Connect with us

China

အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း အသစ်တစ်သုတ်အား တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ထုတ်ပြန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ချင်းသောင်ဆိပ်ကမ်း၏ မြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) သည် အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထင်ကရစီမံကိန်းသစ် ၁၃ ခုကို မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည့်ပမာဏမှာ ကန်ဒေါ်လာ ၁၃.၄ ဘီလီယံရှိကြောင်း NDRC မှ မတ် ၁၈ ရက်တွင် သိရှိရသည်။

အသစ်ရွေးချယ်ထားသည့် စီမံကိန်းများမှာ အဓိကအားဖြင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေး၊ ဓာတုစက်မှု၊ မော်တော်ကား၊ လျှပ်စစ်စက်ပစ္စည်း စသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်ကြပြီး လုပ်ငန်းအုပ်စုများ အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ဝန်ဆောင်မှုကဏ္ဍလုပ်ငန်းများအပေါ် ပံ့ပိုးမှုကို တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်အဖြစ် ကုန်စည်သယ်ယူပို့ဆောင်ရေးစီမံကိန်းများကို စာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ပြီး ဇီဝဆေးဝါးစသည့် ကဏ္ဍ သုတေသနပြုထုတ်လုပ်မှုအချက်အချာ စီမံကိန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကာ ခေတ်မီ ဝန်ဆောင်မှုကဏ္ဍလုပ်ငန်းများနှင့် ခေတ်ရှေ့ပြေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နက်ရှိုင်းစွာ ပေါင်းစည်းရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထင်ကရ စီမံကိန်းများတွင် စုစုပေါင်း ကန်ဒေါ်လာ ၁၀၈ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုရှေ့ပြေးအနေဖြင့် ဆက်စပ်အကျိုးထိရောက်မှုမှာ သိသာထင်ရှားကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
国家发展改革委推出新一批重大外资项目
新华社北京3月18日电(记者魏玉坤)记者18日从国家发展改革委获悉,近日,国家发展改革委推出了新一批13个标志性重大外资项目,计划投资额134亿美元。
据悉,新入选项目主要集中在制造业,包括电子制造、化工、汽车、电气机械等,促进产业集群加速发展。同时,加大对服务业支持力度,首次将物流项目纳入清单,继续支持生物医药等领域研发中心项目,推动现代服务业和先进制造业深度融合。
截至目前,标志性重大外资项目已累计完成投资1080亿美元,引资示范带动效应显著。(完)
1. An aerial drone photo taken on March 10, 2026 shows a view of Qingdao Port in Qingdao, east China’s Shandong Province. (Photo by Yu Fangping/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.