China
တရုတ်နိုင်ငံနှင့်အတူ လျှောက်လှမ်းခြင်းက မျှော်လင့်ချက်နှင့် အတူလျှောက်လှမ်းခြင်းဖြစ်
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
နှစ်သစ်ကျရောက်လာသည့် အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုခဲ့ရာ တရုတ်နိုင်ငံ၏ မဆုတ်မနစ်ကြိုးပမ်းခဲ့သော သာမန်မဟုတ်သည့် ခရီးစဉ်ကို ပြန်လည်အောက်မေ့ခဲ့ပြီး ကမ္ဘာကြီးထံသို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ခိုင်မြဲသော ယုံကြည်ချက်ကို လက်ဆင့်ကမ်းကာ အနာဂတ်အား အတူဖန်တီးဖွင့်လှစ်လိုသည့် နိုင်ငံကြီး၏ တာဝန်သိမှုကို ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိသော၊ တည်ငြိမ်သော၊ တံခါးဖွင့်လှစ်သော အနေအထားဖြင့် လူသားမျိုးနွယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအတွက် တွန်းအားနှင့် မျှော်လင့်ချက်များ အဆက်မပြတ် ဖြည့်တင်းပေးနေသည်ကို ကမ္ဘာကြီးအနေဖြင့် အဆိုပါနှုတ်ခွန်းဆက်စကားမှတစ်ဆင့် ရှင်းလင်းစွာ ခံစားရပေသည်။
အဆိုပါမျှော်လင့်ချက်သည် တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် တစ်ကမ္ဘာလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအသစ်များ ဖြည့်တင်းပေးမှုတွင် ပေါ်လွင်နေပေသည်။ “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အောင်မြင်စွာပြီးစီးခဲ့ရာ တရုတ်နိုင်ငံ၏ စီးပွားရေး စုစုပေါင်းပမာဏသည် အဆင့်အသစ်များဆီသို့ ဆက်တိုက်ကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ်တွင် ယွမ် ၁၄၀ ထရီလီယံ ရောက်ရှိမည်ဟု မျှော်မှန်းရာ စီးပွားရေးအင်အား၊ သိပ္ပံနည်းပညာအင်အား၊ ကာကွယ်ရေးအင်အား၊ ဘက်စုံနိုင်ငံ့အင်အားများသည် အဆင့်သစ်သို့ ကျော်လွှားတက်လှမ်းခဲ့သည်။ အဆိုပါ ခဲရာခဲဆစ်ရရှိထားသော ရလဒ်မှတ်တမ်းက တရုတ်နိုင်ငံ စီးပွားရေး၏ အင်အားတောင့်တင်းသော ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ထပ်မံ သက်သေထူခဲ့ပေသည်။ တည်ငြိမ်မှုများကြားတွင် တိုးတက်မှုဖော်ဆောင်ခြင်းအား အခိုင်အမာ လက်ကိုင်ထားသော၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးဖော်ဆောင်သော တရုတ်နိုင်ငံသည် ၎င်း၏ပမာဏအထူးကြီးမားသောဈေးကွက်၊ ပြီးပြည့်စုံသော ကုန်ထုတ်လုပ်ငန်းစနစ်နှင့် အရှိန်အဟုန်မြင့်မားသော ဆန်းသစ်တီထွင်မှု ရှင်သန်စွမ်းအားများဖြင့် တစ်ကမ္ဘာလုံး စီးပွားရေးတိုးတက်မှု၏ အကြီးမားဆုံးမောင်းနှင်အားအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
တရုတ်နိုင်ငံသည် အစိမ်းရောင်၊ ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းထက်တွင်လည်း ခိုင်မာစွာ ရှေ့သို့ချီတက်လျက်ရှိပြီး စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် တောက်ပသည့် အခြေခံအရောင် ဖြစ်လာလျက်ရှိသည်။ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံရန် ကိုယ်တိုင်အကျိုးထမ်းဆောင်ရည်မှန်းချက်သစ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြင့် တစ်ကမ္ဘာလုံး ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို လက်တွေ့ကျသောလှုပ်ရှားများဖြင့် အားဖြည့်ပေးခဲ့သည်။
သီရိလင်္ကာနိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဖွဲ့အစည်း (BRISL) ပူးတွဲထူထောင်သူ Maya Majueran က တစ်ကမ္ဘာလုံးမတည်ငြိမ်မှုများ မြင့်တက်လာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအား အခိုင်အမာ လက်ကိုင်ထားခြင်း၊ တံခါးဖွင့်လှစ်မှုနှင့် အစိမ်းရောင် အသွင်ကူးပြောင်းမှုအား တိုးချဲ့ခြင်းသည် အတူတကွဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးအင်အားအရင်းအမြစ် ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မျှော်လင့်ချက်သည် တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်အတွက် အဆက်မပြတ်ဖြည့်တင်းပေးသည့် အပြုသဘောအင်အားမှ ရရှိခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများနှင့်အတူ ငြိမ်းချမ်းရေးအား စောင့်ရှောက်ခြင်း၊ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်းဟူသည့် မွန်မြတ်သောယုံကြည်ချက်ကို အခိုင်အမာဖော်ဆောင်ခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား အဆိုပြုခဲ့ရာ ယင်းအစီအမံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) တို့နှင့်အတူ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု၏ မဟာဗျူဟာ ဦးဆောင်မှု ဖြစ်လာခဲ့သည်။
ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ကမ္ဘောဒီးယား-ထိုင်း စသည့် ဒေသတွင်းအရေးကြီးကိစ္စရပ်များတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ဖျောင်းဖျပေးခြင်းမှသည် ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာလုပ်ဆောင်သည်အထိ ထို့နောက် ကုလသမဂ္ဂ၊ BRICS ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် နိုင်ငံစုံပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံလာရေးကို တွန်းအားပေးသည်အထိ “တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ သမိုင်း၏မှန်ကန်သည့်ဘက်မှာ ရပ်တည်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အတူလက်တွဲကာ ကမ္ဘာကြီး ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လျက် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်မှုကို တွန်းအားသွားလိုပေသည်”။ တရုတ်နိုင်ငံက ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာဦးဆောင်ပြီး နိုင်ငံတကာတရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ထိန်းသိမ်းသော၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ပြည့်စုံကောင်းမွန်စေသော အဓိကအင်အားဖြစ်လာပြီဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။
အဆိုပါမျှော်လင့်ချက်သည် တရုတ်နိုင်ငံက ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှု၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုအပေါ် ခိုင်မာစွာစောင့်ထိန်းမှုနှင့် လက်တွေ့ကျင့်သုံးမှုမှ ရရှိခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် မည်သည့်အချိန်ကမျှ မိမိ၏ယဉ်ကျေးမှုကို သူတစ်ပါးထံ အတင်းအဓမ္မသွတ်သွင်းပေးခြင်း မရှိဘဲ တံခါးဖွင့်၍ အားလုံးပါဝင်သောသဘောထားဖြင့် ယဉ်ကျေးမှုဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်ကာ မတူညီသော ယဉ်ကျေးမှုများကို တန်းတူညီမျှဆွေးနွေးမှုအတွင်း အတူတကွ ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။
“ယဉ်ကျေးမှုပြပွဲ ခေတ်စားလာမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အပေါ် လူကြိုက်များမှု အဆက်မပြတ် မြင့်တက်လာခြင်း” ၊ “ဝူခုံး၊ နီကျား စတဲ့ တရုတ်ဇာတ်ကောင်များ တစ်ကမ္ဘာလုံးမှာ ရေပန်းစားခဲ့ခြင်း” ၎င်းတို့သည် တရုတ်နိုင်ငံယဉ်ကျေးမှုဆွဲဆောင်မှုအားကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြနေမှုပင်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးပေါင်းကူးတံတားကို စဉ်ဆက်မပြတ် တည်ဆောက်ခဲ့သည်။ တစ်နေ့တခြားပြည့်ဝလာသော တွေ့ဆုံဆွေးနွေးမှုယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးက အပြန်အလှန်ယဉ်ကျေးမှု၏ အသက်သွေးကြောကို ထိတွေ့လာနိုင်ပြီး နိုင်ငံအသီးသီးပြည်သူများကလည်း အမျိုးစုံလင်သော ယဉ်ကျေးမှုများ၏အလှတရားကို ခံစားရင်း အေးအတူပူအမျှဖြစ်သော အနာဂတ်ကို ပွေ့ဖက်နိုင်ပေသည်။
