题属于中国内政,强调应尊重中国主权和领土完整,应坚持《联合国宪章》宗旨和原则以及联合国大会第2758号决议精神。
哈萨克斯坦外长科舍尔巴耶夫在会见中国驻哈大使韩春霖时表示,哈方重申坚定支持一个中国原则,台湾是中国领土不可分割的一部分。中华人民共和国政府是代表全中国的唯一合法政府,哈方坚定支持中国政府为维护国家主权和领土完整所作努力。
塔吉克斯坦外长穆赫里丁重申,台湾是中国领土不可分割的一部分,塔方坚定支持一个中国原则,坚定支持中国政府为维护国家主权、领土完整,实现国家统一所作的一切努力。
塞内加尔外长谢赫·尼昂表示,塞内加尔坚定不移奉行一个中国原则,中华人民共和国政府是代表全中国的唯一合法政府,台湾是中国领土不可分割的一部分。
俄罗斯外交部在书面回答新华社记者提问时重申,俄方在台湾问题上的原则立场众所周知、始终如一,并在最高领导层得到多次确认。俄方承认台湾是中国不可分割的一部分,反对任何形式的“台独”分裂行径。俄方还认为,台湾问题是中国的内政,中方拥有捍卫国家主权和领土完整的一切合法权利。“一些国家虽声称坚持一个中国原则,却主张维持现状——这实际上意味着它们不认同中国国家统一原则”。当前,台湾问题事实上已成为一些国家遏制中国的军事战略工具。
阿塞拜疆外交部发表声明,重申支持一个中国原则。声明说,阿塞拜疆支持一个中国原则的立场坚定不移、清晰明确。
吉尔吉斯斯坦外交部在网站发布消息,重申吉方恪守一个中国原则,支持中国国家主权和领土完整。
老挝外交部发表声明,重申在台湾问题上的一贯立场,即始终坚定支持联合国大会第2758号决议,坚定奉行一个中国原则,承认台湾是中华人民共和国领土不可分割的一部分,反对任何分裂企图和干涉中国内政的行为。
白俄罗斯外交部就台湾问题发表声明说,白俄罗斯支持中国政府为实现国家统一、维护主权和领土完整所作的一切努力。
埃及社会主义党总书记艾哈迈德·沙班指出,联合国大会第2758号决议清楚表明“中华人民共和国政府的代表是中国在联合国组织的唯一合法代表”。台湾是中国领土不可分割的一部分。任何分裂中国的企图不仅非法,也绝不会得到国际社会的承认。他表示,阿拉伯国家和人民明确支持中国维护国家主权和领土完整的正当立场,坚决反对任何形式的“台独”分裂行径。
保加利亚国民议会保中友好小组主席迪米特罗娃表示,保加利亚恪守一个中国原则。她说,保加利亚是最早承认新中国的国家之一,历来恪守一个中国原则,这是两国自1949年建交以来的政治基础。2019年,两国关系提升至战略伙伴关系。今年,在中方重要团组访保期间,保各政党领导人均再次重申保恪守一个中国原则的坚定立场。(完)
