Connect with us

China

တုန့်လူမျိုး သီချင်းကြီးနှင့် A Cappella သီဆိုမှုဖြင့် နိုင်ငံဖြတ်ကျော် ယဉ်ကျေးမှုဖလှယ်ရေး သံစဉ်များ သီဆို

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာတွင် အမေရိကန် Yale တက္ကသိုလ် Whiffenpoofs သံပြိုင်သီဆိုအဖွဲ့နှင့် ကွေ့ကျိုး “ကျေးလက်သီချင်း” သံပြိုင်သီဆိုအဖွဲ့တို့က သီချင်းသီဆိုနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်တုန်းနန် (ကွေ့ကျိုး)၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် Yale တက္ကသိုလ် Whiffenpoofs သံပြိုင်သီဆိုအဖွဲ့သည် မတ် ၂၃ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လီဖိန်ခရိုင်သို့ သွားရောက်ကာ “မင်္ဂလာငှက်မင်း တေးသံသာနှင့် သံစုံဂီတ” ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။
တုန့်လူမျိုးရွာနံဘေး၊ ဗုံမျှော်စင်ထဲ၊ သဘာဝအလျောက် ဖြစ်ပေါ်လာသည့်တံတားအောက်တို့တွင် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံမှ လူငယ်များက ဂီတကို ဆက်သွယ်ရန်ပေါင်းကူးတံတားအဖြစ် တုန့်လူမျိုး သီချင်းကြီးနှင့် A Cappella သီဆိုမှုတို့ကို ပေါင်းစည်းပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာတွင် အမေရိကန် Yale တက္ကသိုလ် Whiffenpoofs သံပြိုင်သီဆိုအဖွဲ့ အဖွဲ့ဝင်နှင့် ကွေ့ကျိုး “ကျေးလက်သီချင်း” သံပြိုင်သီဆိုအဖွဲ့ အဖွဲ့ဝင်တို့ သီချင်းသီဆိုနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးရွာတွင် ကျင်းပသည့် “မင်္ဂလာငှက်မင်း တေးသံသာနှင့် သံစုံဂီတ” ယဉ်ကျေးမှုဖလှယ်ရေး အထူးဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
侗族大歌与阿卡贝拉,唱响跨国文化交流和美之音
新华社照片,黔东南(贵州),2026年3月24日
3月23日至24日,美国耶鲁大学威芬普夫斯阿卡贝拉合唱团走进贵州省黔东南苗族侗族自治州黎平县,开展“大鸾和鸣·天地交响”主题文化交流活动。在侗寨旁、鼓楼中、天生桥下,两国青年以音乐为桥梁纽带,让侗族大歌与阿卡贝拉相互交融。
1、3月23日,在贵州省黎平县肇兴侗寨,美国耶鲁大学威芬普夫斯阿卡贝拉合唱团与贵州“村歌”合唱团同台演唱歌曲。 新华社记者 杨文斌 摄
2、3月23日,在贵州省黎平县肇兴侗寨,美国耶鲁大学威芬普夫斯阿卡贝拉合唱团成员与贵州“村歌”合唱团成员同台演唱歌曲。新华社记者 杨文斌 摄
3、这是3月23日在贵州省黎平县肇兴侗寨拍摄的“大鸾和鸣·天地交响”文化交流专场晚会现场(无人机照片)。新华社记者 杨文斌 摄