China
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုနှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုအား တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြန်လည်ဖြေကြား
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်ဖက်ဆွေးနွေးမှုများအရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် မတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ပြင်သစ်နိုင်ငံသို့ သွားရောက်၍ အမေရိကန်ဘက်နှင့် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုနှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုအား တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၃ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဘူဆန်တွေ့ဆုံဆွေးနွေးပွဲနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများ၌ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်ကို လမ်းညွှန်အဖြစ် ထားရှိကာ အပြန်အလှန် ဂရုပြုကြသည့် ကုန်သွယ်စီးပွားကဏ္ဍကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
商务部新闻发言人就中美经贸磋商有关问题答记者问
新华社北京3月13日电(记者谢希瑶、王聿昊)商务部新闻发言人13日就中美经贸磋商有关问题答记者问时表示,经中美双方商定,中共中央政治局委员、国务院副总理何立峰将于3月14日至17日率团赴法国与美方举行经贸磋商。双方将以两国元首釜山会晤及历次通话重要共识为引领,就彼此关心的经贸问题开展磋商。(完)
图说:当地时间2025年10月25日至26日,中美两国经贸团队在马来西亚吉隆坡举行中美经贸磋商。这是10月25日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特合影。 新华社记者 白雪骐 摄
