Connect with us

China

တရုတ်-ဗီယက်နမ် သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

တရုတ်-ဗီယက်နမ် သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Le Hoai Trung ၊ ကာကွယ်ရေးဝန်ကြီး Phan Van Giang ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Luong Tam Quang တို့ အတူ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်စဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေး “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို မတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Le Hoai Trung ၊ ကာကွယ်ရေးဝန်ကြီး Phan Van Giang ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Luong Tam Quang တို့ အတူ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

နှစ်ဖက်အနေဖြင့် “ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအား စုစည်းစီမံခြင်း၊ ဆိုရှယ်လစ်ဝါဒလမ်းစဉ် ကောင်းမွန်စွာ လျှောက်လှမ်းခြင်း၊ ဘုံစိန်ခေါ်မှုများအား လက်တွဲအတူ ရင်ဆိုင်ကိုင်တွယ်ခြင်း” ဟူသော အကြောင်းအရာများကို ဗဟိုပြုကာ နိုင်ငံတကာအခြေအနေ တိုးတက်ပြောင်းလဲမှုနှင့် နိုင်ငံရေး လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှု၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အဓိကထား၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ရာ ကျယ်ပြန့်သည့် သဘောတူညီချက်များ ရရှိခဲ့သည်။

ဝမ်ရိက လွန်ခဲ့သည့်နှစ်တွင် အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခဲ့ရာ ဗီယက်နမ်နိုင်ငံ အကြီးအကဲနှင့်အတူ “3+3” မဟာဗျူဟာ တွေ့ဆုံဆွေးနွေးမှုယန္တရား ဝန်ကြီးအဆင့် အစည်းအဝေးကို ကောင်းမွန်စွာ ကျင်းပရေးနှင့်စပ်လျဉ်း၍ အရေးကြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဤယန္တရားသည် ကမ္ဘာတွင် နှစ်ဖက်၏ ပထမဆုံးသော အဓိက မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု ပလက်ဖောင်းဖြစ်သလို မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိသည့် အရေးကြီး အစီအမံလည်း ဖြစ်ရာ နိုင်ငံရေးစနစ်လုံခြုံမှု ကာကွယ်ထိန်းသိမ်းရေး၊ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ရည်ရွယ်ကြောင်း၊ ယင်းမှာ တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရာတွင် ရှိသင့်ရှိထိုက်သည့် အနှစ်သာရဖြစ်သလို ကမ္ဘာ့ဆိုရှယ်လစ်ဝါဒလုပ်ငန်း ထွန်းကားရေး၏ မရှိမဖြစ် လုပ်ဆောင်ချက်လည်း ဖြစ်ရာ နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ မြင့်မားသည့် အဆင့်အတန်းနှင့် မဟာဗျူဟာမြောက်ခြင်းကို အပြည့်အဝ ထင်ဟပ်ပြသလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-ဗီယက်နမ် ဆက်ဆံရေး “ကဏ္ဍ ၆ ရပ် ပိုမိုကောင်းမွန်ရေး” အလုံးစုံရည်မှန်းချက်ကို ဗဟိုပြုဖော်ဆောင်ရာတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအနေဖြင့် ဘက်စုံညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စေရန်၊ တစ်ဖက်၏ အဓိက အစီအမံနှင့် အတွေးအခေါ်များကို အပြန်အလှန် ထောက်ခံအားပေးရန်၊ သံတမန်ရေးဆုံးဖြတ်ချက်မူဝါဒ၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးရန်၊ တရုတ်-အာဆီယံ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ BRICS နိုင်ငံများ စသည့် နိုင်ငံစုံ ပလက်ဖောင်းတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များကို သင့်လျော်ကောင်းမွန်စွာ စီမံဖြေရှင်းရန်၊ နိုင်ငံကိုယ်စီဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေသည့် နိုင်ငံတကာ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ဝမ်ရှောင်ဟုန်က နှစ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနများအနေဖြင့် “ကဏ္ဍ ၆ ရပ် ပိုမိုကောင်းမွန်ရေး” အလုံးစုံရည်မှန်းချက်ကို အာရုံစိုက်ဖော်ဆောင်ရာတွင် နိုင်ငံရေးလုံခြုံမှုကို အဓိကထားကာ “ဆေးရောင်ဆိုး တော်လှန်ရေး (Color Revolutions)” ကို ပို၍ကောင်းမွန်စွာ ကာကွယ်တားဆီးရန်၊ မဟာဗျူဟာ စီမံကိန်းများကို ရှေ့တန်းတင်၍ စုပေါင်းအင်အားကို တစ်ဆင့်တိုးမြှင့် စုစည်းရန်၊ ပြည်သူ့အကျိုးစီးပွားကို အခြေပြု၍ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုရရှိအောင် ကြိုးပမ်းရန်၊ နှစ်နိုင်ငံ ကိုယ်စီ ဆိုရှယ်လစ်ဝါဒလုပ်ငန်းနှင့် မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကောင်းမွန်စွာ ထမ်းရွက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆိုက်ဘာလုံခြုံရေး၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ တရားခံပြေးများအား လိုက်လံဖမ်းဆီးရေးနှင့် တရားမဝင်ပစ္စည်းဥစ္စာများ ဖော်ထုတ်သိမ်းဆည်းရေး စသည့်ကဏ္ဍများကို အဓိကထားကာ တရားဥပဒေစိုးမိုးရေး လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် “ဘေးကင်းလုံခြုံသည့် မြို့ပြ” တည်ဆောက်ရေး၊ သိပ္ပံနည်းပညာဖြင့် ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ခြင်း စသည့် ကဏ္ဍများ၌ ကူးလူးဖလှယ်၍ အပြန်အလှန်လေ့လာမှုများကို အားဖြည့်ရန်၊ တရားဥပဒေစိုးမိုးရေး စွမ်းရည်အဆင့်ကို အတူတကွ မြှင့်တင်ရန်၊ ဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်စီမံရန်၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို လက်တွေ့ ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တုန်ကျွင်းက ယခင်က မကြုံတွေ့ခဲ့ဖူးသော ပြင်ပလုံခြုံရေးအန္တရာယ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်များသည် ကွန်မြူနစ်ပါတီ၏ အပြည့်အဝ ဦးဆောင်မှုအောက်၌ရှိသော လက်နက်ကိုင်အင်အားစုများအနေဖြင့် ပါတီ၏ ရေရှည်အာဏာတည်မြဲရေး၊ ဆိုရှယ်လစ်ဝါဒ အနီရောင်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ကြီးလေးသည့်တာဝန်ကို ပခုံးထက်တွင် ထမ်းရွက်ထားလျက်ရှိရာ ပါတီနှစ်ရပ် ထိပ်တန်းခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် ကာကွယ်ရေးဟူသော လုံခြုံရေးအကာအရံကို ခိုင်မာမြဲမြံအောင် လက်တွဲ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ စစ်ရေးလုံခြုံရေးကဏ္ဍ အပြန်အလှန်ယုံကြည်မှုကို ဆက်လက် တိုးမြှင့်သွားရန်၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို တစ်ဆင့်တိုးထပ်မံ တိုးချဲ့ရန်၊ ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးနှင့် ထိရောက်မှုကို မြှင့်တင်ရန်၊ အပြုသဘောဆောင်သည့် အပြန်အလှန်ဆက်ဆံမှုဖြင့် ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်စောင့်ရှောက်ရန်၊ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုများ အဆင့်သစ်သို့ ထပ်မံ တက်လှမ်းနိုင်ရေးကို တွန်းအားပေးရန်၊ ဆိုရှယ်လစ်ဝါဒနိုင်ငံများ၏ တပ်မတော်များ တိုးတက်အားကောင်းရေးအတွက် စည်းလုံးညီညွတ်စွာ ကိုယ်အားကိုယ်ကိုးသည့် စံနမူနာကို စိုက်ထူသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံဘက်က ပြောကြားရာတွင် လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ အပြောင်းအလဲများမှာ လျင်မြန်၍ ကြိုတင်ခန့်မှန်းရန် ပိုမို ခဲယဉ်းလာရာ နှစ်ပါတီနှင့် နှစ်နိုင်ငံအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရန်မှာ အထူး အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးနှင့် တိုးတက်စေရေးကို နိုင်ငံခြားရေးမူဝါဒ၏ ထိပ်တန်း ဦးစားပေးအဖြစ်သော်လည်းကောင်း၊ မဟာဗျူဟာ ရွေးချယ်မှုအဖြစ်သော်လည်း အစဉ်အမြဲထားရှိသွားမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားကျင့်သုံးပြီး တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အခိုင်အမာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်လက်တွဲအတူ ရှေ့သို့ တက်လှမ်းကာ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို ကောင်းမွန်စွာ စီစဉ်ရန်၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စေရန်၊ ဗီယက်နမ်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ အတူတကွမြှင့်တင်ရန် ဆန္ဒရှိကြောင်း ဗီယက်နမ်နိုင်ငံဘက်က ပြောကြားခဲ့သည်။

