China
သင်းပျံ့သောဆန်သင်းရနံ့နှင့်အတူ လွင့်ပျံ့နေသော သံယောဇဉ်များ
နန်နင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
ဆန်းကျမြီးရှည်သည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟဲချီ၊ နန်နင်း စသည့်ဒေသများ၏ ဒေသရိုးရာ သွားရည်စာဖြစ်ပြီး မြို့သူ၊ မြို့သားများနှင့် ခရီးသွားဧည့်သည်များ၏ များစွာနှစ်သက်ခြင်းခံရသည်။ ၎င်းအားပြုလုပ်သည့်လက်မှုပညာသည် ကွမ်ရှီးဒေသ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။
ဆန်းကျမြီးရှည်သည် သဘာဝကုန်ကြမ်းများကို အသုံးပြု၍ လက်မှုပညာဖြင့်ပြုလုပ်ထားပြီး လက်မှုပညာ ရှုပ်ထွေးသဖြင့် ပြုလုပ်ရန် အချိန်ကြာသည်။ သာမန်အားဖြင့် ဆန်ရွေးခြင်း၊ ကစော်ဖောက်ခြင်း၊ ဆန်မုန့်နှစ်ကြိတ်ခြင်း၊ ရေဓာတ်ပျောက်အောင် အခြောက်ခံခြင်း၊ ဆန်မုန့်လုံးအား ပေါင်းခြင်း၊ ဆန်မုန့်လုံးနယ်ခြင်း စသည့် ရက်အနည်းငယ်ပြင်ဆင်မှုလုပ်ဆောင်ပြီးမှ နောက်ဆုံးတွင် ဆန်မုန့်လုံးကို မြီးရှည်အဖြစ် ညှစ်ထုတ်ရသည်။ မြီးရှည်ခေါက်ဆွဲများက ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲ ကျသွားပြီးနောက် ချက်ချင်းပြန်ဆယ်ကာ ဖြည့်စွက်ပစ္စည်းအစာများဖြင့် တွဲဖက်လိုက်ပါက လတ်ဆတ်သော၊ ချဉ်၍စိုပြည်သော၊ ပျော့အိညက်ညော၍ အရသာကောင်းသော ဆန်းကျမြီးရှည်ကို ပြုလုပ်ပြီးစီးပြီဖြစ်သည်။
ဟဲချီ၊ နန်နင်း စသည့်ဒေသများတွင် ဆန်းကျမြီးရှည်ဆိုင်များကို နေရာတကာတွေ့မြင်နိုင်သည်။ မြီးရှည်များ မွှေးရနံ့သင်းပျံ့မှုက ဒေသခံများနှင့် ခရီးသွားဧည့်သည်များ ဆိုင်အတွင်းဝင်ရောက်၍ အဆိုပါထူးခြားချက်ရှိသည့် ရသာမွန်သွားရည်စာအား မြည်းစမ်းရန် ဆွဲဆောင်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟဲချီမြို့ တာ့ဟွ ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် ကျင်းပသည့် “ဆန်းကျမြီးရှည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာပြိုင်ပွဲ” လှုပ်ရှားမှုအတွင်း ဆန်းကျမြီးရှည်အား ပြသနေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ဟဲချီမြို့ တာ့ဟွ ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကူကျန်းလမ်းမထက်ရှိ ဆန်းကျမြီးရှည်ဆိုင်တစ်ဆိုင်တွင် ပြုလုပ်ပြီးခါစ ဆန်းကျမြီးရှည်ကို ၂၀၂၆ မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————–
(Chinese Version)
丝丝米香悠悠情
新华社照片,南宁,2026年3月23日
生榨米粉是广西河池、南宁等地的民间传统小吃,深受广大市民和游客的喜爱,其制作技艺被列入广西非物质文化遗产名录。
生榨米粉使用纯天然食材手工制作,工艺复杂,周期较长。一般要经过选米、发酵、磨浆、压干脱水、蒸煮粉团、搓揉粉团等几天时间准备,最后将粉团压榨成丝。粉丝落入滚烫的清水锅,迅速捞起装碗,配上佐料,一碗新鲜、酸润、爽滑的生榨米粉就制作完成。
在河池、南宁等地,生榨米粉店随处可见,丝丝粉条,缕缕生香,吸引当地居民和游客进店享用这一特色美食小吃。
1、参赛人员在广西河池市大化瑶族自治县“生榨米粉非遗技艺比拼”活动中制作生榨米粉(3月21日摄)。 新华社记者 黄孝邦 摄
2、人们在广西河池市大化瑶族自治县“生榨米粉非遗技艺比拼”活动中展示生榨米粉(3月21日摄)。新华社记者 黄孝邦 摄
3、广西河池市大化瑶族自治县古江大道一家生榨米粉店刚刚制作完成的生榨米粉(3月21日摄)。新华社记者 黄孝邦 摄
