China
ဝမ်ရိနှင့် အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi နှင့် မတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
Amir Khan Muttaqi က အာဖဂန်နစ္စတန်၊ ပါကစ္စတန် ပဋိပက္ခအား ကြားဝင်စေ့စပ်ပေးရန် တရုတ်နိုင်ငံ၏ တက်ကြွစွာ ကြိုးပမ်းမှုများကို ကျေးဇူးတင်ရှိကြောင်း၊ အာဖဂန်နစ္စတန်ပြည်သူများသည် စစ်ပွဲ၏ဒဏ်ကို အလူးအလဲခံစားဖူးရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကို တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်အနေဖြင့် ဒေသတွင်း၏ မတည်ငြိမ်မှု အရင်းအမြစ် မဟုတ်ဘဲ ငြိမ်းချမ်းရေး၏ အရင်းအမြစ် ဖြစ်လာစေရန် ဆန္ဒရှိကြောင်း၊ အာဖဂန်နစ္စတန်အနေဖြင့် အာဖဂန်နစ္စတန်၏ နယ်မြေပိုင်နက်ကို အိမ်နီးချင်းနိုင်ငံများအား တိုက်ခိုက်ရန်အတွက် အသုံးချခွင့်ပေးမည် မဟုတ်ကြောင်း၊ အခြားနိုင်ငံနှင့် အပြန်အလှန် လက်နက်ကိုင်တိုက်ခိုက်လိုခြင်း မရှိသလို အိမ်နီးချင်းနိုင်ငံများအကြား အပြန်အလှန် ယုံကြည်ရန်၊ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရန် မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည် ပြဿနာဖြေရှင်းသည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်ဟု အာဖဂန်နစ္စတန်အနေဖြင့် ယူဆရာ နိုင်ငံကြီးနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ တရုတ်နိုင်ငံ ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ပြင်ပပတ်ဝန်းကျင် ပို၍ မတည်ငြိမ်မှုဖြစ်လေ၊ ဒေသတွင်းနိုင်ငံများက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်သင့်လေ ဖြစ်ကြောင်း၊ မျက်မှောက်အခက်အခဲများကို အတူတကွ ကျော်လွှားကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံသော၊ အတူတကွလုံခြုံသောလမ်းစဉ်တစ်ရပ်ကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်သည် ခွဲခြားထား၍မရသည့် ညီအစ်ကို၊ ပြောင်းရွှေ့မရသည့် အိမ်နီးချင်းဖြစ်ရာ နှစ်နိုင်ငံအကြား အရေးကိစ္စအချို့ ဖြစ်ပေါ်ရာတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်အင်အားသည် အခင်းအကျင်းကို ပို၍ ရှုပ်ထွေးမှု၊ ပဋိပက္ခကို ပို၍ ပြင်းထန်မှုသာ ဖြစ်စေရာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိသလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိုလည်း ခြိမ်းခြောက်မှုဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်-ပါကစ္စတန် ပဋိပက္ခအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု ရပ်တည်ချက်ကို အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဖဂန်နစ္စတန်ရေးရာ အထူးသံတမန်သည် နှစ်နိုင်ငံကြားတွင် ကူးလူးသွားလာကာ ကြားဝင့်စေ့စပ်ပေးလျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် စိတ်အေးအေးဖြင့် ထိန်းထိန်းသိမ်းသိမ်းရှိရန်၊ ဆောလျင်စွာ မျက်နှာချင်းဆိုင်ဖလှယ်ရန်၊ အပစ်ရပ်ရေးကို အမြန်ဆုံးဖော်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပဋိပက္ခနှင့် ကွဲလွဲမှုများကို ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ အာဖဂန်နစ္စတန်-ပါကစ္စတန် ရင်ကြားစေ့ရေး၊ ဆက်ဆံရေး ပြေလည်စေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့်လည်း အီရန်အရေးနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
王毅同阿富汗外长穆塔基通电话
新华社北京3月13日电 中共中央政治局委员、外交部长王毅13日应约同阿富汗外长穆塔基通电话。
穆塔基感谢中方为斡旋阿富汗、巴基斯坦冲突所作积极努力,表示阿富汗人民曾饱受战争摧残,珍惜和平与发展机遇。阿愿成为地区和平之源而非动荡之源,阿方重申阿领土不会被用于攻击邻国,不希望与他国兵戎相见,期待邻国之间相互信任、友好相处。阿方认为对话协商是解决问题的唯一途径,期待中方作为大国和友好邻国发挥更大作用。
王毅表示,外部环境越是动荡,地区国家越应加强团结合作,共克时艰,走出一条合作安全、共同安全之路。阿、巴是分不开的兄弟、搬不走的邻居,两国间出现一些问题只能通过对话协商解决,武力只会使局面更复杂、矛盾更激化,对双方都无益,也威胁地区和平稳定。中方对阿巴冲突一向秉持客观公正立场,中国外交部阿富汗事务特使正在两国之间穿梭斡旋,希望双方保持冷静克制,尽早面对面交流,尽快实现停火,通过对话解决矛盾分歧。中方愿继续为阿巴实现和解、缓和关系作出积极努力。
双方还就伊朗局势交换意见。王毅重申中方原则立场,表示中方愿同包括阿方在内国际社会一道,继续为争取和平发挥建设性作用。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 曹祎铭 摄