“3+3” မဟာဗျူဟာ တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေး အပြည့်အဝ အောင်မြင်ခြင်းသည် တရုတ်-ဗီယက်နမ် မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအသစ် တည်ထောင်လိုက်ခြင်းကို အမှတ်သင်္ကေတပြုလျက်ရှိရာ ကဏ္ဍသစ်ကို တက်လှမ်းပြီး အဆင့်သစ်သို့ မြှင့်တင်လိုက်ကြောင်း နှစ်ဖက်စလုံးက တစ်ပြေးညီ ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာကြီးသည် မတည်ငြိမ်သည့် ပြောင်းလဲမှုကာလသို့ ရောက်ရှိနေရာ တရုတ်-ဗီယက်နမ် ဆိုရှယ်လစ်ဝါဒလုပ်ငန်းအတွက် ဘုံစိန်ခေါ်မှုများ သယ်ဆောင်လာခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာ နိုးကြားမှုထားရှိ၍ အယူဝါဒအခြေခံကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန်၊ မဟာဗျူဟာ တည်ငြိမ်ခိုင်မာမှု အင်အားကို အားကောင်းစေ၍ ပိုမို နီးကပ်စွာ စည်းလုံးညီညွတ်ကြရန်၊ မဟာဗျူဟာကြံ့ကြံ့ခိုင်မှုကို မြှင့်တင်ကာ စနစ်အားသာချက်ကို အသုံးပြု၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်အား အခိုင်အမာကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ယူဆကြသည်။

ထို့အပြင် “3+3” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံ၌ ကျင်းပသွားရန်၊ တစ်ချိန်တည်းတွင်ပင် ယန္တရားအတွင်း အဆင့်မြင့်အရာရှိကြီးများ၏ နေ့စဉ်ဆက်သွယ်မှုအခန်းကဏ္ဍကို အပြည့်အဝအသုံးချပြီး သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ တိုက်ရိုက်ချိတ်ဆက်ဖလှယ်မှုကို နက်ရှိုင်းစေရန် နှစ်ဖက်စလုံးက တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။

