Connect with us

China

အရှေ့အလယ်ပိုင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား- အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ရေးက လက်ရှိ ထိပ်တန်းဦးစားပေးဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးက အကျပ်အတည်းကို ဖောက်ထွက်မည့် လမ်းစဖြစ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ရေးက လက်ရှိ ထိပ်တန်းဦးစားပေးဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးက အကျပ်အတည်းကို ဖောက်ထွက်မည့် လမ်းစဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မတ် ၂၅ ရက်တွင် အရှေ့အလယ်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ပွဲရပ်တန့်ရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် ဖိတ်ကြားချက်အရ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ပွဲရပ်တန့်ရေးကဏ္ဍတွင် တရုတ်နိုင်ငံဘက်က အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပေးရန် အီရန်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီပြောကြားခဲ့သည်ကို မိမိတို့အနေဖြင့် သတိထားမိကြောင်း ယင်းနေ့ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးရန် မြှင့်တင်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် မည်သို့ ကြိုးပမ်းမည်နည်းဟု ၎င်းက မေးမြန်းခဲ့သည်။

လျင်ကျန့်က အီရန်စစ်ပွဲ ပြင်ပသို့ယိုလျှံသက်ရောက်မှုများ ဆက်လက်ပျံ့နှံ့လာခြင်းသည် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိကြောင်း၊ ချက်ချင်း အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲရပ်တန့်ရေးသည် ဒေသတွင်းနိုင်ငံများ၏ ပြည်သူအများ၏ မျှော်လင့်ချက်ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်း၏ တူညီသည့် တောင်းဆိုသံလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံ၏ အခြေခံမူရပ်တည်ချက်မှာ အရေးကြီး ပြဿနာရပ်အားလုံးကို လက်နက်အင်အားသုံးခြင်းမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း၊ တိုက်ခိုက်နေခြင်းထက် ဆွေးနွေးမှုက ပို၍ ကောင်းမွန်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် ငြိမ်းချမ်းရေးအခွင့်အလမ်းနှင့် ပြတင်းပေါက်မှန်သမျှကို အမိအရဆုပ်ကိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ် အမြန်ဆုံးပြန်လည်စတင်ရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

“အီရန်စစ်ပွဲဖြစ်ပွားကတည်းက တရုတ်နိုင်ငံက တိုက်ပွဲရပ်တန့်ရေးအတွက် အစဉ်တစိုက် မနားမနေ ဆောင်ရွက်လျက်ရှိသလို ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံးကြိုးပမ်းခဲ့ပါတယ်။ ပဋိပက္ခက ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သံတမန်ရေး ရင်ကြားစေ့ညှိနှိုင်းပေးတဲ့ကြိုးပမ်းမှုတွေကို ရပ်တန့်သွားမှာ မဟုတ်ဘူး” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် စစ်ပွဲရပ်တန့်ရေးတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်သလို ပင်လယ်ကွေ့ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ရန်အတွက် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ဖန် သတင်းထောက်တစ်ဦးက အမေရိကန်မီဒီယာများ၏ သတင်းများအရ သမ္မတ ထရမ့်အနေဖြင့် အီရန်ကို “ငြိမ်းချမ်းရေးနည်းလမ်း” အဆိုပြုထားပြီးဖြစ်ရာ စစ်ပွဲအဆုံးသတ်ရေးအပေါ် အကောင်းမြင်သည်ဟု သိရကြောင်း၊ အီရန်နိုင်ငံအနေဖြင့် “ရန်လိုသည့် နိုင်ငံမဟုတ်သည့်” ရေနံသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားခွင့် ပြုမည်ဟု ကြေညာထားကြောင်း၊ နောက်ဆုံးဖြစ်ပေါ်နေသည့် အဆိုပါအခြေအနေများအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မကြာမီရက်ပိုင်းများတွင် ပါကစ္စတန်နှင့် တူကီယဲ၊ အီဂျစ် စသည့်နိုင်ငံများက အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြားတွင် အပစ်ရပ်ရေးညှိနှိုင်းပေးသူအနေဖြင့် ဆောင်ရွက်လိုသည့်သဘောဆန္ဒကို ဖော်ပြခဲ့ကြောင်း၊ ပါကစ္စတန်ဘက်က ၎င်း၏ မြို့တော်အစ္စလာမ်မာဘတ်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရာနေရာအဖြစ် လုပ်ဆောင်၍ရသည်ဟု အဆိုပြုခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်း။ ယင်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ ပိုမိုရရှိထားခြင်း ရှိပါသလောဟု ၎င်းက မေးမြန်းခဲ့သည်။

လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ ဆက်တိုက်တင်းမာနေခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေးအပေါ် ရိုက်ခတ်ခြင်းများကို အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ရေးက လက်ရှိ ထိပ်တန်းဦးစားပေးဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးက အကျပ်အတည်းကို ဖောက်ထွက်မည့် လမ်းစဖြစ်ကြောင်း၊ အခြေအနေပြေလျော့ရေး၊ တွေ့ဆုံဆွေးနွေးမှု ပြန်လည်ဖော်ဆောင်ရေးအတွက် အကျိုးရှိသော ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ မေးမြန်းမှုများကို ဖြေကြားရာတွင်လည်း လျင်ကျန့်က အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ရေကြောင်းလမ်း ချောမွေ့လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်မှုရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ အစဉ်အမြဲထားရှိကာ အခြေအနေ ပြေလျော့ရေး တွန်းအားပေးဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ ဘက်ပေါင်းစုံက မိမိတို့ထမ်းရွက်သင့်သည့် တာဝန်များကို ကိုယ်စီထမ်းရွက်ရန်၊ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ အခြေအနေတင်းမာမှုများ ဆက်လက်အရှိန်မြင့်တက်၍ ဆိုးရွားမလာအောင် ရှောင်ကြဉ်ရန်၊ အခြေအနေများ ကယောက်ကယက်ဖြစ်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် ပို၍ ကြီးမားသော ရိုက်ခတ်မှုမဖြစ်စေအောင် ကာကွယ်တားဆီးရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
外交部谈中东局势:停火止战是当务之急,对话谈判是破局之路
新华社北京3月25日电(记者邵艺博、马卓言)外交部发言人林剑25日就中东局势答记者问时表示,停火止战是当务之急,对话谈判是破局之路。中方将进一步在促和止战方面发挥建设性作用。
当日例行记者会上,有记者问:王毅外长昨天应约同伊朗外长阿拉格齐通话。我们注意到阿拉格齐外长表示伊方期待中方为促和止战继续发挥积极作用。请问中方下步将为劝和促谈作出怎样努力?
林剑表示,伊朗战事外溢影响持续扩散,严重冲击中东和世界和平稳定。立即停火止战是地区国家人民的普遍期待和国际社会的共同呼声。王毅外长昨天在同伊朗外长阿拉格齐通话中强调,中方的原则立场是,所有地区热点问题都应通过对话谈判解决,而不应使用武力。谈起来总比打下去好。希望各方抓住一切和平机会和窗口,尽快启动和谈进程。
“自伊朗战事爆发以来,中方一直为止战奔走,为和平尽力。只要冲突持续,我们的外交斡旋努力就不会停止。”林剑说,中方将进一步在促和止战方面发挥建设性作用,并同地区国家和国际社会一道努力,为尽早恢复海湾地区的和平安宁作出贡献。
有记者问:据美媒报道,特朗普总统向伊朗提出“和平方案”,对结束战争持乐观态度。伊朗称将允许“非敌对国家”油轮通过霍尔木兹海峡。中方对上述最新情况有何回应?近日,巴基斯坦以及土耳其、埃及表示愿在美国、以色列、伊朗之间充当调停方。巴基斯坦提出可将其首都伊斯兰堡作为和谈举办地。外交部对此有何评论,是否掌握更多信息?
林剑表示,中方对中东局势持续紧张、冲击地区和国际和平稳定深感担忧。停火止战是当务之急,对话谈判是破局之路。中方支持一切有利于缓局降温、恢复对话的努力。
林剑在回答相关提问时还说,维护中东地区和平稳定和航道畅通安全,符合国际社会共同利益。中方一直同各方保持沟通,致力于推动局势缓和降温。当务之急是各方负起自己应当承担的责任,立即停止军事行动,避免紧张事态继续恶化升级,防止局势动荡对全球经济发展造成更大影响。(完)