Connect with us

China

ဂျပန်နိုင်ငံက “ပြင်ပခြိမ်းခြောက်မှု” ဆိုသည်ကို အဆက်မပြတ် လှုံ့ဆော်ချဲ့ကားပြောဆိုနေခြင်းမှာ မရိုးသားသော အကြံအစည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံက “ပြင်ပခြိမ်းခြောက်မှု” ဆိုသည်ကို အဆက်မပြတ် လှုံ့ဆော်ချဲ့ကားပြောဆိုနေခြင်းသည် လုံးဝကိုပင် လုပ်ကြံဖန်တီးထားမှု၊ မရိုးသားသော အကြံအစည်ရှိမှု ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက မတ် ၂၆ ရက် ကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲခုတွင် ပြောကြားခဲ့သည်။

သတင်းများအရ ဂျပန်ဝန်ကြီးချုပ်က တရုတ်နှင့် မြောက်ကိုရီးယားတို့ စစ်ရေးအင်အား အားကောင်းလာခြင်း၊ ရုရှားနှင့် တရုတ်-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းတို့ကြောင့် ဂျပန်သည် စစ်ပွဲပြီးဆုံးသည့်နောက်ပိုင်း အပြင်းထန်ဆုံးနှင့် ရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်နှင့် ရင်ဆိုင်နေရခြင်းကြောင့် ဒရုန်း၏ “တိုက်ခိုက်ရေးနည်းလမ်းသစ်များ” ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန်နှင့် ရေရှည်စစ်ပွဲအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရကြောင်း၊ ယင်းနှင့်ပတ်သက်၍ မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

“ဂျပန်ဟာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံအားလုံးကို ကျူးကျော်ခဲ့တယ်ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်းသိထားတဲ့ ငြင်းမရတဲ့ အဖြစ်မှန်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။ အာရှနှင့် ကမ္ဘာ့ပြည်သူများအပေါ် ကြီးမားနက်ရှိုင်းသော ကပ်ဘေးများ ယူဆောင်ပေးခဲ့သော နိုင်ငံ၊ ကျူးကျော်မှုသမိုင်း ရာဇဝတ်မှုများကို ယနေ့တိုင် စစ်မှန်စွာ ပြန်လည်ဆင်ခြင်သုံးသပ်မှု မရှိသော နိုင်ငံက “ပြင်ပခြိမ်းခြောက်မှု” ဆိုသည်ကို အဆက်မပြတ် လှုံ့ဆော်ချဲ့ကားပြောဆိုနေခြင်းမှာ လုံးဝကိုပင် လုပ်ကြံဖန်တီးထားမှု၊ မရိုးသားသော အကြံအစည်ရှိမှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံက ပြည်တွင်းပဋိပက္ခများကို အာရုံလွှဲရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းကို နားလည်မှုလွဲစေရန်၊ “ထပ်မံစစ်ရေးအသွင်ပြောင်းရေး” ကို ကြိုးပမ်းရန် ကြံစည်မှုများသည် အတိုင်းသားထင်ရှားကြောင်း၊ ၎င်း၏ “လုံခြုံရေးစာရွက်စာတမ်းသုံးခု” ကို ပြင်ဆင်ခြင်း၊ ထိုးစစ်ဆင်ရေး စစ်ရေးအင်အားကို အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နျူကလီးယားလက်နက်ရရှိရန်ကိုပင် လူသိရှင်ကြား ထောက်ခံအားပေးသည့် အန္တရာယ်ရှိသော လှုပ်ရှားမှုများကို အလွန်သတိထားသင့်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ သမိုင်းမှ သင်ခန်းစာယူကာ အနာဂတ်ကို မျက်နှာမူဖို့ ထောက်ခံအားပေးပါတယ်။ သို့သော် သမိုင်း ကြေကွဲဖွယ်ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းကို ကာကွယ်ရန် သမိုင်းမှ ပို၍ သင်ယူရမှာဖြစ်တယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများအနေဖြင့် စည်းလုံးညီညွတ်သင့်ပြီး ဂျပန်၏ “စစ်ရေးဝါဒ ပုံစံသစ်” ကြီးထွားပျံ့နှံ့လာခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ပြည်သူများ ဘေးကင်းရေးနှင့် အကျိုးပြုရေးကို အခိုင်အမာ ကာကွယ်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………………
(Chinese Version)
国防部:日本渲染所谓“外部威胁”居心叵测
新华社北京3月26日电(记者王春涛)国防部新闻发言人蒋斌26日在国防部例行记者会上表示,日本不断渲染所谓“外部威胁”,完全是无中生有、居心叵测。
有记者问,据报道,日本首相称,中国和朝鲜军力增强、俄罗斯与中朝加强合作,日本面临战后最严峻复杂安保环境,有必要为大量运用无人机的“新作战方式”以及长期战做好应对准备。请问对此有何评论?
“我想大家都清楚一个铁的事实:日本侵略过所有周边国家。”蒋斌说,一个曾给亚洲和世界人民带来深重灾难的国家,一个至今都没有真正反省侵略历史罪责的国家,又在不断渲染所谓“外部威胁”,完全是无中生有、居心叵测。
蒋斌表示,日方转移国内矛盾、误导国际社会、谋求“再军事化”的企图昭然若揭,其推动修订“安保三文件”、大力发展进攻性军事力量、甚至公开鼓噪拥核的危险动向值得高度警惕。
“我们主张以史为鉴、面向未来,但更要以史为戒,防止历史悲剧重演。”蒋斌说,全世界爱好和平的人们应当团结起来,坚决阻击日本“新型军国主义”滋生蔓延,坚决维护地区和平稳定与人民安全福祉。(完)