အဆိုပါအစည်းအဝေးကာလတွင် နှစ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနများအကြား ရာဇဝတ်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ၉ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ၁၀ ကြိမ်မြောက် နယ်စပ်ကာကွယ်ရေးကဏ္ဍ ချစ်ကြည်ရေးဖလှယ်မှုအစီအစဉ်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
中越举行外交、国防、公安“3+3”战略对话机制首次部长级会议
新华社河内3月16日电(记者邹学冕 胡佳丽)中越外交、国防、公安“3+3”战略对话机制首次部长级会议16日在河内举行,外交部长王毅、公安部长王小洪、国防部长董军同越南外交部长黎怀忠、国防部长潘文江、公安部长梁三光共同主持。双方围绕“统筹发展与安全、走好社会主义道路、携手应对共同挑战”这一主题,重点就国际形势发展变化以及维护政治安全、开展防务执法合作等议题深入交换意见,达成广泛共识。
王毅表示,去年习近平总书记、国家主席对越南进行国事访问,同越南领导人就开好“3+3”战略对话机制部长级会议达成重要共识。这一机制是双方在全球首创的重要战略沟通平台,是具有战略意义的重大举措,目的是维护政治制度安全、深化战略协作,既是推进中越命运共同体建设的应有之义,也是振兴世界社会主义事业的必要之举,充分彰显了两党两国关系的高水平和战略性。
王毅强调,围绕实现中越关系“六个更”总体目标,两国外交部要密切多边协调配合,相互支持对方重大倡议理念,就外交决策和国际地区问题开展战略沟通,加强在中国-东盟、澜湄合作、金砖国家等多边平台合作,妥善处理海上问题,为各自国家发展营造更为有利的国际环境。
王小洪表示,两国公安部门要聚焦“六个更”总体目标,坚持以政治安全为要、更好防范和抵御“颜色革命”;坚持以战略规划为先、进一步凝聚强大合力;坚持以人民利益为本、争取更多务实合作成果,更好服务两国各自社会主义事业和具有战略意义的中越命运共同体建设。要重点围绕网络安全、打击网赌电诈、禁毒、追逃追赃等领域健全执法安全合作机制,并在“平安城市”建设、科技强警等方面加强交流互鉴,共同提升执法能力水平,有效应对风险挑战,切实维护安全稳定。
董军表示,面对前所未有的外部安全风险挑战,中越两军作为共产党绝对领导下的武装力量,在巩固党的长期执政地位、捍卫社会主义红色江山方面重任在肩,必须在两党最高领导人指引下,携手筑牢防务安全屏障。中方愿与越方一道,持续增进军事安全互信,进一步拓展合作领域、提升合作质效,以良性互动共同守护海上安全稳定,推动两国国防领域交流合作再上新台阶,树立社会主义国家军队团结自强的典范。
越方表示,当前国际地区局势变化迅速且更难预料,两党两国加强团结合作,应对共同挑战尤为紧迫。越方始终将巩固和发展对华关系作为对外政策的头等优先和战略选择,坚定奉行一个中国政策,在涉及中方核心利益问题上予以坚定支持,愿同中方携手并进,筹备好高层交往,推进各领域合作,密切多边协调配合,共同将越中全面战略合作伙伴关系提升到更高水平。
双方一致表示,“3+3”战略对话机制首次部长级会议取得圆满成功,标志着中越战略沟通协作建立起新平台,迈上了新台阶,提升到新水平。
双方一致认为,当今世界进入新的动荡变革期,给中越社会主义事业带来共同挑战。双方要保持战略清醒,守牢意识形态阵地;强化战略定力,更加紧密团结在一起;提升战略韧性,发挥制度优势,深化互利合作;加强战略协同,坚定维护以联合国为核心的国际体系和以国际法为基础的国际秩序。
双方一致同意,将在中国举办“3+3”战略对话机制第二次部长级会议,同时充分发挥机制高官的日常联络作用,深化外交、国防、公安对口交流。
会议期间还将举行两国公安部第九次合作打击犯罪部长级会议和第十次边境国防友好交流活动。(完)
1. 3月16日,中越外交、国防、公安“3+3”战略对话机制首次部长级会议在河内举行,外交部长王毅、公安部长王小洪、国防部长董军同越南外交部长黎怀忠、国防部长潘文江、公安部长梁三光共同主持。 新华社记者 胡佳丽 摄