China
ရှီကျင့်ဖိန်က ပြင်သစ် နိုင်ငံတကာကျောင်း တရုတ်စာသင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများထံသို့ ပြန်စာပေးပို့
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ Provence-Alpes-Cote d’Azur ဒေသ နိုင်ငံတကာကျောင်း တရုတ်စာသင်တန်း ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ ထံသို့ မကြာမီရက်ပိုင်းက ပြန်စာပေးပို့ခဲ့ပြီး ၎င်းတို့နှင့်တကွ ကျောင်းတစ်ကျောင်းလုံးရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆုမွန်ကောင်းတောင်းစကားပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်စာသည် တရုတ်နိုင်ငံ၏ နှစ်ပေါင်း ၅,၀၀၀ ယဉ်ကျေးမှုကို ဆောင်ကြဉ်းထားရာ လေးထောင့်ကျကျ စာလုံးလေးများတွင် သမိုင်း၏ ကြီးမားသောဉာဏ်ပညာများ ကိန်းအောင်းနေကြောင်း၊ တရုတ်စာသင်ယူခြင်းသည် ရှေးဟောင်းနှင့် ယနေ့ခေတ် တရုတ်နိုင်ငံကို သိရှိနားလည်စေရာတွင် အထောက်အကူဖြစ်သလို တရုတ်-ပြင်သစ် နှစ်နိုင်ငံ၏ ပိုမိုသာယာလှပသောအနာဂတ်ကို လျှောက်လှမ်းရန် ပေါင်းကူးတံတားတည်ဆောက်ရာတွင်လည်း အထောက်အပံ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က အသင်တို့နှင့်အတူ ပိုမိုများပြားသော ပြင်သစ်၊ ဥရောပ လူငယ်များ တရုတ်နိုင်ငံသို့ လာရောက် ပညာသင်ယူရန်၊ ခရီးစဉ်လာရောက်ရန်၊ အလည်အပတ်ခရီးလာရောက်ရန် ကြိုဆိုသလို စစ်မှန်၍ ဘက်စုံဖြစ်သော၊ တံခါးဖွင့်လှစ်၍ တိုးတက်သော တရုတ်နိုင်ငံကို ကိုယ်တိုင်လေ့လာခံစားကြည့်ရန်၊ တရုတ်စာကို သင်တို့၏ ဘဝမိတ်ဆွေအဖြစ် ဆောင်ရွက်ရန် ကြိုဆိုကြောင်း အလေးထားပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြက္ခဒိန် မြင်းနှစ် ဖြစ်ရာ မြင်း၏ အနှစ်သာရ ဝိသေသလက္ခဏာမှာ ခိုင်မာတောင့်တင်းမှု၊ ရဲစွမ်းသတ္တိနှင့် တိုးတက်လိုမှု ဖြစ်ကြောင်း၊ ထိုကဲ့သို့ပင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေ့တန်းမှ တက်ကြွစွာ ဦးဆောင်ပါဝင်ကာ တရုတ်-ပြင်သစ်၊ တရုတ်-ဥရောပ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၏ မဏ္ဍိုင်များ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
မကြာမီရက်ပိုင်းက ပြင်သစ်နိုင်ငံ Provence-Alpes-Cote d’Azur ဒေသ နိုင်ငံတကာကျောင်းရှိ တရုတ်စာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက သမ္မတ ရှီကျင့်ဖိန်ထံသို့ စာလွှာပေးပို့ကာ တရုတ်စာသင်ယူရသည့် ခံစားချက်နှင့် တရုတ်ယဉ်ကျေးမှုအပေါ် နှစ်သက်မှုများကို မျှဝေခဲ့ကြပြီး တရုတ်-ပြင်သစ် လူငယ်လူရွယ်များ ဖလှယ်ရေးကို တိုးမြှင့်ရန်၊ တရုတ်-ပြင်သစ် အစဉ်အလာချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရန် တက်ကြွသည့်သဘောဆန္ဒများကို ဖော်ပြခဲ့ကြသည်။ (Xinhua)
——————–
(Chinese Version)
习近平复信法国国际学校中文班师生
新华社北京3月12日电 近日,国家主席习近平复信法国普罗旺斯-阿尔卑斯-蓝色海岸大区国际学校中文班师生,向他们和全校师生致以良好祝愿。
习近平表示,中文承载着中华5000年文明,小小方块字蕴含着历史大智慧。学习中文不仅有助于了解古老而现代的中国,也有助于搭建通往中法两国更加美好未来的桥梁。
习近平强调,欢迎你们和更多法国、欧洲青少年到中国学习、访问、旅游,亲身了解体验真实立体、开放进步的中国,使中文成为伴随你们人生成长的朋友。
习近平指出,今年是中国农历马年。马寓意着坚韧、勇气和进取。希望同学们一马当先,成为促进中法、中欧友好合作的栋梁之材。
日前,法国普罗旺斯-阿尔卑斯-蓝色海岸大区国际学校中文班师生代表向习近平主席致信,分享学习中文的体会和对中国文化的喜爱,表达增进中法青少年交流、深化中法传统友谊的积极意愿。(完)
1. Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, takes part in a deliberation with his fellow deputies from the delegation of Jiangsu Province at the fourth session of the 14th National People’s Congress in Beijing, capital of China, March 5, 2026. (Xinhua/Xie Huanchi)