အစကောင်းမှ အနှောင်းသေချာမှာဖြစ်သလို အောင်မြင်လိုသူကလည်း စီမံရေးဆွဲမှုမှ စတင်ရမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်သည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ၏ အစအဖွင့်နှစ်ဖြစ်သည်။ သမ္မတရှီကျင့်ဖိန်က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ တရုတ်နိုင်ငံသည် “ဆက်လက်ပြီး တံခါးဖွင့်ထားသော သဘောထားနဲ့ ကမ္ဘာကြီးကို ပွေ့ဖက်သွားမှာဖြစ်ပါတယ်” ဟု ထောက်ပြပြောကြားခဲ့သည်။ အနာဂတ်အား မျှော်မှန်းရာတွင် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှု၏ ခရီးစဉ်သစ်သည် တရုတ်နိုင်ငံက ကမ္ဘာကြီးနှင့် အခွင့်အလမ်းများ အတူမျှဝေသော၊ အနာဂတ်အား အတူဖန်တီးသော ခရီးစဉ်သစ်လည်း ဖြစ်ပေသည်။
“မြင့်မားတဲ့အိပ်မက်တွေကို တောတောင်ရေမြေကြားမှာ ဖော်ဆောင်ရပေမဲ့လည်း ဝေးလံတယ် မထင်သလို ရှေ့ခရီးလမ်းဝေးနေတဲ့တိုင်အောင် ခြေလှမ်းကျယ်လှမ်းကာ ရှေ့သို့ချီတက်သွားမှာဖြစ်ပါတယ်” နှစ်သစ်၏ လင်းရောင်ခြည်က ကမ္ဘာမြေကြီးအပေါ် ဖြာကျထွန်းလင်းလာချိန်တွင် ကမ္ဘာကြီးကလည်း တရုတ်နိုင်ငံနှင့် အတူလျှောက်လှမ်းခြင်းသည် အခွင့်အလမ်းနှင့် အတူလျှောက်လှမ်းခြင်း၊ မျှော်လင့်ချက်နှင့် အတူလျှောက်လှမ်းဖြစ်သည်ကို ပိုမိုယုံကြည်လာပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ဆိပ်ကမ်း ရစ်ကျောက်ကွန်တိန်နာဆိပ်ကမ်းတွင် ကွန်တိန်နာများ အပြည့်တင်ဆောင်ထားသော သင်္ဘောတစ်စင်း ဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ပရိသတ်များက နီကျား – ၂ ရုပ်ရှင် ကြော်ငြာပိုစတာရှေ့၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
新华时评丨与中国同行,与希望同行
新华社北京1月2日电 题:与中国同行,与希望同行 新华社记者李蓉
新年到来之际,国家主席习近平发表新年贺词,回顾中国踔厉奋发的非凡历程,向世界传递和平发展的坚定信念,展现共创未来的大国担当。世界从贺词中清晰感受到,中国正以越发自信、从容、开放的姿态,为人类和平与发展事业持续注入动力与希望。
这份希望,体现在中国以高质量发展为全球共同发展注入新动力。“十四五”圆满收官,中国经济总量连续跨越新关口,2025年预计达到140万亿元,经济实力、科技实力、国防实力、综合国力跃上新台阶。这份来之不易的成绩单,再次印证了中国经济的强大韧性。一个坚持稳中求进、推动高质量发展的中国,正以其超大规模市场、完备产业体系与蓬勃的创新活力,继续成为全球经济增长最大引擎。中国在绿色低碳发展道路上坚定前行,绿水青山成为亮丽底色,中国宣布应对气候变化的新一轮国家自主贡献目标,以一系列扎实行动助力全球生态文明建设。斯里兰卡“一带一路”组织联合创始人玛雅·马朱兰说,在全球不稳定性上升的背景下,中国坚持和平发展、扩大开放和绿色转型,成为共同发展的重要力量源泉。
这份希望,来自于中国持续为维护世界和平与稳定注入正能量。2025年,中国隆重纪念中国人民抗日战争暨世界反法西斯战争胜利80周年,同各国人民一起坚定捍卫和平、维护正义的崇高信念。2025年9月,习近平主席提出全球治理倡议,该倡议与全球发展倡议、全球安全倡议、全球文明倡议一起,共同构成构建人类命运共同体的战略引领。从在乌克兰、中东、柬泰等地区热点问题上劝和促谈,到深化全球南方团结协作,再到通过联合国、金砖国家、上合组织等多边平台推动完善全球治理,“中国始终站在历史正确一边,愿同各国携手促进世界和平发展,推动构建人类命运共同体”。国际社会普遍认为,中国积极引领全球南方合作,已成为维护国际公平正义、完善全球治理的关键力量。
这份希望,还源于中国对民心相通、文明互鉴的坚守与践行。中国从不将自身文明强加于人,而是以开放包容的心态促进文明交流互鉴,让不同文明在平等对话中共同发展。“文博热、非遗热不断升温”“悟空和哪吒风靡全球”,这正是中国文化魅力的生动写照。中国持续搭建文化交流桥梁,通过日益丰富的对话机制与合作平台,让世界各国得以触摸彼此文化的脉搏,让各国人民在欣赏多样文明之美中拥抱命运与共的未来。
锐始者必图其终,成功者先计于始。2026年是“十五五”开局之年,习近平主席在新年贺词中指出,中国将“继续敞开胸怀拥抱世界”。展望未来,中国式现代化的新征程,也是中国与世界共享机遇、共创未来的新征程。
“山海寻梦,不觉其远;前路迢迢,阔步而行。”当新年的阳光普照大地,世界更加相信:与中国同行,就是与机遇同行、与希望同行。(完)
1、2025年9月3日,纪念中国人民抗日战争暨世界反法西斯战争胜利80周年大会在北京隆重举行。这是纪念大会现场放飞气球。新华社记者 李贺 摄
2、2025年12月5日,在山东港口日照港集装箱码头,满载集装箱的船舶驶离港口(无人机照片)。新华社发(李大伟摄)
3、2025年6月25日,在沙特阿拉伯利雅得,观众在《哪吒之魔童闹海》的宣传展板前自拍留念。 新华社记者 王海洲 摄
