China
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့ပြီး အီရန် မူလတန်းကျောင်းတွင် သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအား ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အီရန် မူလတန်းကျောင်းတွင် သေဆုံးခဲ့သော ကျောင်းသူများအတွက် အလွန်ပင်ဝမ်းနည်းကြောင်းနှင့် သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအပေါ် စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း၊ သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအား ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်ထောက်ပံ့မှုများအတွက် သီးသန့်အသုံးပြုရန် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီရန် လခြမ်းနီအသင်းထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အမေရိကန်နှင့် အစ္စရေးသည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အီရန်နိုင်ငံ Hormozgan ပြည်နယ်ရှိ Shajarah Tayyebeh မူလတန်းကျောင်းကို လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ မိန်းကလေးငယ် ၁၆၀ ဦး ကျော် သေဆုံးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့်စပ်လျဉ်း၍ အီရန်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် ထည့်သွင်းစဉ်းစားပါသလော ဟု သတင်းထောက်တစ်ဦးက ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အရပ်သားများနှင့် စစ်ဘက် မဟုတ်သောပစ်မှတ်များကို ခွဲခြားမှုမရှိ တိုက်ခိုက်သော လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်း၊ စာသင်ကျောင်းများအား တိုက်ခိုက်ခြင်း၊ ကလေးငယ်များကို ထိခိုက်နစ်နာစေခြင်းတို့သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပို၍ပင် ဆိုးရွားစွာ ချိုးဖောက်ခဲ့သလို လူ့ကျင့်ဝတ်နှင့် အသိတရား၏ အခြေခံမျဉ်းကို ကျော်လွန်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အီရန်နိုင်ငံ Hormozgan ပြည်နယ်ရှိ Shajarah Tayyebeh မူလတန်းကျောင်း၌ သေဆုံးခဲ့သော ကျောင်းသူများအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်းနှင့် သေဆုံးခဲ့သော ကျောင်းသူများ၏ မိဘများအပေါ် စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“သေဆုံးခဲ့တဲ့ ကျောင်းသူတွေရဲ့ မိဘတွေကို ဝမ်းနည်းကြောင်းနဲ့ နှစ်သိမ့်ထောက်ပံ့မှုတွေမှာ သီးသန့်အသုံးပြုဖို့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အီရန် လခြမ်းနီအသင်းထံ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်” ၊ တရုတ်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို အရင်းခံကာ လိုအပ်သော အကူအညီများ အီရန်အား ဆက်လက်ပေးအပ်သွားပြီး အီရန်ပြည်သူများ အခက်အခဲများ ကျော်လွှားနိုင်ရန် ထောက်ခံအားပေးရန် ဆန္ဒရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
外交部:中国红十字会提供紧急人道主义援助 慰问和抚恤伊朗小学遇难学生家长
新华社北京3月13日电(记者万倩仪、马卓言)外交部发言人郭嘉昆13日表示,中方对伊朗小学遇难学生表示深切哀悼,向遇难学生家属致以诚挚慰问。中国红十字会决定向伊朗红新月会提供20万美元紧急人道主义援助,专门用于慰问和抚恤遇难学生家长。
当日例行记者会上,有记者问:2月28日以来,美国和以色列对伊朗实施军事打击。有媒体报道称,伊朗霍尔木兹甘省沙贾雷·塔耶贝小学遭袭,导致160余名女童在空袭中丧生。中方是否考虑就此向伊方提供人道主义援助?
郭嘉昆表示,中方谴责一切无差别袭击平民和非军事目标的行为,袭击学校、伤害儿童更严重违背国际人道法,突破人类道德良知底线。我们对伊朗霍尔木兹甘省沙贾雷·塔耶贝小学遇难学生表示深切哀悼,向遇难学生家属致以诚挚慰问。
“中国红十字会决定向伊朗红新月会提供20万美元紧急人道主义援助,专门用于慰问和抚恤遇难学生家长。”郭嘉昆说,中方愿继续本着人道主义精神向伊方提供必要帮助,支持伊朗人民渡过难关。(完)
