China
၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး – “နှင်းနဂါး” ချင်လျင်စခန်းမှ ထွက်ခွာ၍ နယူးဇီလန်ခရီးစဉ် စတင်
နှင်းနဂါး၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသော “နှင်းနဂါး” ရေခဲခွဲသင်္ဘောကြီးသည် ချင်လျင်စခန်းတွင် ကုန်ပစ္စည်းချ၍ ပို့ဆောင်ခြင်း၊ ဝန်ထမ်းများ စခန်းသို့သွားရောက်၍ လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် ဝေဟင်ရိုက်ကူးရေး၊ ပင်လယ်သမုဒ္ဒရာ စစ်တမ်းကောက်ယူခြင်း စသည့် သိပ္ပံသုတေသနလုပ်ငန်းများကို လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်ရာ ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၃ ရက်တွင် နယူးဇီလန်နိုင်ငံ Lyttelton ဆိပ်ကမ်းသို့ ခရီးစဉ်စတင်ခဲ့သည်။
ချင်လျင်စခန်း၌ လုပ်ငန်းဆောင်ရွက်သည့်ကာလတွင် “နှင်းနဂါး” သင်္ဘောကြီးသည် ဝန်ထမ်း ၃၈ ဦးအား စခန်းပေါ်သို့ ပို့ဆောင်ခဲ့ပြီး ဝန်ထမ်း ၁၁ ဦးအား သင်္ဘောသို့ ပြန်လည်ခေါ်ဆောင်ခဲ့သလို သိပ္ပံသုတေသန၊ ထောက်ပံ့ပို့ဆောင်ရေးပံ့ပိုးမှု၊ အင်ဂျင်နီယာနှင့် လောင်စာဆီ စသည့် အထောက်အပံ့ပစ္စည်းကုန်ချ၍ ပို့ဆောင်မှု စုစုပေါင်း ပမာဏသည် တန်ချိန် ၁,၄၅၀ ခန့် ရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ချင်လျင်စခန်းမှ အဆောက်အဦဆိုင်ရာ စွန့်ပစ်ပစ္စည်းနှင့် ကုန်ပစ္စည်း တန်ချိန် ၅၀၀ ခန့်ကိုလည်း သင်္ဘောပေါ်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ဖြစ်သည်။
“နှင်းနဂါး” သင်္ဘောကြီးသည် Lyttelton ဆိပ်ကမ်းတွင် အထောက်အပံ့ပစ္စည်း ဖြည့်စွက်မှုနှင့် ဝန်ထမ်းလဲလှယ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး စူးစမ်းလေ့လာရေးအဖွဲ့ဝင် ၃၄ ဦးကို တင်ဆောင်ပြီးနောက် အန္တတိကရှိ Amundsen ပင်လယ်သို့ သွားရောက်၍ ပင်လယ်သမုဒ္ဒရာ စစ်တမ်းကောက်ယူမှုနှင့် စောင့်ကြည့်စမ်းသပ်မှု မစ်ရှင်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ချင်လျင်စခန်းမှ မထွက်ခွာမီ “နှင်းနဂါး” သင်္ဘောကြီးသည် အစီအစဉ်အရ အနီးအနားရှိ တောင်ကိုရီးယားနိုင်ငံ Jang Bogo စခန်းသို့ သွားရောက်မည် ဖြစ်ပြီး ယင်းစခန်းအတွက် စူးစမ်းလေ့လာရေးအဖွဲ့ဝင် ၂၁ ဦးအား ကူညီ ရွှေ့ပြောင်းပို့ဆောင်မည်ဖြစ်ရာ ယင်းအဖွဲ့ဝင်များသည်လည်း Lyttelton ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှထွက်ခွာမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးကို တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနမှ စီစဉ်ခြင်း ဖြစ်သည်။ ချင်လျင်စခန်း၏ တွဲဖက်အဆောက်အဦ တည်ဆောက်ရေးနှင့် စနစ်အဆင့်မြှင့်တင်ရေး၊ အန္တာတိက ကဏ္ဍစုံ ဘက်စုံစစ်ဆေးစောင့်ကြည့်စမ်းသပ်မှု ဖော်ဆောင်ရေး၊ အရေးကြီးသည့် သုတေသနပြုနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပြည်တွင်းထုတ် စက်ပစ္စည်းနည်းပညာ၏ အသစ်အသုံးချမှု စသည်တို့ကို တွန်းအားပေးဆောင်ရွက်ခြင်းသည် ယခုအကြိမ် စူးစမ်းလေ့လာရေး၏ အဓိက လုပ်ငန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

———————–
(Chinese Version)
第42次南极考察|“雪龙”号离开秦岭站 启程前往新西兰
新华社“雪龙”号1月3日电(记者顾天成)北京时间3日,执行中国第42次南极考察任务的“雪龙”号完成秦岭站物资卸运、人员登陆工作和航空摄影、海洋测绘等科考工作,启程前往新西兰利特尔顿港。
在秦岭站作业期间,“雪龙”号转送38名队员上站,接11名队员回船,累计卸运科研、后勤保障、工程和燃油等物资约1450吨。同时,秦岭站约500吨建筑垃圾和物资也已回运上船。
据悉,“雪龙”号将在利特尔顿港完成物资补给及人员轮换,接上34名考察队员后前往南极阿蒙森海,继续执行大洋调查和监测任务。
离开秦岭站前,“雪龙”号按计划前往附近的韩国张保皋站,帮助转运该站21名考察队员。这些队员也将在利特尔顿港下船。
中国第42次南极考察由自然资源部组织。推进秦岭站配套设施建设与系统优化、实施南极多领域综合调查观测、开展重大研发项目和国产装备技术的新应用等是本次考察的重点工作。(完)
1. 北京时间1月3日,执行中国第42次南极考察任务的“雪龙”号完成秦岭站物资卸运、人员登陆工作和航空摄影、海洋测绘等科考工作,启程前往新西兰利特尔顿港。这是“雪龙”号在秦岭站附近海域行驶。 新华社发(祝贺 摄)
